|
မြန်မာတဦးအလောင်းကို ထိုင်းမြန်မာနယ်စပ်တွင် တွေ့ရှိ
သီတာထွန်း။
မတ်လ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် စံခလဘူရီခရိုင် ဟလော့ခနီတောတွင်း တနေရာတွင် လက်ပြန်ကြိုး
တုပ်လျှက် ဒဏ်ရာများ
ဖြင့် သေဆုံးနေသည့် မြန်မာပြည်သားတဦး အလောင်းကို ကျေးရွာသားများ
တွေ့ရှိခဲ့သည်။
ယခုလ(၇)ရက်နေ့ ညနေ လေးနာရီခန့်က
ဒဏ်ရာများနှင့်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး
၎င်းသည် မြန်မာပြည်သား
မွန်လူမျိုး နိုင်အလွန်းဆိုသူဖြစ်သည် ဟု ၎င်းနှင့်နီးစပ်သူတဦးက
ပြောသည်။
နိုင်အလွန်းမှာ
မူးယစ်ဆေးနှင့် လူကုန်ကူးသူအဖြစ်နာမည်ကြီးနေသူဖြစ်ပြီး ယခုလ(၆)ရက် နေ့က အဖော်
(၁၀)ဦးနှင့် အတူ နယ်စပ်ကို ဖြတ်ကျော်နေစဉ် နိုင်အလွန်း အပါအ၀င် (၅)ဦးမှာ
ထိုင်းနယ်ခြားစောင့်တပ်များ၏ ဖမ်းဆီးခြင်းကို
ခံခဲ့ရသည်ဟု ၎င်းက
ပြောသည်။
“ဟလော့ခနီ
ဒုက္ခသည်စခန်းကနေ ထိုင်းဖက်ခြမ်းဝင်တာ၊ ငါးယောက်က ထိုင်းအစောင့် တွေပေါ့
အဲဒီဟာတွေက ငါးယောက်ဖမ်းမိတယ်၊ အလွန်းအပါအ၀င် လူငါးယောက်ဖမ်းမိ တယ်၊ ဖမ်းမိတော့
အလွန်းကို
သူတို့စစ်ဆေးတာပေါ့၊ မွန်းလွဲနှစ်နာရီလောက်မှာ ဖမ်းမိတယ်၊ ဖမ်းမိတော့
ထုံးစံအတိုင်း
စစ်ဆေးတာပေါ့။”
အခြားလေးဦး၏ရှေ့မှာပင်
နိုင်အလွန်းကို ကြိုးချည်ရိုက်နှက်ခဲ့ကာ ယင်းလေးဦးကိုမူ ပြန်လွှတ်ပေးလိုက်ပြီး
၎င်းတို့က
မွန်ပြည်သစ်ပါတီကို အကြောင်းကြားသဖြင့် သွားရောက် ရှာဖွေရာ နိုင်အလွန်း၏
အလောင်းကို
တွေ့ရှိ
ခြင်းဖြစ်သည်ဟု
မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူ တဦးကလည်း ပြောသည်။
“လေးယောက်လွတ်တယ်၊
လွတ်ပြီးတော့ ဟိုမှာနိုင်အလွန်း အရိုက်ခံရပြီလို့သူတို့
(လွတ်လာသူများ)
ပြောတယ်၊ မွန်ပြည်သစ်ပါတီကို သူတို့ (လွတ်လာသူများ) အကြောင်း ကြားတာပေါ့နော်၊
အကြောင်း
ကြားပြီးတော့
အလောင်းသွားရှာတယ်၊ နောက်နေ့
လေးနာရီ အချိန်မှတွေ့တာ တွေ့တာက ဒီထိုင်းဖက်ကမ်း
မဟုတ်တော့ဘူး၊
အဲဒီတောစပ် မှာပေါ့၊ သူတို့ပြောတာ နှစ်ရာမီတာလောက်မှာ သူတို့
ပစ်ထားတာ
ကြိုးလည်းဒီအတိုင်းပဲ၊ နောက်ပြန် ကြိုးလေ ဒီအတိုင်းပဲ ဆွဲထားတာရှိတယ်၊ ချည်ထား
တယ် သေနေတာ
အဲဒီအတိုင်းပဲ သေနေတယ်။”
နိုင်အလွန်းအား ဖမ်းဆီးခဲ့သည့် တပ်စခန်းမှာ ဘန်းခဒီးတပ်စခန်းဟု အမည်ရပြီး
ရိုက်သတ်သူမှာ ယင်းတပ်စခန်း
က
နယ်ခြားစောင့်တပ် တပ်သားတဦး ဖြစ်သည်ဟု မွန်ပြည်သစ် ပါတီကို ထိုင်းဖက်မှ
ဝန်ခံပြောဆိုထားသည်ဟု မွန်ပြည်သစ်ပါတီနှင့်
နီးစပ်သူက ပြောသည်။
“အဲဒီတယောက်တည်းကိုဘဲ
သူတို့အမည်ခံထားတယ်၊ ဒီမွန်ပြည်သစ်ပါတီကို သူတို့ဖြောင့် ချက်ပေး
ထားတယ်၊
တယောက်ပဲရိုက်သတ်တာ၊ တယောက် တယောက်ချင်းပဲပေါ့နော်၊ အဲဒီလူကလည်း မရှိဘူး
ဖြစ်နေတယ်၊ ဘန်းခဒီးတပ်စခန်းမှာလည်း မရှိတော့ဘူးတဲ့၊ ပျောက်နေတယ်ပေါ့၊
အဲလိုမျိုး သူတို့ပြော
ထားတယ်။”
သေဆုံးသူနိုင်အလွန်းမှာ အသက်
(၃၈) နှစ်ခန့်ရှိ၍ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊
ကလော့ သော့ရွာဇာတိဖြစ်ကာ မည်သည့်
အကြောင်းကြောင့် သတ်ဖြတ်ခံရသည်ကို အသေးစိတ် မသိရသေးပေ။
|