|
ရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများအတွက် ထိုင်းနိုင်ငံတွင်း
တရားဝင်နေထိုင်ခွင့် လက်မှတ်ပြုလုပ်ပေးနေ
သတင်းနှင့်မီဒီယာကွန်ယက်၊
နွယ်လေး။
ဒီဇင်ဘာလ ၁၀ ရက်၊၂၀၀၉ ခုနှစ်။
မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား
နိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများ၏သားသမီးများ အတွက် ထိုင်းနိုင်ငံတွင်း
တရားဝင်နေထိုင်ခွင့် လက်မှတ်များကို သက်ဆိုင်ရာဒေသ အလိုက်ရှိ
မှတ်ပုံတင်ရုံးများတွင် ဒီဇင်ဘာလ (၁၈)ရက်နေ့ထိ နောက်ဆုံးထား ပြုလုပ်ပေး နေသည်။
တရားဝင်နေထိုင်ခွင့်
မှတ်ပုံတင်ပြုလုပ်ပေးသည့် ကလေးငယ်များသည် အသက်(၅)နှစ် အထက်နှင့်(၁၅)နှစ်
အောက်အရွယ်များဖြစ်ပြီး
၎င်းကလေးငယ်၏မိခင်(သို့)ဖခင်၏လက်ရှိ ထော်ရော်၃၈/၁ ပုံစံကို တစ်ပါတည်းမှတ်
ပုံတင်သည့်ရုံးသို့
ကလေးနှင့်အတူယူဆောင်သွားရသည်ဟု
လက်မှတ်ပြုလုပ်ခဲ့ပြီးသည့်
ကလေးမိဘဖြစ်သူ ကို
တင်ဦး
က ယခုလို ပြောသည်။
“ကိုယ့်သူဌေး
သွားတင်ပေးလဲရတယ်။အသက်(၅)နှစ်ကျော်ရမယ်။
ဒီနေ့တောင်ငါးနှစ်မပြည့်တဲ့ကလေး
တွေ မလုပ်ပေးဘူး။
မှတ်ပုံတင် ရိုက်သလိုအဆင့်ဆင့်ပဲ စောင့်ရတယ်။ ဘယ်လောက်မှ မကုန်ဘူး။ ဒါ
ပေမယ့်လူကြီးလို
ဆေးလက်မှတ်ကို (၂)နှစ်စာ
ကိုးရာလို့ ပြောတယ်ဗျ။”
ကလေး၏ကိုယ်ရေးမှတ်တမ်းပုံစံ
ထော်သော်(၁)တွင်(၂)
လက်မပတ်လည်
ဓါတ်ပုံနှစ်ပုံနှင့်အတူပုံစံဖြည့်သွင်းခြင်း
ကို
ယခုဒီဇင်ဘာလ(၁၈)ရက်နေ့ နောက်ဆုံးထားလက်ခံသွားမည်ဖြစ်ပြီး
ဖြည့်စွက်သည့် အချက်အလက်
မှန်ကန်
ပါက ဂဏန်း(၁၃)လုံးပါ
ကိုယ်ပိုင်နံပါတ် သတ်မှတ်ပေးပြီးလက်ဗွေနှိပ်
ဓါတ်ပုံရိုက်ပြီး
အထောက်အထားအဖြစ် ထော်ရော်(၃၈/၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့အထိ
ထုတ်ပေးသွားမည်ဖြစ်သည် ဟု
ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က
ယခုလိုပြောသည်။
“ဆယ်နှစ်ကျော်ကျောင်းမနေဖြစ်ပဲ
မိဘနားလက်တို လက်တောင်းခိုင်းတဲ့ ကလေးတွေ အတွက်အကြုံး
ဝင်တယ်။
တချို့ထွားတဲ့ကလေးတွေဆို ဘတ်မရှိတော့ ရဲကဖမ်းတာ အဲလိုတွေ အများကြီး
ရှိလို့ သူတို့ကနိုင်ငံတကာ
စံနှုန်းအတိုင်း
(၁၅)နှစ်အောက် ကလေး အတွက်သီးသန့်လုပ်ပေးတာ
ပထမဆုံး ပဲ။”
ယခုလိုတရားဝင် နေထိုင်ခွင့်လက်မှတ်
ပြုလုပ်ပေးခြင်းသည် ကောင်းသည်ဟုလည်း ကိုတင်ဦးက ယခုလို
ပြော သည်။
“နောက်နှစ်
အတန်းကျောင်းတက်ရင် အလုပ်သမားကတ်မရှိရင် သူတို့တက်လို့ မရဘူးလေ။ ခုဒီအလုပ်
သမား ကတ်ရှိတော့
ကောင်းတာပေါ့။ နောင်သူတို့ကျောင်းတက် လို့ရပြီပေါ့။”
မှတ်ပုံတင်မည့်ကလေးသည်
ဇူလိုင်လ(၃၀)ရက်
၂၀၀၉
ခုနှစ်မတိုင်မီ ထိုင်းနိုင်ငံအတွင်း
ဝင်ရောက်လာသူနှင့် ၄င်းမတိုင်မီ ထိုင်းနိုင်ငံတွင်း မွေးဖွားသည့် ကလေးဖြစ်ရမည်။
ယခုပြုလုပ်ပေးနေသည့် ကလေးအလုပ်သမားလက်မှတ်များတွင်
ရရှိမည့် အခွင့်အရေး အသေးစိပ်ကို အတိအ
ကျ မသိရသေးပဲ
ဆက်လက်စုံစမ်း နေဆဲဖြစ်သည်ဟုလည်း ချင်းမိုင် အခြေစိုက်အလုပ်သမားများအား
ကူညီပေး
သည့်
(Map
Foundation)အဖွဲ့မှ
တာဝန်ရှိသူတစ်ဦးကပြောသည်။
|