|
ဘုရားသုံးဆူတွင် ဗုံးပေါက်ကွဲမှုဖြစ်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မေလ ၁၀ ရက်၊
၂၀၁၀ ခုနှစ်။
မွန်ပြည်နယ်
ဘုရားသုံးဆူမြို့အ၀င် စစ်အစိုးရ၏ စစ်ဆေးရေးဂိတ်တစ်ခုတွင် ယမန်နေ့ည က
ဗုံးပေါက်ကွဲမှု ဖြစ်
ပွားခဲ့သည်။
မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဂျပန်ရေတွင်းဖက်မှ ဘုရားသုံးဆူမြို့ အ၀င်
စစ်ဆေးရေး ဂိတ်၌ ယမန်နေ့ည ၉ နာ
ရီ
အချိန်ခန့်က ဆိုင်ကယ်စီးလာသူ နှစ်ဦးထံ ဗုံးပေါက်ခွဲခဲ့သည်ဟု မွန်ပြည်သစ်ပါတီ
အမည်မဖော်လိုသူ အရာရှိ
တစ်ဦးက ယခုလို ပြောသည်။
“အဲဒီမှာ
ဗုံးက ဆိုင်ကယ်စီးတဲ့လူနှစ်ယောက်ကြားမှာ ဗုံးက ပေါင်ပေါ်မှာတင်လာတယ်။ ပါဆယ်ထုတ်
ပုံစံမျိုးနဲ့ ယူလာတယ်။ ချက်ပွိုင့်ကလည်း တားတဲ့အချိန်၊ ဗုံးကလည်း ကွဲတာ။
ဗုံးကွဲတော့ အဲဒီနှစ်
ယောက် ဒဏ်ရာရသွားတယ်။ တစ်ယောက်က လက်ပြတ်သွားတယ် လို့ပြောတယ်။ နောက်တစ်
ယောက်က တင်ပါးတို့ ဘာတို့မှာ ဒဏ်ရာရတယ်လို့ပြောတယ်။ အသက်တော့ မသေဘူး။”
ပေါက်ကွဲမှုဖြစ်ပွားစဉ် ဗုံးသယ်ဆောင်လာသူ ဦးမောင်ဖြူ အသက်(၅၀)ခန့်နှင့်
ကိုအောင် အသက်(၃၅)နှစ်ခန့် တို့
သာဒဏ်ရာရခဲ့ပြီး အခြားထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
၎င်းတို့နှစ်ဦးအား ဘုရားသုံးဆူမြို့ရှိ ဒေသခံတပ်ရင်း ခမရ ၃၈၄ သို့ဖမ်းဆီးခေါ်ဆောင်
သွားပြီး စစ်ဆေးမှု
များပြုလုပ်နေသည်ဟု သိရသည်။
ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍
ကရင်အပစ်ခတ်ရပ်စဲရေးအဖွဲ့တစ်ခုမှ ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက
ပြောဆိုနေကြသော်လည်း အတည်မပြုနိုင်သေးကြောင်း ၎င်းကဆက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍
ပေါက်ကွဲမှုဖြစ်ပွားကြောင်းကြားသိရပြီး ကရင်ငြိမ်းချမ်းရေးအဖွဲ့မှ
ဖောက်ခွဲခဲ့ခြင်းဖြစ်
သည်ဟု ဒေသခံ တစ်ဦးက
ယခုလိုပြောသည်။
“ဘုရားသုံးဆူမှာလေ
မနေ့ညက ဗုံးပေါက်တယ်။ ဟို ဗိုလ်လေးဝါး အဖွဲ့လို့ ပြောတယ်။ ငြိမ်းချမ်းရေး
ယူထားတဲ့ ကရင်အဖွဲ့လေ။ သူတို့ စစ်သားကလာပစ်တာ နှစ်ယောက်တဲ့။ သေလား ရှင်လားမသိ
ဘူးလေ။”
အလားတူ ယခုလ
၈ ရက်နေ့ကလည်း မွန်ပြည်နယ် သံဖြူဇရပ်မြို့ရဲစခန်းအနီးတွင်
ဗုံးဖောက်ကွဲမှုဖြစ်ပွားခဲ့ပြီး မည်သူ့လက်ချက်ဖြစ်သည်ကို
ဖော်ထုတ်ဖမ်းဆီးရမိခြင်း မရှိသေးပေ။
ထို့အပြင် ယခုလ ၈ ရက်နေ့က
ကရင်ပြည်နယ် မြ၀တီမြို့ရှိ DKBA
အရာရှိတစ်ဦး
နေအိမ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး မည်သူ့လက်ချက်ဖြစ်သည်ကို မဖော်ထုတ်နိုင်သေးပါ။
သင်္ကြန်ကာလအတွင်းက ရန်ကုန်ဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ စွမ်းအားမြှင့်မြန်မာ
စစ်သည် တော်များအဖွဲ့မှ ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး တရားခံတစ်ဦးအား
ဖမ်းမိထားသည်ဟု မြန်မာနိုင်ငံ ရဲချုပ် ခင်ရီက ယခုလအတွင်း နေပြည်
တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
|