|
ပျဉ်းမနားတွင် ဗုံးပေါက်ကွဲ၊ တစ်ဦးသေ၊
သတင်းနှင့်မီဒီယာကွန်ယက်။
ဇန္န၀ါရီလ ၁၁ ရက်၊ ၂၀၀၈
ခုနှစ်။
ယနေ့နံနက် လင်းအားကြီးတွင် ပျဉ်းမနာဘူတာကြီးအနီး
ဗုံးပေါက်ကွဲရာ အမျိုးသမီးတဦးသေဆုံးပြီး (၁)ဦးဒဏ်
ရာရရှိကြောင်းသိရသည်။
ရန်ကုန်- ပျဉ်းမနား အထူးရထားဆိုက်ရောက်သည့် မနက်(၄)နာရီကျော်ခန့်တွင် အများသုံး
အမျိုးသမီးအိမ်သာ
အတွင်းပေါက်ကွဲခြင်းဖြစ်သည်ဟု ဘူတာရုံအနီးတွင်နေထိုင်သူတဦးကပြောသည်။
၎င်းက
"
ကျနော်တို့သိရသလောက်ကတော့ အိမ်သာထဲမှာကွဲတယ်၊ ကျနော်တို့နဲ့က
သိပ်မဝေးဘူး
ခင်ဗျ၊
အိမ်သာထဲမှာ
အဲဒါဖြစ်တယ်လို့တော့ကြားတယ်၊
လူကြီးတွေလည်းရောက်နေတယ်ခင်ဗျ၊ အိမ်
သာထဲက
အမျိုးသမီး
ကတော့
ဆုံးသွားတယ်၊
အပြင်ကထိုင်စောင့်နေတဲ့အမျိုးသမီးကတော့ ဒဏ်ရာရ
တယ်လို့ကြားတယ်ခင်ဗျ၊ "
ပေါက်ကွဲမှုနှင့်ပတ်သက်၍ အာဏာပိုင်များဘက်မှ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပါ၊
|