|
မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် ဖျက်မည်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၀ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့ရှိ အာဇာနည်ကျောက်တိုင် စိုက်ထူထားသည့် နေရာအား
စီးပွားရေးသမားတစ်ဦးက ၀ယ်ယူလိုက်သည့်အတွက် မကြာမီယင်းကျောက်တိုင်
အဖျက်ခံရတော့မည်ဟု မြ၀တီမြို့ခံ တဦးက ပြောသည်။
အလျားကိုက်
၇၀၊ အနံကိုက် ၅၀ ခန့်ရှိသည့် ထိုနေရာအား ကုန်သည်ကြီးများအသင်း ဥက္ကဌလည်းဖြစ်
မြန်မာ့အ
မျိုးသမီးရေးရာ အသင်းဥက္ကဌလည်းဖြစ်သူ ဒေါ်သင်းသင်းမြတ် နှင့် ဒေါ်ဝင်းဝင်းမြတ်တို့
ညီအစ်မမှ ၀ယ်ယူလိုက်
ခြင်းဖြစ်သည်ဟု မြ၀တီမြို့ခံတစ်ဦးက ယခုလိုပြောသည်။
“ရောင်းတာက
အရင်မြေတိုင်းဦးစီးဟောင်းက ရောင်းသွားတာ အဲဒီညီအစ်မနှစ်ယာက်က ၀ယ်ထား
တာ။
သူတို့ဝယ်ထားတာ နေရာတော်တော်များများရှိတယ်။ မြ၀တီကမ်းနဖူးတို့ မီးပွိုင့်တို့။
အများကြီးပဲ မြေကွက်တွေလျှောက်ဝယ်ထားတာ။”
အခြားမြ၀တီမြို့ခံတစ်ဦးကလည်း ထိုသတင်းနှင့်ပတ်သက်၍ ကုန်သည်ကြီးများအသင်းဝင်
အမျိုးသမီးတစ်ဦးက အာဏာပိုင်ထံမှ တိတ်တဆိတ် ၀ယ်ယူလိုက်သည်ဟု ကြားသိ ရကြောင်း
ယခုလိုပြောသည်။
“အဲဒီနေရာကို
ကုန်သည်ကြီးများအသင်းဥက္ကဌ သင်းသင်းမြတ်က ၀ယ်လိုက်တယ်။ အဲတာ အခု ရောင်းပြီးတော့
အဆောက်အဦ ဆောက်ဖို့လုပ်မယ်လို့ပြောတယ်။ အုတ်တွေတော့ ပုံထားပြီ။”
ယင်းနေရာအား
မည်သည့် အဆောက်အဦဆောက်လုပ်မည်ကို မသိရသေးသော်လည်း လောလောဆယ် အုတ်
ဖြင့်ခြံစည်းရိုးကာထားသည်ဟု ၎င်းကဆက်ပြောသည်။
“ဒီကျောက်တိုင်နေရာကိုပေါ့နော်
ခြံစည်းရိုးအပိတ် ခတ်ပစ်လိုက်တယ်။ သူဝယ်ပြီးမှ ခတ်ပစ် လိုက်တာ
။ ကျနော်ထင်တယ်
အိမ်ယာစီမံကိန်းလိုပုံစံမျိုး အဆောက်အဦပဲ ဆောက်မယ် ထင်တယ်။ ငှားစားဖို့
ရောင်းစားဖို့လေ။ ကျောက်တိုင်ကတော့ မဖြိုရသေးဘူး။”
ကျောက်တိုင်အမြင့် ၁၀ ပေခန့် ရှိပြီး လုံးပတ် လူတစ်ဖက်စာခန့်ရှိ၍ ကျောက်တိုင်
အောက်ခြေ လေးဖက်လေး
တန်တွင် စိုက်ထားသည့် ငုတ်တိုင်များအား ရိုက်ချိုးထားပြီဟု ပြောသည်။
ယင်းကျောက်တိုင်အား မြ၀တီမြို့ အမှတ်(၁)ရပ်ကွက်၌ တည်ဆောက်ထားကာ ယခင်က
အာဇာနည်နေ့အခမ်း
အနားများ ကျင်းပပြုလုပ်လေ့ရှိပြီး လွန်ခဲ့သည့် သုံးနှစ်ခန့်က စတင်၍
အခမ်းအနားပွဲကျင်းပခြင်းကို အာဏာပိုင်
များက ပိတ်ပင်ထားခဲ့သည်။
ထိုနေရာအားဝယ်ယူသည့်တန်ဖိုးကို မသိရသေးသော်လည်း ယခုနှစ်အတွင်း မြ၀တီမြို့
မြေအရောင်းအ၀ယ် ဈေး
နှုန်းများမှာ နေရာကောင်းသည့် အာရှလမ်းမကြီး တလျှောက်တွင် အလျားပေ ၆၀၊ အနံပေ ၄၀
ကျယ်ဝန်း
သည့်မြေနေရာအား သိန်း၇၀၀ ခန့်ပေါက်ဈေး ရှိသည်။
|