ကေအဲန်ယူ တပ်မဟာ ၇ အား ခွဲထွက် အဖွဲ့များ သိမ်းပိုက်

အတိုက်အခံ လှုပ်ရှားမှုများ အကန့်အသတ် ရှိလာနိုင

ဧပြီလ ၁၁ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်ခွဲထွက်တပ်ဖွဲ့များနှင့် မြန်မာစစ်တပ်များက ယမန်နေ့က ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ဖက် တပ်မဟာ (၇) ခြေကုတ်စခန်းကို သိမ်းပိုက်လိုက်သည်။ တပ်မဟာ ၇ ဆုံးရှုံးခဲ့ရသည့် အတွက် အတိုက်အခံ အင် အားစုများအတွက် အကြပ်အတည်းများ တွေ့လာနိုင်သည်ဟုလည်း မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ် (ဒီအေဘီ) က ထုတ်ဖော်ပြောဆိုလိုက်သည်။

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့၊ ဗိုလ်မှူးချုပ် ထိန်မောင်ဦးဆောင်သည့် ကရင်ခွဲထွက် အဖွဲ့နှင့် မြန်မာ စစ်အစိုးရတပ်တို့ ပူးပေါင်းပြီး ကေအဲန်ယူ တပ်မဟာ (၇)ကို တနင်္ဂနွေနေ့မှစ၍ ထိုးစစ်ဆင်ရာတွင် တပ်မဟာမှူး ဗိုလ်မှူးဂျော်နီ ထိန်းချုပ်ရာ ဌာနချုပ် တပ်ရင်း (၂၄)ကို ယမန်နေ့က နောက်ဆုံးသိမ်းပိုက်ပြီး တိုက်ခိုက်မှုများ ရပ်တန့်နေသည်။

ယခုလို တပ်မဟာ ၇ ခြေကုတ်စခန်းများကို ကေအဲန်ယူ ဆုတ်ခွာခဲ့ရသည့် နောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ် နှင့် ကေအဲန်ယူနယ်မြေတွင် လှုပ်ရှားနေကြသည့် မဟာမိတ်တပ်ပေါင်းစု၊ ဒီမိုကရေစီအင်အားစုနှင့် အတိုက်အခံ အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ အခက်အခဲ တွေ့လာနိုင်သည်ဟုလည်း ကေအဲန်ယူ နိုင်ငံခြားရေး တာဝန်ခံ ပဒို ဒေးဗစ်ထောက ပြောသည်။

“တပ်ပေါင်းစုအနေနဲ့ကတော့ ဘာပဲပြောပြောပေါ့လေ ဒီကေအဲန်ယူနယ်မြေမှာပဲ သူတို့ များသောအားဖြင့် အခြေ စိုက်ပြီး လှုပ်ရှားတဲ့အတွက်ကြောင့် ဒီတပ်ပေါင်းစုတွေအနေနဲ့ ကတော့ အတိုင်းအတာတခုအထိ လှုပ်ရှားမှုမှာ အ ကန့်အသတ်ဖြစ်မယ်ဆိုတာကတော့ သဘောပေါက်တယ်။”

ယခု ထိုးစစ်သည် နိုင်ငံရေးအရ ကေအဲန်ယူကို သာမကပဲ အတိုက်အခံအင်အားစုများကို ဖြိုခွဲခြင်းလည်း ဖြစ် သည်ဟု မြန်မာပြည် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

“ကေအဲန်ယူတခုလုံးကို ထိခိုက်ရင်တော့ ဒီတပ်ပေါင်းစုကို ထိခိုက်တာနဲ့အတူတူပဲ။ ဒီမိုကရေစီလှုပ်ရှားမှုတွေ ထိ ခိုက်တာနဲ့အတူတူပဲ။ ဒါကြောင့် ဒီကိစ္စမှာတော့ ကေအဲန်ယူရဲ့ ရပ်တည်ချက်နဲ့ ကေအဲန်ယူရဲ့ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ် နိုင်ဖို့အတွက်ကတော့ အားလုံးကတော့ ၀ိုင်းဝန်းအားပေးရမှာဖြစ်တယ်။”

တပ်မဟာ(၇) ဒေသသည် စစ်ရေးအရ ခံစစ်ဖြင့် နေရာယူသင့်သည့် နေရာမဟုတ်သဖြင့် ဆုတ်ခွာပေးခဲ့ရသည်ဟု ကေအဲန်ယူ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ပဒိုဒေးဗစ်ထောက ပြောသည်၊

“အမှန်တော့ အဓိကတော့ အဲဒီနေရာတွေက စစ်ရေးအရ ခံစစ်တွေလုပ်ဖို့ ကောင်းတဲ့ နေရာတွေလည်း မဟုတ် ဘူးလေ။ အဲဒါကြောင့် တပ်မဟာ (၇)က သူတို့ရဲ့ စစ်ဗျူဟာအရဆိုရင် ရှင်းရှင်းပြောရင် ခံစစ်ဆင်သလို ထားပြီး တော့ သူတို့ဆုတ်သွားတဲ့ သဘောတော့ရှိတယ်။ အဲဒီနေရာတွေက စစ်ရေးအရ သိပ်ပြီးအရေးပါတာ မဟုတ် တော့ ကိုယ်ထင်တယ် သူတို့အဲဒီကနေပြီးတော့ ရှင်းရှင်းပြောရရင် အဲဒီကနေ ဆုတ်ပေးတဲ့ သဘောတွေ ရှိတယ် လေ။ ”

တပ်မဟာ(၇) ဆုံးရှုံးသွားသည့်အပေါ် နိုင်ငံရေးအရ သိက္ခာကျမှု ရှိသော်လည်း မြန်မာစစ်တပ်၊ ဒီကေဘီအေနှင့် ဗိုလ်မှူးချုပ် ထိန်မောင်တို့အဖွဲ့ ပူးပေါင်းပြီး စစ်ရေးပြင်ဆင်မှုဖြင့် ထိုးစစ်ဆင်မှုကို ခေါင်းငုံ့ခံမည်ဆိုလျှင် ပို၍ အထိ နာမည်ဟုလည်း ပဒိုဒေးဗစ်ထောက သုံးသပ်သည်။

နှစ်ဖက်တိုက်ပွဲကြောင့် ကရင်ကျေးရွာလူထု ၅၀၀ ကျော် ထိုင်းနိုင်ငံဖက်သို့ ၀င်ရောက်ခိုလှုံနေကြသည်။  

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။