အစိုးရသတင်းစာ ကျင့်ဝတ်နှင့်မညီဟု မြန်မာသတင်းသမဂ္ဂက ဝေဖန်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၈ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာစစ်အစိုးရထုတ် သတင်းစာများတွင် ပြည်ပအခြေစိုက် ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ အသံလွှင့် ဌာနများမှ ထုတ်လွှင့်သည့် သတင်းများကို မယုံကြည်ကြရန် ဖော်ပြထားသည်ကို ပြည်ပအခြေစိုက် မြန်မာသ တင်းသမဂ္ဂက ပြစ်တင်ရှုတ်ချလိုက်သည်။

“ကျနော့်အမြင်ပြောရရင် ဒီဟာက တော်တော်ကို သူတို့ မရှက်မကြောက် ရေးလိုက်တာပါ။ သူတို့ လေလှိုင်းတွေနဲ့ ပတ်သက်ပြီးတော့ သတင်းစာတစ်စောင်ကနေပြီးတော့ တခြား သတင်းဌာနကြီးတခု ကို အကယ်၍ သတင်းအပေါ်မှာ မကျေနပ်လို့ရှိရင် သူတို့ ထောက်ပြလို့ ရတယ်၊ ဝေဖန်လို့ ရတယ်၊ ရေးသားလို့ရတယ်။ အခုဟာကြီးက စာလုံးမည်းကြီးနဲ့ ရေးပြီးတော့ ဒီဟာက သတင်းစာကျင့်ဝတ် စည်းကမ်း အရဆိုလို့ရှိရင် မရေးသင့်၊ မလုပ်သင့်တဲ့ အပြုအမူကြီးပါ။ ဝေဖန်လို့ရပါတယ်၊ ထောက်ပြ လို့ရပါတယ်၊ ရှင်းပြလို့ရပါ တယ်၊ အခုဟာက သက်သက်မဲ့ မရှက်မကြောက် ခေါင်းစဉ်တပ်ပြီးတော့ ရေးလိုက်တဲ့ဟာပါ။” ဟု  အထွေထွေအတွင်းရေးမှူး ဦးစံမိုဝေက ပြောသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၏ နောက်ကြောဖုံးတွင် မိုးလုံးပြည့် မုသာဝါဒီ အာရ်အက်ဖ်အေ၊ ဗွီအိုအေ နှင့် ဘီဘီစီ၊ အာရ်အက်ဖ်အေ၊ ဗွီအိုအေ ဘီဘီစီ အဖျက်သမားများ သတိထား၊ အာရ်အက် အေ၊ ဗွီအိုအေနှင့် ဘီဘီစီ လေလှိုင်းပေါ်က လူသတ်သမားများ၊ ပြည်သူအားလုံး သတိထား။ နှင့် မိုးလုံး ပြည့် မုသာဝါဒီတွေ တိုင်းပြည်ပျက်အောင် လုပ်နေသည်၊ ဘီဘီစီ ညာနေသည်၊ ဗွီအိုအေ လိမ်နေသည်၊ အာရ် အက်ဖ်အေ ရန်တိုက်ပေးနေသည်၊ အဲဒီ ဝေသာလီ ပုဏ္ဏားများ။ မယုံလေနဲ့ သတိထား ဟု စာလုံးအမည်းကြီး များဖြင့်  ဖော်ပြထားသည်။

သတင်းအမှားအမှန်ကို ပရိသတ်က အဆုံးအဖြတ်ပေးသွားမည်ဟု ဦးစံမိုဝေက ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းတွင် နအဖက တယ်လီဖုန်းများ အကန့်အသတ်ထားခြင်း၊ ဖုန်းလိုင်းတချို့ ဖြုတ်ပစ် ခြင်း၊ အင်တာနက် ဆက်သွယ်ရေးတို့ကို ဖြတ်တောက်ခြင်းနှင့် မြို့တွင်း လမ်းသွားလမ်းလာများကိုလည်း ကင်မ ရာကိုင်ဆောင်ပါက ဖမ်းဆီး ပြဿနာ ရှာနေခြင်းတို့သည် ပြည်တွင်း သတင်းအမှန်များကို ပြည်ပသို့ မပေါက် ကြားစေရန်၊ သတင်းဌာနကြီးများ သတင်းအမှန်မရရှိနိုင်စေရန် သတင်းမှန်ကို စစ်အစိုးရက ကြိုးစားဖုံးဖိနေ ခြင်း ဖြစ်သည်ဟု မြန်မာသတင်းသမဂ္ဂက ထောက်ပြသည်။

မြန်မာစစ်အစိုးရမှ သတင်းများကို ဖုံးကွယ်ထားခြင်း၊ သတင်းမှားများကို ထုတ်လွှင့်နေခြင်း အပေါ် ပြည်သူများက ယုံကြည်လက်ခံကြခြင်း မရှိဟု ပြည်တွင်း ပြည်ပသတင်းများကို အဆက်မပြတ်ကြည့်ရှုနားထောင်နေသည့် ပြည် သူတဦးက ပြောသည်။

“ယနေ့ခေတ်ကြီးတွေက တိုးတက်နေတဲ့ နိုင်ငံကြီး။ ကျနော်တို့ ငါးမိနစ် အခု ချက်ချင်း လက်ငင်း ဖြစ်ပျက်နေတဲ့ ဥစ္စာကို အင်တာနက်တို့၊ ဟိုဒင်းတို့က အကုန်လုံး တွေ့နေ မြင်နေရတယ်။ တကမ္ဘာ လုံးကလည်း တွေ့ရတယ်။ ယနေ့ ကျနော်တို့ ကိုးကွယ်နေတဲ့ ဦးခေါင်းပေါ် မှာ ဦးထိပ်တင်ထားတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ရဟန်းတွေကိုတောင်မှ သူတို့ သတ်ရက်သေး တာပဲ။ အဲဒါကို သူတို့က မသတ် ဘူး။ ဒီရဟန်းတွေက ရဟန်းတုတွေပါ ဆိုတာ လုံးဝလည်း မဖြစ်နိုင်ဘူး။ ဒီလောက် သံဃာတွေ သောင်း ချီပြီးထွက်လာတယ်။ နောက် ဘုန်းကြီးကျောင်းတွေ သူတို့ ၀င်ဖျက်တယ်။ ဘုန်းကြီးတွေကို ရိုက်တယ် နှက်တယ်။ အဲဒါတွေက လိမ်ညာလို့ မရတဲ့ ပြယုဒ်တွေပဲ။ မြန်မာ့အသံတို့၊ အမ်အာရ် တီဗွီတို့၊ မြ၀တီတို့က ဘယ်လိုပဲ ပြောပြော ကျနော်တို့တွေက ဦးနှောက်မဲ့နေတဲ့ လူတန်းစားတွေ မဟုတ်ဘူး။ မြန်မာပြည်တွင်းမှာ ကျန်နေတဲ့ လူတွေကလည်း ဦးနှောက်မဲ့နေတဲ့ လူတန်းစားတွေ မဟုတ်ပါဘူးလို့ ကျနော် ဆိုလိုချင်တယ်။”

ယမန်နေ့ထုတ် မြန်မာအလင်းသတင်းစာတွင် မန္တလေးမှ သံဃာတော်များသည် ပခုက္ကူသို့ လှေ၊ မော်တော် များဖြင့် စုန်ဆင်းလာကြောင်း၊ ရန်ကုန်တိုင်း ခရမ်းမြို့နယ်တွင် သံဃာတော် များ ဆန္ဒပြကြကြောင်းနှင့် ပဲခူးမြို့ မှ ကြခတ်ဝိုင်းကျောင်းတိုက်ရှိ သံဃာတော်များ ထောင်နှင့် ချီ၍ ဆန္ဒပြသည်ဆိုသည့် သတင်းများသည် မှန်ကန်မှု မရှိဘဲ ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကြောင်း ထောက်ပြထားသည်။

မြန်မာပြည်ရှိ စာနယ်ဇင်းများသည် စာပေစိစစ်ရေးဌာနကို ဖြတ်သန်းပြီးမှသာ ထုတ်ဝေခွင့် ရရှိနေကာ သတင်းစာ လွတ်လပ်ခွင့်ကို အစိုးရက တင်းကျပ်စွာချုပ်ကိုင်ထား၍  ပြင်သစ် အခြေစိုက် နယ်စည်းမခြား သတင်းထောက် များ အသင်းက မြန်မာပြည်သည် စာနယ်ဇင်း လွတ်လပ်ခွင့် အနည်းဆုံးနိုင်ငံများ စာရင်းတွင်ပါဝင်ကြောင်း ထုတ် ပြန်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။