|
ရွေးကောက်ပွဲ
မထောက်ခံလျှင် ရှမ်းပြည်သမိုင်းကြောင်း မကောင်းနိုင်ဟု ၀န်ကြီးချုပ်ပြော
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
မတ်လ ၁၁ ရက်၊ ၂၀၁၀ ခုနှစ်။
လာမည့် ၂၀၁၀ ရွေးကောက်ပွဲအား
ထောက်ခံမှုမရှိပါက ရှမ်းပြည်မြောက်ပိုင်း၏သမိုင်းကြောင်း ကောင်းလာမည် မဟုတ်ဟု
မြန်မာစစ်အစိုးရ ၀န်ကြီးချုပ် ဒုဗိုလ်ချုပ်ကြီးသိန်းစိန်ကပြောသည်။
ရွေးကောက်ပွဲဥပဒေ
ထုတ်ပြန်သည့်ယခုလ(၉)ရက်နေ့က ဒုဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်
ဗိုလ်ချုပ်လွန်းမောင်တို့ ရှမ်း ပြည်မြောက်ပိုင်း မူဆယ်မြို့သို့ရောက်ရှိစဉ်
ပြောခဲ့သည်ဟု မူဆယ်ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
“အဲဒီ ၂၀၁၀
ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ခြင်းလည်းမရှိ၊ ထောက်ခံအားပေးခြင်းလည်း မရှိဘဲ
ကန့် လန့်၊ ကန့်လန့်လုပ်မယ်ဆိုလို့ရှိရင်တဲ့ ရှမ်းပြည်မြောက်ပိုင်းရဲ့
သမိုင်းကြောင်း ဟာလည်း မကောင်းနိုင် ပါဘူးတဲ့။ နောက်
တည်ငြိမ်အေးချမ်းမှုလည်းရှိလာနိုင်မှာ မဟုတ်တော့ဘူးတဲ့။ နိုင်ငံတော်က ချမှတ်
ထားတဲ့ နိုင်ငံရေးရေစီးချောင်းအတိုင်း လိုက်ပြီးတော့ လုပ်ကြပါပေါ့။
အဲလိုပြောသွားတယ်။”
မူဆယ်မြို့ ရွှေလီရတနာ ခန်းမ၌
မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသတွင်းရှိ တိုင်းရင်းသားရိုရာ
ယဉ်ကျေးမှုအဖွဲ့များအား နေ့လည်(၁)နာရီ အချိန်ခန့်က အစည်းအဝေး ခေါ်၍
ဒေသခံများအနေနှင့် အမတ် နေရာရရှိရေးအတွက် ရွေးကောက်ပွဲတွင် ၀င်ရောက်
ယှဉ်ပြိုင်ကြရန် ပြောခဲ့သည်။
မူဆယ်သို့ မရောက်မီ
နမ်းခမ်းမြို့ကျားဖြူခန်းမ၌ အလားတူအစည်းဝေးခေါ်ယူ၍ လာမည့် ရွေးကောက်ပွဲအား
ထောက်ခံကြရန်နှင့် စစ်အစိုးရမှ အာဏာကိုဆက်လက်ချုပ်ကိုင်ထားမည် မဟုတ်ဟု
ဒေသခံရှမ်းတိုင်းရင်းသား ဘာသာဖြင့် ဗိုလ်ချုပ်လွန်းမောင်
ကစည်းရုံးပြောဆိုခဲ့သည် ဟု ၎င်းကဆက်ပြောသည်။
“နောက်ဗိုလ်ချုပ်လွန်းမောင်က ထူးဆန်းတာက သူက ရှမ်းလိုပြောတာ။ သူဟာ
ရှမ်းအမျိုးသား တစ် ယောက်ဖြစ်တယ်ပေါ့။ သူဟာ ဗန်းမော်ဇာတိ
ရှမ်းအမျိုးသားတစ်ယောက်ဖြစ်တယ်။ အဲဒီတော့ ကျ နော်တို့ အစိုးရဟာတဲ့
အရည်အချင်းရှိတဲ့သူတွေရှိလို့ရှိရင် ဖယ်ပေးမှာပေါ့။ အမြဲတန်းအာဏာ မယူ ထားပါဘူး။
အဲလိုပြောသွားတယ်။ အရည်အချင်းရှိတဲ့ သူတွေတက်လာ လို့ရှိရင် ဖယ်ပေးမယ်။ အဲလို
ပြောတယ်။”
ဝန်ကြီးချုပ်၏
စည်းရုံးရေးခရီးစဉ်နှင့်ပတ်သက်၍ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဥပဒေအရ
ကန့်သတ်ချက်များအား ကြည့်ခြင်းအားဖြင့် မြင်သာထင်ရှားသည့်
လိမ်ညာမှုတစ်ခုသာဖြစ်ပြီး သွယ်ဝှိုက်သည့် နည်းဖြင့် ခြိမ်းခြောက်ခြင်း
သာဖြစ်သည်ဟု ရှမ်းသံတော်ဆင့်သတင်း လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က
သုံးသပ်ပြောဆိုသည်။
စစ်အစိုးရ၏ ၂၀၀၈ ခုနှစ်
အခြေခံဥပဒေအား ပြင်ဆင်မှုမပြုပါက ရွေးကောက်ပွဲ သို့ဝင်ရောက်ယှဉ်ပြိုင် မည်မ
ဟုတ်ဟု အတိုက်အခံအဖွဲ့အစည်းများကပြောဆိုနေချိန်၌ စစ်အစိုးရမှ
ရွေးကောက်ပွဲဥပဒေအား ယခုလ(၉) ရက် နေ့က ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ယခုထုတ်ပြန်လိုက်သည့် ဥပဒေသည်
၁၉၉၀ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းကြောင်း နိုင်ငံပိုင်သတင်း စာများ၌
ဖော်ပြပါရှိသည်။
|