|
ဝ တပ်ဖွဲ့
စခန်းများအနီး မြန်မာတပ်များ အင်အားတိုးချဲ့
အောင်မိုးမြင့်။
သြဂုတ်လ
၁၀ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရမှ ၀ တပ်ဖွဲ့များနှင့်
ဝ ရွာသားများအား ဇူလိုင်လကုန် နောက်ဆုံးထား၍
မြောက်ပိုင်းသို့
ပြောင်း
ရွေ့ရန်
ညွန်ကြားခဲ့ပြီးနောက်
ရှမ်းပြည်တောင်ပိုင်း ၀ တပ်ဖွဲ့
အခြေစိုက်ရာ
ဒေသအတွင်းကို မြန်မာစစ်တပ်ဖွဲ့များ
တိုးချဲ့ချထားလာသည်ဟု
နယ်စပ် သတင်းများအရ သိရသည်။
နအဖစစ်အစိုးရရဲ့ ညွှန်ကြားချက်ကို
UWSA (၀နီ) တပ်ဖွဲ့က
လက်မခံတာကြောင့်
နှစ်ဖက် တင်းမာမှုများရှိခဲ့ပြီး
နောက်ပိုင်း နအဖ စစ်တပ်အင်အားများ တိုးချဲ့ချထားလာကြောင်း
SSA တောင်ပိုင်း၏
ပြောရေးဆိုခွင့်ရှိသူ
စိုင်းလောင်ဝ်ဆိုင်းက ယခုလိုအတည်ပြုသည်။
“ဒီစစ်တပ်က
ဘယ်တပ်ရင်းက စစ်ကြောင်းလည်း
မသိပါဘူး။
လွန်ခဲ့တဲ့ ခုနှစ်ရက် ဒီလ ခုနှစ်ရက်နေ့
မှာ အဲ့ဒီ
သံလွင်ချောင်းကို ကျော်ပြီးတော့
ရောက်ရှိလာတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
အခုဆိုရင် ဒီ
ဟိုမိန်းဒေသ အဲ့ဒီ
မဲ့ယုတ်ယက်ခ်၊
နမ့်လိင်းမ် တို့
ဒေသမှာ တောပုန်းပြီးတော့
လှူပ်ရှားနေတဲ့ အဖွဲ့
တစ်ဖွဲ့ဖြစ်တယ်လို့
ကျနော်တို့
သတင်းရရှိထားပါတယ်။
နောက်ပြီးတော့
ဟိုဖက် သံလွင်ချောင်းရဲ့
ဟို
ဖက်ပိုင်းမှာလည်း စစ်ကြောင်းတစ်
ကြောင်း
ထားရှိနေတယ် လှူပ်ရှားနေတယ်လို့
ကျနော်တို့
သတင်းရရှိထားပါတယ်။”
ကျိုင်းတုံဖက်မှ တပ်ရင်း သုံးရင်း ထွက်လာပြီး
ထိုင်း-မြန်မာနယ်စပ် ခွန်ဆာ၏
ဌာနချုပ်ဟောင်း
ဟိုမိန်းမြို့အထွက်
ဖက် တောထဲတွင်
တပ်ဖျောက်ထားသည်ဟု နယ်စပ် အခြေစိုက် ၀ အမျိုးသားတပ်မတော်
WNA မှ စစ်ဦးစီးချူပ်
တမိန်းက အတည်ပြု ပြောသည်။
အင်အား တစ်ရာကျော်တဖွဲ့
သည် ဟိုမိန်း၏တစ်ဖက်
မဲ့ယုတ်ယက်ခ် အနီး
တွင် တပ်ဖျောက်ထားပြီး၊
ကျန်အင်အား ငါးဆယ်ခန့်သည်
သံလွင်မြစ်၏
အနောက်ဖက်ခြမ်း
တွင် ရှိနေကြောင်း
WNA စစ်ဦးစီးချူပ်က
ပြောသည်။
ယခုလို စစ်ကြောင်းများ
တိုးချဲ့ချထားခြင်းသည်
နအဖ စစ်တပ်များမှ UWSA
ဝ တပ်ဖွဲ့များအား
တိုက်ခိုက်ရန် စစ်ရေးအရ ပြင်ဆင်နေခြင်းဖြစ်သည်ဟု အက်စ်အက်စ်အေ-တောင်ပိုင်းအဖွဲ့
ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဝ်
ဆိုင်း
မှ ပြောသည်။
“အတည်ပြုလို့ရတဲ့
သတင်းရပ်ကွက်တွေကတော့ အဲလိုပြောကြပါတယ်။
သူတို့ကြားမှာ
တင်းမာမှု တစ်စုံ တစ်ရာ ရှိလာပြီဆိုတော့
အဲ့ဒီ စစ်ရေးအရ တစ်ခုခုတော့ ပြင်နေ ဆင်နေကြပြီလို့တော့
ယုံ
ကြည်လို့ရပါတယ်။”
ဟိုမိန်း
ဒေသကို ရောက်ရှိလာသော နအဖ တပ်ရင်း စစ်ကြောင်းများအပြင်
ထိုင်းနယ်စပ် တာချီလိတ်မြို့
အနီး
ဝန်းကျင်
ဒေသများဖြစ်သော မိုင်းတုံ၊
မိုင်းဆက်မှ မိုင်းဖြတ် ၊မိုင်းထာ၊
မိန်းပေါ့တ်
ဒေသများတွင်လည်း အင်အား
သစ်များ ၃၀၀ ခန့်
ဖြည့်ထားကြောင်း
စိုင်းလောင်ဝ်ဆိုင်းက ဆက်လက်ပြောသည်။
ဟိုမိန်းဒေသအနီးမှာရှိပြီး
နအဖ စစ်အစိုးရကို တိုက်ခိုက်နေသော အဖွဲ့အစည်း
ဖြစ်သည့် ၀ အမျိုးသားတပ်မ တော် WNA
မှ စစ်ဦးစီးချူပ် တမိန်း ကတော့ UWSA
(၀နီ) တပ်ဖွဲ့များဖက်မှလည်း
စစ်ပြင်ဆင်မှုများ
ပြုလုပ်
ထားသည်ဟု ပြောသည်။
“မသိသေးပါဘူးခင်ဗျား။
အခု ၀ လေ၊
အပေါ်မှာရှိတဲ့ ၀ တွေလည်း ပြင်ဆင်နေတယ် အခု အလံအနီ
တွေ
လိုက်ထောင်ထားလိုက်ကုန်ပြီး
။တပ်စခန်း
ရှိတဲ့ ၀ တပ်ကုန်းတွေ အကုန် လုံးကို ၀တွေနော့် ဒီ ဟို့မှာရှိတဲ့
UW တွေနော်
၊
သူတို့
လိုက်စိုက်ထားကုန်ကြပြီး။
နောက်ပြီးတော့
အခု ဗမာတွေနဲ့
သူတို့နဲ့
က မနီးမဝေးမှာဘဲ ရှိနေကြပါတယ်။
အခု ဘယ်သူကို တကယ်တိုက်မယ်ဆိုတာ မသိသေးပါ
ဘူး။
ကြည့်ရတာကတော့
တိုက်ဘို့တော့
ပြင်နေပြီး
ဒါပေမဲ့ ဘယ်ကို တိုက်ဖို့ပြင်နေတယ်ဆိုတာ
မသိသေးဘူး။
တိုက်ဖို့ပြင်နေတာက
အပေါ်ဖက်မှာရှိနေတဲ့ ၀ တွေကိုလား၊
ဒါမှမဟုတ် လွိုင်တိုင်း
လျှမ်း
ကို
တိုက်ဖို့ပြင်နေတာလား၊
ဒါမှမဟုတ် ငါတို့ဆီကိုဘဲ
လာတိုက်မလား မသိဘူး။
”
သြဂုတ်လ
၁ ရက်နေ့က
တြိဂံတိုင်း
စစ်တိုင်းမှုး
ဗိုလ်ချုပ် မင်းအောင်လှိုင်
နှင့် လက်နက်ကြီးတပ်
ညွှန်ချုပ်
ဗိုလ်ချုပ် မြ၀င်းတို့
မိုင်းတုံ- နားကောင်းမူးသို့ရောက်သွားပြီး
ဝ တပ်မှူး ၃ ဦးနှင့် ထပ်မံတွေ့ဆုံ
ဆွေးနွေးခဲ့
သော်လည်း ၀ တပ်မှူး ၃ ဦးက
ပန်ဆန်းဌာနချူပ်မှ မည်သည့်အကြောင်းမှ
ပြန်ကြားခြင်းမရှိသေး၍
မိမိတို့
လက်ရှိအတိုင်း ဆက်လက်နေထိုင်မည်ဟု ပြောဆိုကြောင်း
သျှမ်းသံတော်ဆင့်
သတင်းဌာနမှ ဖော်ပြထားသည်။
|