|
မုန်တိုင်းတွင် ကွယ်လွန်သူများအားရည်စူး၍
ဘာသာစုံ စုပေါင်း ၀တ်ပြုဆုတောင်း
သီတာထွန်း။
မေလ ၁၀ ရက်၊
၂၀၀၈ ခုနှစ်။
နာဂစ်မုန်တိုင်းကြောင့်
မြန်မာနိုင်ငံတွင် ကွယ်လွန်သွားသူများအား ရည်စူး၍
ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ
တရပ်ကို
ထိုင်း-မြန်မာနယ်စပ်မြို့
မဲဆောက်ရှိ မယ်တော် ဆေးခန်းတွင် ယနေ့ကျင်းပသည်။
မဲဆောက်ရှိ မယ်တော်ဆေးခန်းမိသားစုက ဦးဆောင်၍
သာသနာ့ဥသျှောင်အဖွဲ့မှ
ဆရာတော် ၅ ပါးအပါအ၀င် မဲဆောက်ခြေစိုက် ခရစ်ယာန် ဓမ္မ
ဆရာနှစ်ဦးနှင့် အစ္စလာမ်
ဘာသာရေး ဆရာနှစ်ဦးတို့က
ဝတ်ပြုဆုတောင်းပွဲ
ကို
ဦးစီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၎င်းဝတ်ပြုဆုတောင်းပွဲတွင် မုန်တိုင်းကြောင့်ကွယ်လွန်ခဲ့ကြသော
မြန်မာပြည်သားများ အတွက်
ရည်စူး၍
ဘာ
သာ
အသီးသီးမှ
ဘာသာရေးခေါင်းဆောင်များက မိမိတို့ဘာသာ
အလိုက်
ဆုတောင်းပေးကြသည်။
“မေလ
၃ ရက်နေ့တွင်မြန်မာနိုင်ငံ၌
ကျရောက်ခဲ့သော မုန်တိုင်းဒဏ်ကြောင့်
သေဆုံးသွား ခဲ့လေပြီး
သော
ရဟန်းရှင်လူ၊
ပုဂ္ဂိုလ်အပေါင်းတို့သည်
ကောင်းမြတ်သော ဘုံဘ၀၊
ဘုံဌါနသို့
ရောက်ရှိနိုင်ပြီး ၍
မြန်မာနိုင်ငံတွင်မုန်တိုင်းဒဏ်ကြောင့်
ဆင်းရဲဒုက္ခအပေါင်းကို
ခံစားနေရသော ပြည်သူ အပေါင်းတို့
သည်
လျှင်မြန်စွာအေးချမ်း၍
ငြိမ်းချမ်းစွာဖြင့် ရှိကြပြီးလျှင်၊
လာမည့် နောက်ထပ်ကျ ရောက်လာမည့် ဘေးအန္တရာယ်အပေါင်းတို့သည်
လည်း
ကင်းဝေးနိုင်ကြကုန်၍
တပည့်တော်တို့သည်
နိဗ္ဗာန်ကိုမျက်
မှောက်ပြုရပါလို၏ အရှင်ဘုရား”
ဟု သာသနာ့
ဥသျှောင်အဖွဲ့
(ထိုင်းနိုင်ငံ) ဒု-ဥက္ကဌ
ဆရာတော် ဦးပညာ
သာမိက
ရှေ့မှတိုင်ပြီး
ပရိဿတ်များက
ရွတ်ဆို ဆုတောင်းခဲ့ကြသည်။
ဝတ်ပြုဆုတောင်းပွဲတွင်
နာဂစ်မုန်တိုင်းကြောင့်
သေဆုံးဒုက္ခရောက်သူများအကြောင်း
ရိုက်ကူးထားသော ဗီဒီယို
ဆလိုက်ရှိုးပြသခဲ့ပြီး အလုပ်သမားအပါအ၀င် လူပေါင်း ၅၀၀ ခန့် တက်ရောက်ကြသည်။
မြန်မာနိုင်ငံတွင် မေလ ၂ ရက်နေ့မှစတင်တိုက်ခတ်ခဲ့သည့်
နာဂစ် အမည်ရှိ ဆိုင်ကလုံး မုန်တိုင်းကြောင့်
လူ
ပေါင်း ၂၂၉၉၇
သေဆုံးပြီး ၄၂၁၁၉ ပျောက်ဆုံးနေကြောင်းနှင့်
၁၄၀၃ ဦးထိခိုက်ဒဏ်ရာရကြောင်း
မြန်မာအစိုးရ
က
စာရင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ အမေရိကန်သံအကြီးအကဲ
ရှရီဗီလာရိုစာ က မုန်တိုင်းကြောင့်
သေဆုံးသူ တသိန်းကျော်နိုင်သည် ဟုပြောသည်။
|