|
ကော့သောင်းတွင် စက်လှေမီးလောင် ကျပ်သိန်းတစ်ထောင်ကျော် ဆုံးရှုံး
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံတောင်ပိုင်း ကော့သောင်းမြို့တွင် ယမန်နေ့ည ၉ နာရီခွဲခန့်အချိန်
စက်လှေတစ်စီး မီးလောင်သဖြင့်
ကျပ်သိန်းတစ်ထောင်ကျော်
ဆုံးရှုံးသည်ဟု ကော့သောင်း စက်လှေသမားများက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကော့သောင်းမြို့မှ စက်လှေသည် ထိုင်းဘက်ခြမ်းဖြစ်သည့်
ရနောင်းမြို့သို့ ပင်လယ်ထွက်
ပစ္စည်းဖြစ်သည့်
ငါး၊ ပုဇွန်များကို ရောင်းပြီး အပြန် ကော့သောင်းဆိပ်ကမ်းအနီးတွင် ဓာတ်ဆီအတင်အချ
ပြုလုပ်
စဉ်အတွင်း
ဆေးလိပ်မီးမှ တဆင့်
ကူးစက်လောင်ကျွမ်း ခြင်းဖြစ်သည်။
"ရွာကနေပြီးတော့ ပစ္စည်းလာရောင်းတဲ့လှေ ငါးတွေ၊ ဘာတွေ လာရောင်းတာ၊ ဟိုး(ထိုင်း)
ဖက်ကမ်း
ကို
ရောင်း ရောင်းပြီးတော့ ပြန်လာ၊ ပြန်လာပြီးတော့ ဒီမှာ ဆီချတာပေါ့။ ဓာတ်ဆီချတာ
ကနေပြီး
တော့
ဆေးလိပ်မီးကြောင့် လောင်သွားတာ။ ရေလယ်ကို မောင်းထုတ် လိုက်တာ မောင်းထုတ်လိုက်
ပြီးတော့
အလောင်ခံလိုက်တာ။ မီးက မနိုင်တော့ဘူးလေ။ အပျက်အဆီးဆိုလို့ လှေကတော့ အကုန်
လုံးပါသွားတယ်၊
လူကတော့ ဘာမှမဖြစ်ဘူး။
ကမ်းစပ်မှာ
ဖြစ်တာ။
"
ဟု ကော့သောင်း စက်လှေသမား
တဦးက
ပြောသည်။
မီးလောင်ကျွမ်းသည့် စက်လှေသည် ဘုတ်ပြင်းမြို့နယ် အလယ်မာန်ကျွန်း ဦးမောင်ကြီး
ပိုင်ဆိုင်သည့်လှေဖြစ်ပြီး
ထိုင်းနိုင်ငံ
ရနောင်းတွင် သား၊ ငါး၊ ပုဇွန်များကို တင်ပို့ရောင်း ချပြီး ထိုင်းနိုင်ငံမှ
အိမ်သုံးပစ္စည်းများဖြစ်သည့်
စား
အုံးဆီ၊
ဒီဇယ်နှင့် အခြားပစ္စည်းများ တင်ဆောင်လာခဲ့သည်။
မီးလောင်ကျွမ်းမှုအခြေအနေကို ကော့သောင်းမြို့ခံတဦးက ယခုလို ပြောသည်။
"မီးလောင်တော့ လှေမှာပါလာတဲ့ စားဆီတွေ၊ ဓာတ်ဆီတွေ လောင်တဲ့ ဥစ္စာတွေက ၉ နာရီ
ခွဲက ဖြစ်
တဲ့
ဥစ္စာ မီးက ဘယ်အချိန်လောက်မှာ သေသွားမှန်းမသိ ကျနော်တို့ အိပ်ပျော်သွားပြီ။
မနက်သုံးနာရီ
အထိ
မီးလောင်တယ်လို့ ပြောတာပဲ။ အခုက လှေကြီးက ဟိုး ကျွန်းက
လူဝင်မှုကြီးကြပ်ရေးရုံးနဲ့ သိပ်
မဝေးပါဘူး။
အဲဒီနားမှာ သောင်တင်ပြီးတော့ မြုပ်နေတယ်။ ပစ္စည်းတွေကတော့ အားလုံး ဆုံးရှုံးတာ
ပေါ့။ လူကတော့ မသေပါဘူး။ ကမ်းနားမှာဆိုတော့ လူတွေက ခုန်ချ၊ ပြေးတဲ့လူလည်း
ပြေးကုန်ကြပြီ
လို့
ကြားတယ်။"
စက်လှေ
မီးလောင်မှုနှင့်ပတ်သက်၍ ကော့သောင်းအာဏာပိုင်များက စစ်ဆေးမေးမြန်းမှု
ပြုလုပ်သော်လည်း စက်
လှေပိုင်ရှင်နှင့်
ပါလာသူများမှာ
ထွက်ပြေးလွတ်မြောက်နေဆဲဟု အာဏာပိုင်နှင့် နီးစပ်သူက ပြောသည်။
တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းစု ရွာများက စက်လှေများသည် ထိုင်းနိုင်ငံ ရနောင်း
မြို့သို့ ရေထွက်ပစ္စည်းများ သွားရောက်ရောင်းချပြီး
မြန်မာပြည်သို့ စားအုန်းဆီ၊ အချိုမှုန့်၊ ဓာတ်ဆီနှင့် အခြား
လူသုံးကုန်ပစ္စည်းများကို ၀ယ်
ယူသယ်ဆောင်လေ့
ရှိသည်။
|