မြစ်ဆုံ ရေကာတာ ရေဝပ်ဒေသနှင့် ဧရာဝတီမြစ်အတွင်း ရွှေတူးခွင့်ပြု

သတင်းနှင့်မီဒီယာကွန်ယက်
ဒီဇင်ဘာ
၁၁ ရက် ၂ဝဝ၉ ခုနှစ်

မကြာသေးမီရက်ပိုင်းကစ၍ မေခနှင့်မလိခ မြစ်ဆုံဒေသနှင့်  ရေကာတာစီမံကိန်းအတွင်း ရေဝပ် ဧရိယာများအား ဒေသခံအာဏာပိုင်များက ရွှေတူးခွင့် ပြုလိုက်သည်။

ယခင်အစောပိုင်းနှစ်များက  ဧရာဝတီမြစ်အတွင်း စက်ဖောင်များသုံး၍ ရွှေတူးခဲ့ကြသဖြင့် မြစ်ကြောင်းများပြောင်း ကာ မြစ်ကြီးနားမြိုအား ရေတိုက်စားသည့်အန္တရာယ်နှင့် ကြုံတွေခဲ့ရသည်

လွန်ခဲ့သည့် ၂ဝဝ၅ ခုနှစ်နောက်ပိုင်း ကာလများမှစ၍ ဧရာဝတီမြစ်ကြောင်းတလျောက်နှင့် မြစ်နှင့် ကိုက်(၁ဝဝဝ)အကွာအဝေးအတွင်း ရွှေတူးခွင့်များကို ပိတ်ပင်ထားခဲ့ရာမှ ယခုနှစ်မှ စ၍ တူးခွင့်ပြန်လည်ရရှိသွားပြီဟု ရွှေတူး လုပ်ငန်းရှင် တဦးက ယခုလိုပြောသည်။

အစောပိုင်းက ပိတ်လိုက်တာကို ပြန်ဖွင့်လိုက်တာ။ ဘာကြောင့်လဲဆိုတော့ ဒါတွေဟာ ရေဝပ် မှာပေါ့ လေ။ အဲဒါကြောင့်မို့ အလဟသမဖြစ်အောင် ပြည်နယ် ပယကလည်း ရန်ပုံငွေရ၊ လုပ်ငန်းရှင်တွေ ကို လည်း လုပ်ကွက်ပေးပြီးသားဖြစ်အောင် ပြီးခဲ့တဲ့(၁ဝ)လပိုင်းတုန်းကတည်းက အသံထွက်လာတာ။ အခု တော့ စပြီး အကွက်တွေ စချနေပြီ။ မြစ်ကြောင်းတလျောက်လုပ်ရင်လုပ်၊ ဒါမှမဟုတ် မြစ်ကမ်း ဘေး လုပ်ချင်လုပ်ပေါ့။ ဟု မြစ်ကြီးနားမြိုခံ ရွှေတူးလုပ်ငန်းရှင်က ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းခဲ့သည့် ကချင်ဒီမိုကရေစီသစ်တပ်မတော်မှ အငြိမ်းစား ယူမည့်သူများက တန်ဖိုး နည်း အိမ်ယာဆောက်လုပ်ရန် မကြာသေးမီလပိုင်းက ရွှေတူး လုပ်ငန်းရှင်များအား အလှူခံခဲ့ပြီး အလှူငွေ ထည့် ဝင်သူများကို ဦးစားပေးနေခြင်း ဖြစ်သည်ဟု က ဆက်ပြောသည်

အဲဒီတုန်းက (၂၅) သိန်းတို့၊ သိန်း(၁ဝဝ)တို့ ထည့်တဲ့သူတွေလည်း ရှိတယ်၊ အလှူငွေ များများထည့် တဲ့သူကျတော့ နေရာကောင်းရမှာပေါ့။ မြစ်ကြီးနားအထက် ကျိန်ခရမ် ကျေးရွာနဲ့ မြစ်ဆုံကြား မြစ် ကြောင်းတလျောက်မှာ ကိုယ်ကြိုက်တဲ့နေရာ ရှာလို့ရမှာပေါ့။ ရေဝပ်ဧရိယာက ဧက ခြောက်ထောင် ကျော် ရှိမယ်။ အခု စလုပ်နေကြပြီ။ ရောက်တဲ့သူတွေ ရောက်နေကြပြီ။

ဝိုင်းမော်မြိုနယ်၊ မံတောင်ကျေးရွာရှိ လိမ္မော်ခြံများသည် ရေဝပ်မည့်ဧရိယာအတွင်း ကျရောက်နေ၍ ဆုံးရှုံး မည့်အတူတူ လွန်ခဲ့သည့်လအတွင်းက ရောင်းချပေးခဲ့ရာ ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် ဥက္ကဌ ဦးဆခုံ တိန့်ယိန်း ဦးဆောင်သည့်  ကချင်အထူး ဒေသ(၁)အဖွဲက ဝယ်ယူခဲ့ပြီး တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်း၍လုပ်ကိုင် နေကြသည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။