|
ပအိုဝ်းပါတီနှင့် လက်ကိုင်တပ်ဖွဲ့ ဒေသခံများထံမှ အဓမ္မ ငွေကောက်ခံ
သတင်းနှင့်မီဒီယာ ကွန်ယက်။
ခွန်အောင်မြတ်။
စက်တင်ဘာလ ၁၀ ရက်၊ ၂၀၁၀ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းတွင်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဒေသခံ
ကျေးရွာများထံ ငွေကြေး အတင်းအဓမ္မ ကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး
မြို့နယ်ခွဲရှိ ကျေးရွာများတွင် ယခုလဆန်းပိုင်းက စ၍ ပအိုဝ်းအမျိုးသား
အဖွဲ့ချုပ် PNO ပါတီမှ ပါတီရံပုံငွေကောက်ခံနေသည်ဟု ဒေသခံတဦးက ပြောသည်။
“လာမယ့် နိုဝင်ဘာလ(၇)ရက်မှာ
ကျင်းပပြုလုပ်မယ့် စစ်အစိုးရရဲ့ အထွေအထွေရွေးကောက်ပွဲကို ၀င်
ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ပါတီရံပုံငွေများရရှိရန် တောင်ကြီးမြို့နယ်၊
ကျောက်တလုံးကြီး မြို့နယ် ခွဲ ရှိကျေးရွာများကို ပါတီရံပုံငွေ တစ်အိမ်ထောင်
ကျပ်ငွေနှစ်ထောင်နှုံးနဲ့ ကောက်ခံနေပါတယ်။ အဲဒီ ကျေးရွာကိုယ်စားပြု မဲကော်မရှင်
တစ်ယောက်အတွက် ကျပ်ငွေ သုံးသောင်းကို အကြောင်းမသိပဲ ကျေးရွာပေးဆောင်ပေးနေရတယ်။
အဲဒါက မပေးမနေရ ပေးရတယ်။”
လွန်ခဲ့သည့် သြဂုတ်လကုန်ပိုင်းကလည်း ပါတီ၏
အမှတ်တံဆိပ်ဖြစ်သည့် နဂါးရုပ်ပါ ရင်ထိုး တခုလျှင် ကျပ်ငွေ ၇၀၀၀ ထောင်နှင့်
မ၀ယ်မနေရ ရောင်းချခဲ့သည်ဟု ဒေသခံများက ပြောသည်။
ကျောက်တလုံးမြို့နယ်ခွဲတွင် ပအိုဝ်းပါတီက
ပါတီရံပုံငွေ လိုက်ကောက်ခံနေပြီး ဆီဆိုင်မြို့နယ် ဘက်တွင်လည်း စစ်အစိုးရကို
ဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြီးခဲ့သည့်
သြဂုတ်လ ၂၂ ရက်နေ့က ကျေးရွာပေါင်း ၂၀ ခန့်တွင် တအိမ်လျှင် ကျပ်ငွေ ငါးထောင်
ကောက်ခံသည်ဟု ဒေသခံတယောက် က ပြောသည်။
“ရွာသားတွေ ဒုက္ခတအားရောက်တယ်။
သူတို့လာတောင်းတဲ့အချိန်မှာ ကျနော်တို့ ရွာသားတွေလည်း ဘာမှမသိဘူး။ သက်ဆိုင်ရာ
လူကြီးတွေပဲ သိတယ်။ သူတို့လာကောက်တာလည်း ဘယ်သူ့ကိုမှ မသိ စေချင်ဘူး။
ဘယ်သူ့ကိုမှလည်း မပြောပြရဘူး၊ သတင်းမပေးရဘူးလို့ပြောတယ်။ သူများမေးလာရင် လည်း
ဘာမှမသိဘူးလို့ ပြောခိုင်းထားတယ် ရွာသားတွေကို။ ”
မြန်မာစစ်အစိုးရ တပ်ဖွဲ့က ယင်းသတင်းကြားသဖြင့်
ကျေးရွာများသို့ တက်လာပြီး အကျိုးအကြောင်း လာမေး သည်ဟု ယင်းဒေသခံက ဆက်ပြောသည်။
“အဲလို သတင်းလာမေးတာကို
ကောင်းကောင်းမမေးပဲနဲ့ ရွာမှာ မွေးထားတဲ့ ကြက်ဝက်တွေကို စိတ် ကြိုက်
ပစ်ခတ်ဖမ်းစားတာကိုလည်း ခံရတော့ ကူညီမယ်လို့ထင်နေတာ ရွာသားတွေကိုပိုပြီး ဒုက္ခ
ရောက်အောင် လုပ်တယ်၊ အခု ရွာသားတွေက သူတို့နှစ်ဘက်ကြားထဲမှာ အနိုင်ကျင့်တာကို
ခံနေရ တယ်လို့”
မြန်မာစစ်အစိုးရက လာမည့် နိုဝင်ဘာလ (၇)ရက်နေ့၌
ကျင်းပပေးမည့် ရွေးကောက်ပွဲတွင် ပအိုဝ်းအမျိုးသား အ ဖွဲ့ချုပ် (PNO) ပါတီသည်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတချို့ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်း
ဆီဆိုင်၊ ဟိုပုံး နှင့် ပင်လောင်း မြို့နယ်တွင် လွတ်တော်အမတ် ၁၀ ဦး ၀င်ရောက်
ယှဉ်ပြိုင်မည်ဖြစ်သည်။
ဆီဆိုင်မြို့နယ်တွင်
မြန်မာစစ်အစိုးရတပ်ဖွဲ့များအပြင် ရှမ်းပြည်တပ်မတော်နှင့် ပအိုဝ်းအမျိုးသား
လွတ်မြောက် ရေးအဖွဲ့ချုပ် တပ်ဖွဲ့များလည်း လှုပ်ရှားနေသည့် ဒေသဖြစ်သည်။
ယင်း (PNO) ပါတီသည် ဒေသတွင်း
မဲဆွယ်စည်းရုံးရေးဆင်းရာတွင် လူထုက စိတ်ဝင်စားမှုနည်းပါး သော်လည်း ၎င်းတို့က
အမိန့်ဖြင့် မလာမနေရ ဆင့်ခေါ်ခြင်း၊ ပါတီရံပုံငွေများနှင့် ကျေးရွာကိုယ်စားပြု
သူများ၏ အသုံး စရိတ်ကို အကြောင်းမဲ့ ပေးနေခြင်းကြောင့် ဒေသခံများ
စိတ်အနှောက်အယှက် ဖြစ်ကြ ရသည်ဟု ၎င်း တို့ပြော ဆိုသည်။
|