|
ကုရ်ဘာနီအိဒ်ပွဲတော် မဲဆောက်တွင် ကျင်းပ အလှူခံသူ တသောင်းခန့် လာကြ
သီတာထွန်း။
ဒီဇင်ဘာလ ၉ရက်၊ ၂၀၀၈ ခုနှစ်။
ယမန်နေ့က ကျရောက်သည့်
အစ္စလာမ်ဘာသာဝင်များ၏ ကုရ်ဘာနီအိဒ်ပွဲတော်ကို ထိုင်းနယ်စပ် မဲဆောက်မြို့ တွင်
ကျင်းပရာ အလှူခံသူ တသောင်းခန့် လာရောက် ခဲ့ကြသည်။
မဲဆောက်မြို့မှ
အလှူရှင်များက အမဲသားများ ပေးဝေလှူဒါန်းကြသဖြင့် မြန်မာဖက်ခြမ်း
မြ၀တီမြို့နှင့် ဒေသ တွင်းမှ လာရောက်အလှူခံသူများမှာ လူဦးရေ
တသောင်းနီးပါးရှိပြီး ယခင်နှစ်ကထက် ပိုများသည်ဟု အလှူရှင် တဦးဖြစ်သူ
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင် အစည်းအရုံး ဥက္ကဌ ဦီးတင်မောင်သက်က ပြောသည်။
“လာတာ များတယ်၊
ကျနော်ထင်တယ်၊ အနည်းဆုံးဆို သောင်းနဲ့ရှိတယ်၊ ဒီနှစ်ပိုများ မယ်ထင်တယ်။ ”
ယမန်နှစ်က
မြန်မာဖက်ခြမ်း မြ၀တီမြို့မှ အလှူခံသူ(၂၀၀၀)ကျော်ခန့်သာ လာရောက် ခဲ့ကြသည်။
မြ၀တီမြို့မှ
လာရောက်သူ ကိုလှမောင်က “ အားလုံးအေးအေးဆေးဆေးပါပဲ၊ ပြည့်ပြည့်စုံစုံ လည်း
ရသင့် သလောက် ရကြပါတယ်၊ စားဝတ်နေရေး လတ်တလောတော့ အဆင်ပြေသွား တာပေါ့၊ မိသားစုဘဝ
လည်း စားစားသောက်သောက် အဆင်ပြေသွားတာပေါ့။” ဟု ပြောသည်။
မြန်မာဖက်ခြမ်းတွင်
အမဲသားတပိသာလျှင် ကျပ်လေးထောင်ခန့်ရှိသဖြင့် အလှူခံရရှိ လာသော ပိုလျှံသည့်
အသားများကို အသားဝယ်မစားနိုင်သည့် နီးစပ်ရာမိတ်ဆွေများကို ပြန်လည်ဝေငှသွားမည်ဟု
ကိုလှမောင်က ဆက်ပြောသည်။
မရှိဆင်းရဲသားများကို
နှစ်စဉ် လှူဒါန်းရသည့်အတွက် ၀မ်းသာပီတိ ဖြစ်သည်ဟု ဦးတင်မောင်သက်က ပြော သည်။
“ကျနော်တို့ရဲ့
တရားတော်ကလည်း အဓိကကတော့ မရှိဆင်းရဲသားကို မစားရမသောက်ရ တဲ့လူကို
ပိုပြီးဦးစားပေးတဲ့ အနေအထားမှာရှိတယ်။ အဓိကကတော့ ဒီလှူဒါန်းမှုက မရှိ
ဆင်းရဲသားကို ဦးစားပေးပြီးတော့ ကျနော်တို့လှူတာပဲလေ၊ သူတို့လာတယ်၊ မစားရတဲ့
လူလည်း စားရတယ်ဆိုတော့ ကျနော်တို့ သိပ်ဝမ်းသာတယ်။”
အလှူပွဲတော်တွင်
အစ္စလာမ် ဘာသာဝင်များအပြင် အခြား မရှိဆင်းရဲသား လာရောက်သူ အားလုံးကို နှစ်စဉ်
ပေး ကမ်းလှူဒါန်း လျှက်ရှိသည်။
ကုရ်ဘာနီအိဒ်ပွဲတော်ကို ယခုလ (၈)ရက်နေ့မှ စတင်ကာ သုံးရက်တိတိမဲ ဆောက်မြို့တွင်
ကျင်းပသွားမည် ဖြစ်သည်။
အစၥလာမ္ဘာသာ၀င္မ်ား၏
ကုရ်ဘာနီအိဒ်ပွဲတော်သည် ထိုင်းနိုင်ငံတွင် ယမန်နေ့က ကျရောက်ပြီး မြန်မာနိုင်ငံ
တွင် ယနေ့ကျရောက်သည်။
|