မြစ်ကြီးနားရှိ ကေအိုင်အို တပ်ဖွဲ့ဝင်များ ရွေ့ပြောင်းမှုလုပ်နေ

သတင်းနှင့်မီဒီယာ ကွန်ယက်။
စက်တင်ဘာလ ၁၁ ရက်၊ ၂ဝဝ၉ ခုနှစ်။

မြစ်ကြီးနားမြို့တွင် ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့၏ တပ်ဖွဲ့ဝင်များ၊ မိသားစုများ ဖွင့်လှစ်ထားသည့် စတိုးဆိုင် များ၊ အဝတ်အထည်ဆိုင်များကို ယခုရက်ပိုင်းအတွင်း လျော့ဈေးဖြင့် ရောင်းချနေပြီး အချို့မိသားစု များမှာ တရုတ် -မြန်မာနယ်စပ် လိုင်ဇာသို့ ပြန်နေကြသည်။

မြစ်ကြီးနားမြို့လယ်တွင် ဖွင့်လှစ်ထားသည့် ၎င်းတို့ဆိုင်များ၏ ပစ္စည်းများကို (၂ဝ) ရာနူန်း၊ (၃ဝ)ရာနူန်း စသဖြင့် ဈေးနူန်း လျော့ရောင်းနေသည်ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“အဝတ်အထည်တွေ၊ တရုတ်ပစ္စည်းတွေများတယ်၊ အဲဒါတွေကို အခုက လျော့ရောင်းနေတာ။ ပစ္စည်း ပေါ် မူတည်ပြီး ရာခိုင်နူန်းအမျိုးမျိုး Discount (လျော့ဈေး) လုပ်တာပေါ့။ ဆိုင်ကို ပိတ်မယ့်သဘော ရှိတယ်။ အချို့ဆိုင် တွေလည်း ရောင်းကုန်လို့ ပိတ်ထားကြပြီ။”

မြစ်ကြီးနားမြို့ပေါ်တွင် ကျောင်းတက်နေသည့် ကလေးများပါမကျန် မိသားစုလိုက် လိုင်ဇာသို့ ပြန်နေကြသည်ဟု အဆိုပါ မြို့ခံက ပြောသည်။

“နာမည်တွေတော့ မသိဘူး။ ကေအိုင်အေနဲ့ ဆက်စပ်တဲ့ဟာတွေဘဲ ဖြစ်ဖို့များတယ်။ ပြန်နေကြ တာ တော့ သေချာတယ်။ အဲဒီ တရုတ်ဘက်၊ လိုင်ဇာဘက်ကို ပြန်နေကြတာ ဟုတ်တယ်။”

ပြီးခဲ့လကုန်ပိုင်းက နအဖနှင့် အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသည့် ရှမ်းပြည်နယ်၊ အထူးဒေသ(၁) ကိုးကန့်တပ် ဖွဲ့နှင့် နအဖတပ်တွေအကြား တိုက်ပွဲများဖြစ်ကတည်းကစ၍ ကချင်ပြည်နယ်ဒေသခံများမှာ ဒေသအတွင်း ကေ အိုင်အိုနှင့် နအဖပ်တွေအကြား တိုက်ပွဲများ ပြန်ဖြစ်မည်ကို စိုးရိမ်မှုများရှိနေပြီး တရုတ်နယ်စပ် တလျောက်ရှိ ကေအိုင်အိုထိန်းချုပ်ရာ ဒေသတွင်းမှ ဒေသခံများ တရုတ်ပြည်ဘက်သို့ ပစ္စည်းရွေ့ပြောင်းမှုများ လုပ်နေခဲ့သည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်အသွင်းပြောင်းဖို့ နအဖ၏ ကမ်းလှမ်းမှုကို လက်မခံသည့် နောက်ပိုင်း စစ် အစိုးရဘက်က စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာသလို မြစ်ကြီးနားမြို့တွင် ည(၁ဝ)နာရီ နောက်ပိုင်း ဈေးဆိုင်များ ပိတ်ခိုင်းထားနေချိန်တွင် ကေအိုင်အိုတပ်ဖွဲ့ဝင် မိသားစုများ ပြောင်းရွေ့နေခြင်းဖြစ်သည်။

ယခုလ ၉ရက်နေ့က ကေအိုင်အိုကိုယ်စားလှယ်များနှင့် မြန်မာစစ်အစိုးရဘက်မှ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် တို့ မြစ်ကြီးနားမြို့ တွေ့ဆုံချိန်တွင် နှစ်ဘက်စလုံးမှာ ငြိမ်းချမ်းရေးကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ် ကြောင်းဆွေးနွေးခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။