|
မူးယစ်ဆေးဝါးထုတ်လုပ်သည့် ကုန်ကြမ်းများ
အိမ်နီးချင်းနိုင်ငံများမှဝင်လာ
သတင်းနှင့်မီဒီယာကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၉ ရက်၊ ၂၀၀၉ ခုနှစ်။
ရှမ်းပြည်အရှေ့ပိုင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး များအား စစ်အစိုးရက
မီးရှို့ဖျက်ဆီးသည့် အခမ်းအနားကို ယမန်နေ့က ကျိုင်းတုန်မြို့၌ပြုလုပ်ခဲ့သည်ဟု
စစ်အစိုးရသတင်းစာ ၌ ယနေ့နေ့စွဲဖြင့် ဖော်ပြပါရှိသည်။
မူးယစ်ဆေးဝါးထုတ်လုပ်ရာ၌
အဓိကကျသည့် precursor
ကုန်ကြမ်းပစ္စည်းနှင့်
ဆူဒိုအက်ဖီဒရင်း
အိမ်သုံးဆေးဝါး
များသည်
အိမ်နီးချင်းနိုင်ငံများမှတဆင့် မြန်မာပြည်သို့ တရားမ၀င်လမ်းကြောင်းမှ
နယ်စပ်ဖြတ်ကျော်၍ ၀င်
ရောက်လာသည်ဟု
မြန်မာနိုင်ငံရဲချုပ်
ဗိုလ်မှူးချုပ်ခင်ရီ၏ အခမ်းအနားမိန့်ခွန်း၌ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ဝင်ရောက်လာမှုအားတားဆီးနိုင်ရန်အိမ်နီးချင်းနိုင်ငံများအနေနှင့်
ပူးပေါင်းဆောင်ရွက်ရန်အရေးကြီးသည်
ဟု
ဗိုလ်မှူးချုပ်ခင်ရီကပြောကြောင်း သတင်းစာ၌ ဖော်ပြ ပါရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
ထိုဆေးဝါးများသည် အိမ်နီးချင်းနိုင်ငံများ၌ ရိုးရိုးဆေးဝါးအဖြစ်
အသုံးပြုနိုင်ရန် အခြား
တိုင်းပြည်များမှ
တရားဝင်တင်သွင်းလာသော်လည်း နယ်စပ်မှ တဆင့် မြန်မာပြည်တွင်းသို့ပို့ဆောင်ရာ၌
စစ်အစိုး
ရအနေနှင့်
ပါဝင်ပတ်သက်မှု
ရှိနေသည်ဟု
ရှမ်းသံတော်ဆင့်သတင်းအယ်ဒီတာ ဦးခွန်ဆိုင်းကယခုလိုပြောသည်။
“ဒါပေမယ့်
နယ်စပ်ကနေ သူတို့အတွင်းကို ဆက်ဝင်မယ်ဆိုလို့ရှိရင်တော့ ဒီဥစ္စာဟာ ဒေသခံအာဏာ
ပိုင်တွေနဲ့
ပတ်သက်ပြီးမှ ၀င်လာတာပေါ့ဗျာ။ သူတို့မပါဘဲနဲ့ ပို့လို့ ဘယ်ရတော့မလဲ”
အဆိုပါအခမ်အနားသို့
ပြည်ထောင်စု မြန်မာနိုင်ငံတော်ဆိုင်ရာ သံတမန်အဖွဲ့နာယကနှင့် သံအမတ်ကြီးများ၊
သံရုံး
တာဝန်ရှိပုဂ္ဂိုလ်များ၊
ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်း များ၏ ဌာနေကိုယ်စားလှယ်များ၊ ရန်ကုန်အခြေစိုက်
နိုင်ငံခြားမူးယစ်ဆေးဝါးတိုက်ဖျက်ရေး
အရာရှိများတက်ရောက်ခဲ့သည်ဟု သတင်းစာ၌ဖော်ပြသည်။
စစ်အစိုးရအနေနှင့် ယခုလို နိုင်ငံတကာသံတမန်များရှေ့မှောက်၌
အရေးတယူဆောင်ရွက်လာမှုအပေါ်
ဦးခွန်ဆိုင်း က
ယခုလိုသုံးသပ်ပြောဆိုသည်။
“နအဖအနေနဲ့
ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ရှိရင် ဘယ်နည်းနဲ့ မဆို သူက ကမ္ဘာ့အလိုကို သူမလိုက်
နိုင်ဘူးပေါ့ဗျာ။
အဲဒီတော့ ကမ္ဘာက သူ့ကို အကြပ်ကိုင်တဲ့အခါကျတော့ သူက ခင်ဗျားတို့ရဲ့ ဒီမိုကရေ
စီအရေးအရ
မလိုက်နိုင်သော်လည်းပဲ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လိုက်နိုင်ပါတယ်
။ဒီတော့
ခင်ဗျားတို့ရဲ့ ကျနော်တို့အပေါ်ထိန်းချုပ်နေတဲ့ဟာ၊
အကြပ်ကိုင်နေတဲ့ဟာတွေအကုန်လုံးလျော့
ပေးပါဆိုတဲ့
အဓိပ္ပါယ်နဲ့ သူတို့လုပ်တာပဲဖြစ်တယ်။”
မြန်မာစစ်အစိုးရက
မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ၁၅ နှစ် စီမံကိန်းကို ၁၉၉၉ ခုနှစ်က
ချမှတ်ထားခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာပြည်တခွင် မူးယစ်ဆေးဝါး ကင်းစင်ရမည်
ဟုဖော်ပြပါရှိမှုအပေါ် ၎င်းက
“၂၀၁၄
မှာလုံးဝ ရှိခွင့်မပေးတော့ ဘူးဆိုတာလည်း သူတို့အပေါ်မှာပဲ မူတည်တာပဲဗျ။
ကျနော်တို့ နိုင်ငံမှာ အာဏာအ
ပိုင်ဆုံးက သူတို့ပဲ
ရှိတာကိုး။”
ဟု သုံးသပ်ပြောဆိုသည်။
စစ်အစိုးရအနေနှင့်
ယခုလိုမူးယစ်ဆေးဝါးဖျက်ဆီးမှုအခမ်းအနားများအား နိုင်ငံနှင့်အ၀ှမ်း
အခါအားလျော်စွာကျင်း
ပလာခဲ့ရာ
ယခုအကြိမ်သည် ရှမ်းပြည်နယ်ကျိုင်းတုန်မြို့၌ ငါးကြိမ်
မြောက်ပြုလုပ်ခြင်းဖြစ်ပြီး မြန်မာကျပ်ငွေ ၉၃ ဘီလီယံကျော်တန်ဖိုးရှိ၍
အမေရိကန်ဒေါ်လာ ၉၃
သန်းကျော်
တန်ဖိုးရှိသည်ဟု သတင်း၌ ဖော်ပြသည်။
ရှမ်းပြည်နယ်တ၀ှမ်းလုံး
ဘိန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယမန်နှစ်ကထက် ယခုနှစ်တွင် ပိုမိုအစိုက်များပြီး
ရှမ်းပြည်
တောင်ပိုင်းထက်
အရှေ့ဖက်ခြမ်းတွင် ပိုမိုထွက်ရှိသည်ဟု သတင်းရရှိသည်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှစ်စဉ်ထုတ်ပြန်နေသည့် နိုင်ငံတကာ မူးယစ် ဆေးဝါး
ထိန်းချုပ်ရေး မဟာ
ဗျူဟာဆိုင်ရာ အစီရင်ခံစာ၌ မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်သည့် နိုင်ငံပေါင်း ၂၀
ထဲတွင် မြန်မာပါဝင်နေပြီး ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံးအဆင့်၌ရှိသည်ဟု
၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် အစီရင်ခံစာ၌ ဖော်ပြပါရှိသည်။
|