|
မြစ်ကြီးနားမြို့တွင်
လုံခြုံရေးတိုးမြင့်ချထား၊
အရပ်ဝတ်ရဲများ
နေရာတကာ စောင့်ကြည့်
သတင်းနှင့်မီဒီယာ
ကွန်ယက်။
စက်တင်ဘာလ ၁၀ ရက်၊
၂၀၀၈ ခုနှစ်။
ကချင်ပြည်နယ်၊
မြစ်ကြီးနားမြို့တွင်
စစ်တပ်လုံခြုံရေးများ ချထားပြီး
အရပ်ဝတ်ရဲများက နေရာတကာတွင် စောင့် ကြည့် စစ်ဆေးမှုများရှိနေသည်။
မြစ်ကြီးနားမြို့၊
ဧရာရပ်ကွက်ရှိ ပြည်နယ် ပယကရုံးတွင် ယခင်က ရဲတပ်ဖွဲ့သာ
လုံခြုံရေးချ ထားရာမှ ယခု စစ်
တပ်က လုံခြုံရေးယူနေပြီး
အရပ်ဝတ်ရဲများစောင့်ကြည့်နေမှု
အခြေအနေကို မြစ်ကြီးနားမြို့ခံတဦးက
ယခုလို ပြောသည်။
“
လုံခြုံရေးက
သတိထားနေတာ အခုက၊ တပ်က လုံခြုံရေးတွေ ချထားတယ်လေ။
အခုက အချက်ချာ ကျတဲ့နေရာ
အထူးသဖြင့် ပြည်နယ်ရုံးမှာလေ။ ကျန်တဲ့အချိန်တွေမှာ
ပြည်နယ်ရုံးမှာ စစ်တပ်က လာ မချထားဘူး။
ရဲအစောင့်လောက်ဘဲ ရှိတယ်။ အခုက စစ်တပ်က လာချထားတာ။
အင်တာနက်ကဖေး တို့ တခြား စောင့်ကြည့်ရမယ့်ဟာတို့ပေါ့
ဘုန်းကြီးကျောင်းတို့
စာသင်ကျောင်းတို့ အရပ်ဝတ်ရဲတွေ လာစောင့်တယ်။
တည်းခိုခန်းက လွန်ခဲ့တဲ့လကတည်းက ကြိုတင်ပြင်ဆင်မှုတွေ
လုပ်ထားတာ။
ဧည့်စာ ရင်းက အာဂန္တု
ဘုန်းကြီးတွေ
လက်မခံဖို့ရယ်၊
နယ်ဝေးတဲ့ဧည့်သည်တွေ လက်မခံဖို့ရယ် စောစောထဲ
က လိုက်ချထားတာလေ။ ”
မြစ်ကြီးနားမြို့ပေါ်တွင်
အင်တာနက်ကဖေးဆိုင် (၅)ဆိုင်ခန့်ရှိပြီး
ဆိုင်များတွင် အရပ်ဝတ် လုံခြုံရေးများက အင်
တာနက် သုံးစွဲနေသူများကို စောင့်ကြည့်နေသည်ဟု
ကိုယ်တိုင် တွေ့ကြုံခဲ့ရသူ ဒေသခံကျောင်းသူတဦးက
ယခု လို ပြောသည်။
“အဲဒီဝက်ဆိုက်တွေ
ဖွင့်ကြည့်တော့
သူတို့ ကျမကို နည်းနည်းလေးသတိထားလာတယ်။
ဒီဗွီဘီကို ပြောတာ။ အဲဒါကို ဖွင့်လို့ရတယ်၊
ပွင့်သွားတဲ့ခါကျတော့ ပွင့်သွားရုံဘဲ ရှ်ိသေးတယ်။ သူတို့က
ကျမဆီ လာခဲ့တာနဲ့ ပိတ်လိုက်တာ။
သူတို့က ကျမဘေးနားမှာ လာထိုင်နေတော့တာ၊
ကျမဘေးနားက တလုံး မှာ။
အခုနောက်ပိုင်းမှာ စာတွေကပ် ထားတယ်၊ အဲဒီဝက်ဆိုက်တွေ
မဖွင့်ရဘူးလို့ နိုင်ငံရေးဆိုင်တဲ့ ၀က်ဆိုက်တွေ
မဖွင့်ရဘူးပေါ့နော်၊ အဲလို ကပ်ထားတယ်။
ဆိုင်တွေတိုင်းမှာ ကပ်ထားတယ်၊ ဖွင့်လို့
မရ ဘူး၊ ဖွင့်ကြည့်ရင်တော့
စကားပြောရမှာပေါ့နော်။ သုံးနေတဲ့သူကို ကြည့်နေတဲ့
ပုံပေါက်တယ်။ ”
ယခုအချိန်သည် ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည်ကာလဖြစ်နေရာ
မြန်မာပြည်ရှိ မြို့ကြီးအတော်များများ
တွင် လုံခြုံရေးများ
တိုးမြင့်ချထားချိန်လည်း ဖြစ်သလို ပြီးခဲ့သည့်
စက်တင်ဘာလအရေးအခင်းကာလတွင် မြစ်ကြီး
နားမြို့မှ
ရဟန်းသံဃာတော်များက မေတ္တာပို့စီတန်းလမ်းလျှောက်ခြင်းကို
ပြုလုပ်ခဲ့ပြီး အာဏာာပိုင်များ၏
ဖမ်း ဆီးနှိမ်နှင်းခြင်း ကို
ခံခဲ့ရသည်။
|