|
ပအိုဝ်းတော်လှန်ရေးအဖွဲ့များပေါင်းစည်းကာ ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေး
အဖွဲ့ချုပ်ဖွဲ့စည်း
သတင်းနှင့်မီဒီယာ ကွန်ယက်၊
နွယ်လေး။
ဒီဇင်ဘာလ ၁၁ ရက် ၊၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်တနေရာတွင်ကျင်းပပြုလုပ်သည့်
ပအိုဝ်းအမျိုးသားညီလာခံသို့ တက်ရောက်လာသော ပအိုဝ်း
တော်လှန်ရေး
အဖွဲ့များအားလုံးပေါင်းစည်းကာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(P.N.L.O)ကို
အောင်
မြင်စွာ
ဖွဲ့စည်းခဲ့သည်။
မဟာမိတ်အဖွဲ့များနှင့်
ချစ်ကြည်ရေးတည်ဆောက်နိုင်ရန်၊ အမျိုးသားရေးအတွက်ပိုမို ကောင်းမွန်သည့်
မူဝါဒများချ
မှတ်နိုင်ရန်
ရည်ရွယ်သည်ဟု ညီလာခံမှရွေးချယ် တင်မြောက်ထားသည့် အဖွဲ့ချုပ် ဥက္ကဌသစ်
ဗိုလ်မှုးခွန် ဥက္ကာက ယခုလိုပြောသည်။
“အထူးသဖြင့်
ပအိုဝ်းအမျိုးသားအချင်းချင်း လက်နက်ကိုင် ပဋိပက္ခ လုံးဝ မဖြစ်အောင်
ပအိုဝ်းအမျိုး
သားအဖွဲ့ချုပ်(P.N.O)
ဦးအောင်ခမ်းထီလိုအဖွဲ့နဲ့ အတတ်နိုင်ဆုံး ပဋိပက္ခ မဖြစ်ရေးကိုရှောင်ဖို့မူတွေ ချ
ထားတယ်။”
ယခုလို
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဖွဲ့စည်းနိုင်ခြင်းမှာ ပြီးခဲ့သည့်
နှစ်နှစ်ကျော်ကာလအတွင်း ပ
အိုဝ်း
အမျိုးသားရေး၊
တော်လှန်ရေးလုပ်ရှားနေသည့် ခေါင်းဆောင်များအချင်းချင်း ယုံကြည်မှုတည်ဆောက်ပြီး
ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ရဲဘော်ရဲဘက်စိတ်ဓါတ်နှင့် လက်တွဲမိခြင်းဖြစ်သည်ဟု
၎င်းကဆက်ပြောသည်။
ယခုကဲ့သို့ ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြင့် စစ်ရေး၊
မဟာမိတ်ရေးများကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ပြီး မြန်မာစစ်အစိုးရ
ကျင်းပပြုလုပ်မည့် ၂၀၁၀ ရွေးကောက်ပွဲနှင့် မြန်မာနိုင်ငံရေး အခက်အခဲကို
မဟာမိတ်အဖွဲ့များနည်းတူ စုပေါင်း
ခုခံကာကွယ် သွားရန်
ရှေ့လုပ်ငန်း စဉ်များ ချမှတ်ခဲ့သည်ဟုလည်း ခွန်ဥက္ကာက ယခုလိုပြောသည်။
“ရွေးကောက်ပွဲတွက်
၂၀၀၈ ဖွဲ့စည်းပုံကို အသက်သွင်းမယ့် စစ်အုပ်ချုပ်ရေးကို တရားဝင် အဖြစ်နဲ့ ရွေး
ကောက်ပွဲက
သာမန်ရွေးကောက်ပွဲမဟုတ်ဘူး။ နအဖရွေး ကောက်ပွဲက တကယ့်ကို ထောင်ခြောက် ဆင်ထားတဲ့
ရွေးကောက်ပွဲဖြစ်နေတော့ ပြတ်ပြတ်သားသား ဆန့်ကျင် သွားမှာဖြစ်ပါတယ်”
ဒီဇင်ဘာ(၇)ရက်နေ့မှ (၉)ရက်နေ့ထိ
သုံးရက်တိုင်ကျင်းပပြီး ပထမဆုံး အကြိမ်ပြု လုပ်သည့် ပအိုဝ်းအမျိုးသား
ညီလာခံသို့ ပြည်တွင်းပြည်ပ ကိုယ်စားလှယ်များ၊ ရဟန်းသံဃာများနှင့်
မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့သည်။
၎င်းပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(P.N.L.O)ကို
ဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၊ ဒုဥက္ကဋ္ဌ အဖြစ် ဗိုလ်မှူးချုပ် ခွန်တိဆောင်၊
အတွင်းရေးမှူးအဖြစ် ခွန်မြင့်ထွန်း၊ တွဲဘက် အတွင်းရေးမှူး(၁)အဖြစ်
ဗိုလ်မှူးကြီး
ခွန်သူရိန်တို့မှ
ဦးဆောင်သွားမည်။
|