|
စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်၍ ဆက်လက် တော်လှန်မည်
ခွန်အောင်မြတ်။
ဇွန်လ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရက
ကျင်းပခဲ့သည့် ဆန္ဒခံယူပွဲသည် အတုအယောင်သာဖြစ်၍ အာဏာရှင် စနစ် ချုပ်ငြိမ်းရန်
ဆက်လက်၍ လက်နက်ကိုင်တော်လှန်သွားမည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့
(ပီအဲန်အယ်လ်အေ)က
တတိယအကြိမ် လက်နက်ကိုင် တော်လှန်ရေး ပြန်လည်စတင်ခြင်းတနှစ်ပြည့်သောနေ့တွင်
ကြေညာချက် ထုတ်ပြန်သည်။
"ကျနော်တို့
ပအိုဝ်း လူမျိုးမြင်တဲ့အတိုင်းအတာကတော့ အတုအယောင်လုပ်တဲ့ ဆန္ဒခံယူပွဲ ဖြစ်တယ်
လို့
ကျနော်တို့ သုံးသပ်လို့ရတယ်။ ကျနော်တို့ ပီအဲန်အယ်လ်အို လှုပ်ရှားနေတဲ့
မောက်မယ်၊ မိုးနဲ၊ ဟိုပုံး၊ ဆီဆိုင်၊ တောင်ကြီး မြို့နယ်မှာ ရှိနေတဲ့ ဒေသမှာ
ရှိနေတဲ့ ကျေးရွာတွေကို ကျနော်တို့ ပြန်
ပြီးသုံးသပ်နေတယ်၊ အဲဒီက ပေးပို့တဲ့ သတင်းအချက် အလက်အရဆိုရင်တော့ ကျနော်တို့
ပအိုဝ်း
အတွက် လာမယ့်
အနာဂတ်မှာ အကျိုးရလဒ် တခုမှ ရလာမှာ မဟုတ်ဘူးလို့ ကျနော်တို့မြင်တယ်။
အဲဒါကြောင့်မို့လို့ ကျနော်တို့ ရှေ့ဆက်ပြီးတော့
လက်နက်ကိုင်တိုက်ပွဲဝင်သွားမယ်ဆိုတာ ထုတ်ပြန်
ရခြင်းဖြစ်ပါတယ်
ခင်ဗျား။"
ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့
(ပီအဲန်အယ်လ်အေ)၏
တွဲဖက် အတွင်းရေးမှူး(၂) ခွန်စိန်ထွန်းက ပြောသည်။
ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အေ)သည်
၁၉၉၄ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့်
အပစ်
အခတ်ရပ်စဲခဲ့သည့် ရလလဖခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့မှ
ခွဲထွက်၍ ယမန်နှစ်က ပြန်လည်
တောခိုကာ
မြန်မာစစ်အစိုးရကို ပြန်လည်တော်လှန်နေသည့်အဖွဲ့ ဖြစ်သည်။
ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးအဖွဲ့ (ပီအဲန်အယ်လ်အေ)က
လာမည့် ၂၀၁၀ ခုနှစ် တွင် စစ်အစိုးရကျင်းပ
မည့် ရွေးကောက်ပွဲကိုလည်း လက်မခံကြောင်း ယနေ့ထုတ်ပြန် သည့် ကြေညာချက်တွင်
ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားတော်လှန်ရေးကို
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ၁၉၄၉ ခုနှစ်တွင် သထုံဦးလှဖေ၊ ဗိုလ်ချုပ်ချန်စုံ၊
ဗိုလ်စပါယ်ရှယ်(ခေါ်) ဖြားပတ္တမြားတို့က ဦးစီးပြီး
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ကို တည်ထောင်ကာ ဖဆပလ အစိုးရကို
တော်လှန်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ဖဆပလနှင့် လက်နက်နှင့် ဒီမိုကရေစီ လဲလှယ်ခဲ့
သည်။ ၁၉၆၆ ခုနှစ်တွင် ဗိုလ်စံသိန်း၊ ဗိုလ်တာကလယ်တို့ ဦးစီးပြီး
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ကို ဒုတိယအကြိမ် တော်လှန်ရေးကို
ပြန်လည်စတင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ဗိုလ်မှူးချုပ် ခွန်တိဆောင် ဦးစီးကာ
တတိယအကြိမ် တော်လှန်ရေးအဖြစ် မြန်မာစစ်အစိုးရကို ဆက်လက် တော်လှန်နေသည်။
၂၀၀၈ ခုနှစ်တွင်
ပအိုဝ်းအမျိုးသားတို့၏ အခွင့်အရေးများကို တိုက်ပွဲဝင်တောင်းဆိုရာတွင်
ပိုမိုထိရောက်ရန် နှင့် တစည်းတလုံးတည်းဖြစ်ရန်အတွက် ထိုင်းမြန်မာနယ်စပ်တွင်
အခြေစိုက်သော ပအိုဝ်းအမျိုးသားအဖွဲ့အစည်းများ
နှင့်ပူးပေါင်းကာ ပီအဲန်အယ်လ်အို ဗဟိုကော်မတီကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
|