|
ထိုးစစ်သစ်ကြောင့်
လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြား
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရက ကရင်ပြည်နယ်အတွင်း တပ်များ တိုးမြှင့်ချထား၍ လူမျိုးပြုန်း
စစ်ဆင်မှုကြောင့် လူ့အခွင့်အ ရေး ချိုးဖောက်မှုများ အဆက်မပြတ်ဖြစ်ပေါ်နေသည်ဟု
ယနေ့ကျရောက်သော ၅၉ ကြိမ်မြောက် အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်
ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ)က ကြေညာချက်ထုတ်ပြန်သည်။
ယခုနှစ်အောက်တိုဘာလမှစ၍ ကေအဲန်ယူအခြေစိုက်ရာဒေသများတွင် တပ်ရင်း (၈၀) ကျော်
ထပ်မံတိုးမြှင့် ချ ထားပြီး စုစုပေါင်း တပ်ရင်း (၁၈၇) ရင်းဖြင့်
ထိုးစစ်ဆင်လျှက်ရှိကာ ကရင်လူထုအား ဖမ်းဆီး သတ်ဖြတ်မှု၊ လု ယက်ဖျက်ဆီးမှု၊
နေရပ်မှ မောင်းထုတ်မှု စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ
ဆက်လက်ကျူးလွန်ခဲ့ကြသည် ဟု ကေအဲန်ယူ၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။
“အခုက
တိုးတာက ငါးဆယ်ရာခိုင်နှုန်းကျော် တိုးလာတယ်။ ထုံးစံအတိုင်းပေါ့။ နအဖရဲ့
ဖက်ဆစ်ပေါ် လစီအရ သူတို့ကနေပြီးတော့ ကရင်လူထုတွေ သူတို့နယ်မြေ၊
သူတို့အိုးအိမ်တွေမှာ မနေနိုင်အောင် သူတို့ကနေပြီးတော့ ကျနော်တို့ တပ်တွေကို
တိုက်တယ်ဆိုတာထက် သူတို့က ရွာသားတွေကို လိုက်တိုက်နေတာ။ အဲတော့ လူ့အခွင့်အရေး
ချိုးဖောက်မှုတွေ ပိုများလာတယ်။ ”
ဟု ကေအဲန်ယူ ၏ အထွေထွေအတွင်းရေးမှူး(၂) ပဒို ဒေးဗစ်တာကပေါက ပြောသည်။
လွန်ခဲ့သော
နှစ်ဆန်းပိုင်းမှ စတင်ခဲ့သော မြန်မာစစ်တပ်၏ ထိုးစစ်ကြောင့် ကရင်ဒုက္ခသည်
နှစ်သောင်းခန့် အိုး အိမ်စွန့်ခွာထွက်ပြေးနေရပြီး ထိုင်းမြန်မာ နယ်စပ်ဒေသသို့
သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ယခု ထပ်မံထိုးစစ်ဆင်မှုတွင်လည်း
ကရင်လူထု တောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု
ကေအဲန်ယူက သတင်းထုတ်ပြန်သည်။
မြန်မာစစ်တပ်၏ ယခုနှစ်ခြောက်သွေ့ရာသီထိုးစစ်ဆင်မှုသည် မြန်မာပြည်၏ နိုင်ငံရေး
ပြဿနာကို နိုင်ငံရေး နည်းဖြင့် ဖြေရှင်းရန် ကြိုးပမ်းနေသည့်အခြေအနေနှင့်
ဆန့်ကျင်နေသည် ဟု ပဒိုဒေးဗစ်တာကပေါက ပြော သည်။
“
ကျနော်တို့ကတော့ တောက်လျှောက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးနည်းနဲ့ သူမနာ
ကိုယ်မနာ ပေါ့လေ နအဖလည်း ထွက်ပေါက်ရအောင် နောက်ပြီးတော့ တိုင်းပြည်လည်း
မနာအောင် သုံးပွင့်ဆိုင် နည်းနဲ့ ကျနော်တို့ တွေ့ဆုံဆွေးနွေး ပြီးတော့ ပြဿနာတွေ
ဖြေရှင်း ပေါ့။ အဲဒါတွေကို လုံးဝ လက်မ ခံတဲ့ သဘောပေါ့။ အခုလို
ထိုးစစ်ကြီးဆင်လာတယ် ဆိုတာ ဒါဟာ အမြစ်ပြတ်ချေမှုန်းရေးပေါ့။ သူတို့
ပြောပြောနေတဲ့ သောင်းကျန်းသူ အမြစ်ပြတ် ချေမှုန်း ရေး သူတို့ရဲ့
ဖက်ဆစ်လမ်းစဉ်ပေါ့။ လူလူချင်း စာနာမှု လုံးဝမရှိဘူး။ လူ့သိက္ခာ လေးစားမှုလည်း
လုံးဝမရှိတဲ့ လမ်းစဉ်အရ ကျနော်တို့ကို မျိုးဖြုတ် ချေမှုန်းရေး စစ်ဆင်နေတာပဲ။ ”
ယခုနှစ်
စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး လူထုလှုပ်ရှားမှု ကာလတွင်ပင် ကေအဲန်ယူကို
ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ရာ လစဉ် တိုက်ပွဲငယ်ပေါင်း ၁၀၀ကျော် ဖြစ်ပွားခဲ့ဟု
၎င်းက ဆက်လက်ပြောသည်။
ကေအဲန်ယူသည် မြန်မာစစ်အစိုးရနှင့် ၂၀၀၄ခုနှစ်မှ စတင်၍ နှုတ်အားဖြင့်
အပစ်အခတ်ရပ်စဲခဲ့ကာ ယခုနှစ် ဆန်းပိုင်းတွင် ကေအဲန်ယူတပ်မဟာ ၇ ၏ တပ်မဟာမှူးက
မြန်မာအစိုးရနှင့် သီးခြားအပစ်အခတ်ရပ်စဲ ပြီးနောက် ယင်းသဘောတူညီချက်
ပျက်ပြားခဲ့သည်။
|