အိန္ဒိယနယ်စပ်တွင် လုံခြုံရေး တင်းကြပ်

ခွန်အောင်မြတ်။
အောက်တိုဘာလ ၁၁ ရက်၊ ၂၀၀၇ ခုနှစ်။

မြန်မာနိုင်ငံအတွင်း လူထုဆန္ဒပြမှုများကို စစ်အစိုးရဘက်မှ အကြမ်းဖက် ဖမ်းဆီးနှိမ်နင်းပြီး နောက်ပိုင်း အိန္ဒိယ နိုင်ငံသို့ နိုင်ငံရေးခိုလှုံသူများ ထွက်ပြေးတိမ်းရှောင် လာမည့်အရေးကို တားဆီးကာကွယ်နိုင်ရန် အိန္ဒိယ-မြန်မာ နယ်စပ်တလျှောက်တွင် လုံခြုံရေးတိုးမြင့်ချထားသည်ဟု အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထုတ် သတင်းစာ၌ဖော်ပြ ထားသည်။

ယမန်နေ့က ထုတ်ပြန်ခဲ့သော အင်ဖာမြို့ထုတ် The Sangai Express သတင်းစာတွင် မောင်းသူမဲ့ အပေါ့စား ကင်းထောက်လေယာဉ်များကို အသုံးပြု၍ နယ်စပ်ဒေသကို စောင့်ကြပ်နေသည်ဟု ကာကွယ်ရေးဆိုင်ရာ သတင်း ရပ်ကွက်ကို ကိုးကား၍ ဖော်ပြထားသည်။

အိန္ဒိယ အာဏာပိုင်များက နိုင်ငံရေးခိုလှုံမည့်သူများကို  လက်ခံမည်၊ မခံမည်ကို တိတိကျကျ မသိရဟု မဏိပူ ပြည်နယ်အခြေစိုက် မြန်မာကျောင်းသားအဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

 “အိန္ဒိယက ဌာနဆိုင်ရာ သူတို့က အဓိက လာမှာလား မလာဘူးလား။ ဗမာပြည်ထဲက အဲဒီဟာကို ခဏခဏမေးတယ်လေ။ ဒါပေမယ့် သူတို့ အနေနဲ့ လာရင် လက်ခံမယ်၊ ပြန်ပို့မယ်ဆိုတာကိုတော့ တိတိကျကျမဖြေဘူး။ နောက်ပြီး နောက်တခုက မိုးရေးမှာ ဆန္ဒပြတာတွေ ဘာတွေ လုပ်ရင် လက်မခံ ဘူးလို့ ပြောတယ်။ ”

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသည့် အရေးကိစ္စကို အိန္ဒိယအစိုးရအနေဖြင့် စောင့်ကြည့်နေသည့် အနေ အထားကို ကျော်၍ အရေးတယူ လုပ်လာသည်ကို တွေ့မြင်ရကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွှန်ပေါင်း အစိုးရ(အဲန်စီဂျီယူဘီ) ၏ အနောက်ဖက်ဒေသ ၀န်ကြီး ဒေါက်တာတင့်ဆွေက ပြောသည်။

 “တချိန်ထဲမှာတော့ ပေါ်လစီအနေနဲ့ကတော့ အဖြူအမည်းပြောင်းမယ်ဆိုပြီးတော့ ပြောလို့ မရသေး ဘူး။ အိန္ဒိယမှာလည်း ဌာနပေါင်းစုံရှိနေတာကိုး။ ဆိုတော့ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ရော နယ်စပ် ဒေသဂိတ်တွေတကြောကတော့ ဒီတာဝန်ရှိတဲ့သူတွေက တာဝန်ရှိတဲ့အလျောက်လုပ်နေကြတဲ့ သဘော လို့ ကျနော်ယူဆတယ်။ သို့သော်လည်းပဲ ဗမာပြည်မှာဒီလိုပြဿနာဖြစ်ပြီးတော့ တကယ်လို့ နယ်စပ် ဖြတ် ကျော်မှုတွေ ရှိလာရင်တော့က ကျနော်ထင်တယ် လက်နက်မဲ့တဲ့ ပြည်သူလူထုကို ဒုက္ခသည်ကိစ္စ တို့ ကတော့ အိန္ဒိယကတော့ စာနာထောက်ထားတဲ့ ပေါ်လစီကို ဆက်လက်ပြီးတော့ ကျင့်သုံးမယ်လို့ တော့ မှန်းလို့ ရပါတယ်။ ”

နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်မှု ထားရှိသည့်အချိန်တွင် ယနေ့ ချင်းပြည်နယ် မြောက်ပိုင်း နယ်စပ်ရှိ ချူရာချန်ပူမြို့မှ ကျောင်းပေါင်းစုံမှ ကျောင်းသားများနှင့် အိန္ဒိယ ရောက် ဗမာအပါအ၀င် တိုင်းရင်းသားပေါင်းစုံ အင်အား (၇၀၀၀) ကျော်က မြန်မာပြည့် သံဃာတော်များကို သတ်ဖြတ်နေမှုအား ဆန့်ကျင်ကြောင်းနှင့်  ဒေါ် အောင်ဆန်းစုကြည် နှင့် ပူးကျင်ရှင်ထန် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် လမ်းလျှောက် ဆန္ဒပြခဲ့သည်ကို အာဏာပိုင်များက ခွင့်ပြုခဲ့သည်။

အိန္ဒိယ အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်းထိစပ်နေသော အရှေ့မြောက်ဒေသရှိ လက်နက်ကိုင် လှုပ်ရှား မှုများကို နှိမ်နင်းရန်နှင့် ရခိုင်ကမ်းလွန်မှ ထွက်သော သဘာဝဓါတ်ငွေ့ကို ၀ယ်ယူရန်အတွက် ယခုနှစ်များ အ တွင်းတွင် မြန်မာစစ်အစိုးရနှင့် နီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ယင်းကြောင့် လက်ရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ် ရှားမှုများအပေါ် ပြတ်သားစွာ ပြောဆို ဆောင်ရွက်မှုများမရှိ၍ နိုင်ငံတကာမှ ဝေဖန်ပြစ်တင်ခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။