|
မလေးရှား ထိန်းသိမ်းရေးစခန်းအတွင်း
သေဆုံးမှုများ ဆက်ရှိနေ
သတင်းနှင့်မီဒီယာ
ကွန်ယက်။ ဇော်ကြီး။
ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူ
အပြည်ပြည်ဆိုင်ရာ
လေဆိပ်အနီးရှိ KLIA
ထိန်းသိမ်းရေး စခန်းအတွင်း အမည်မ
သိရောဂါကြောင့်
သေဆုံးမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။
မလေးရှားနိုင်ငံသို့
တရားမ၀င်ဝင်ရောက်လာသည့် နိုင်ငံခြားသားများအား အာဏာပိုင်များမှ ဖမ်းဆီး၍
သက်ဆိုင်
ရာနိုင်ငံများသို့မပို့မီ
ယာယီထိန်းသိမ်းရေးစခန်းများဖွင့်၍ထားရှိခဲ့ရာမှ လွန်ခဲ့သည့်
သြဂုတ်လကုန်ပိုင်းကစ၍ သေ
ဆုံးမှုများ ရှိခဲ့သည်။
အဆိုပါရောဂါကြောင့်
ထိုစခန်းအတွင်း အသက် ၄၅ နှစ်အရွယ် ချင်းအမျိုးသား ငေါင်စပေါင် ယခုလ ၉ ရက်နေ့
က သေဆုံးခဲ့ပြီး
လွန်ခဲ့သည့် လေးလအတွင်း သေဆုံးသူ ၇
ဦး ရှိပြီဟု
စခန်းတွင်းထိန်းသိမ်းခံထားရသူ တစ်ဦးက ယခုလိုပြောသည်။
“ဒီကောင်ကတော့
အသည်းအသန်ဖြစ်နေတယ်။ ထလို့တောင်မရတော့ဘူး။ အခုထလို့ မရတော့ဘူး
ဘယ်လိုလုပ်ရမှာလည်းဆိုတော့ ဒါဆိုရင် ဆေးရုံပို့ပေးမယ်တဲ့ အပြင်ကို
ထုတ်လိုက်တယ်။ ဟိုမှာ
ကျတော့ တစ်ညပဲအိပ်တယ်။
နောက်တစ်ရက် ညကိုးနာရီ လောက်မှာ ဆုံးသွားပြီလို့ သတင်းကြား
ရတာ။
အခုဒီထဲမှာဆိုရင် ကျနော်တို့ ဒီကို ရောက်တာနဲ့ လေးလအတွင်းမှာ ၇ယောက်ရှိနေပြီ
ဆုံး
သွားတာ။”
သေဆုံးသူမှာ
ခြေထောက်များဖောရောင်နေပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အစာ မစားနိုင်သည့်အပြင်
ဆီး
ချုပ်၊ ၀မ်းချုပ်ဖြစ်ရာမှ
စခန်းတာဝန်ရှိသူများအား အကြောင်းကြား ခဲ့သော်လည်း
အချိန်မီပို့ဆောင်နိုင်ခြင်းမရှိခဲ့ဟု ၎င်းကပြောသည်။
အထူးသဖြင့် ထိုစခန်းအတွင်း၌
လွန်ခဲ့သည့် ဇူလိုင်လဆန်းပိုင်းက စမုံညှင်းစခန်းတွင် ကျန်းမာရေးကိစ္စဖြင့်
ဆန္ဒပြမှုကြောင့်ပြောင်းရွှေ့လာသူအများစုဖြစ်ပြီး ထိုသူများအား
ကျန်းမာရေးဂရုစိုက်မှုအားနည်းကာ ပြင်ပမှဆေး
များကိုလည်း
သုံးစွဲခွင့်မရဟု ၎င်းကဆက် ပြောသည်။
“ငါတို့ဒီ
စမုန်ညှင်းက လူဟောင်းတွေဆိုရင် ဆရာဝန်ဆီ ပြမပေးဘူး။ နောက်ပြီးတော့
အဲဒီကြားထဲမှာ ဘာအခက်အခဲရှိလဲဆိုတော့
ကျနော်တို့အပြင်ကနေ
ဆေးတွေဘာတွေပေါ့ကွာ လိမ်းဆေးတွေ၊သောက်
ဆေးတွေ အဲတာတွေမှာတယ်။
အဲလိုမှာတဲ့အခါ သူငယ်ချင်းတွေကလာပေးတယ်။ အဲ့အခါ
မှာလည်း
အခက်အခဲရှိနေတယ်။ ကျနော်တို့လို လူဟောင်းတွေဆိုလို့ရှိရင် မပေးရဘူးတဲ့။
စမုန်ညှင်းက
ဆိုလို့ရှိရင် မပေးရဘူးလို့
ပြောတယ်။”
ထို့အပြင်
ထိုစခန်းအတွင်းထိန်းသိမ်းခံထားရသူများထဲ၌ စမုံညှင်းစခန်းမှ ပြောင်းရွှေ့လာသူ
လူဟောင်းများမှာ စာ
ရင်းပျောက်နေ၍
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး
UHNCR
မှလာရောက်ထုတ်ယူနိုင်ခြင်း
မရှိဟု ၎င်းက ဆက်ပြောသည်။
“အခုကျနော်တို့ကျတော့
UN
နဲ့တွေ့မယ်ဆိုတောင်
UN
ကလည်းလာတော့လာတယ်။ ဒါပေမယ့်
ကျ
နော်တို့
နံပါတ်တွေမခေါ်တော့ဘူး။ နံပါတ်တွေ ကျော်ကျော်သွားပြီးတော့ ခေါ်နေကြတယ်။
ကျနော်တို့
လူဟောင်းတွေဆိုရင်
လုံးဝမခေါ်တော့တာ။ နောက်ပြီးတော့ နာမည်စာရင်းလည်း ဒီထောင်စာရင်းထဲ
မှာမရှိဘူး။
UN
ကဟိုကနေ
စာရင်းပေးလို့ရှိရင်လည်း ဒီကလက်ခံစာရင်းထဲမှာ မရှိတော့ အပယ်ခံရပြီး
တော့
UN
နဲ့တွေ့လို့မရဘူး။ ဒီထဲမှာပဲ
နေနေရတာပေါ့။ ဒီထဲမှာတော့ တစ်နှစ်လောက်ရှိနေပြီ။ အခက်
အခဲဖြစ်နေတာ။”
ရောဂါဖြစ်ပွားသည့်
အကြောင်းရင်းကို သိရှိနိုင်ရန် တာဝန်ရှိသူများအနေနှင့် စုံစမ်းရှာဖွေ
ခဲ့သော်လည်း ယနေ့အ
ချိန်ထိ
မည်သည့်ရောဂါမှန်းမသိရသေးဟု ၎င်းကပြောသည်။
စခန်းတွင်းထိန်းသိမ်းခံထားရသူများအား မြန်မာသံရုံးမှလာရောက်ထုတ်ယူပြီး
မိခင်နိုင်ငံ သို့ပြန်လည်ပို့ဆောင်
ရန်စီစဉ်ပေးသော်လည်း
ငွေကြေးမတတ်နိုင်သဖြင့် မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ၎င်းကပြောသည်။
“ကျနော်တို့ဆီမှာ
ပိုက်ဆံရှိရင် ကျနော်တို့ပြန်ချင်တယ်။ ဒါပေမယ့် အခုချိန်မှာ လက်ထဲမှာ ပိုက်ဆံက
လည်းမရှိဘူး၊
အိမ်ကနေလည်းမရဘူးဆိုတော့ ဒီထဲမှာပဲ ဒီတိုင်းပဲနေရတာပေါ့။”
အစောပိုင်းကာလများက မြန်မာပြည်သို့ပြန်လိုပါက
လူတစ်ဦးလျှင် မလေးရှားငွေ ၁၅၀၀ ခန့် ပေးရပြီး နောက်ပိုင်း
တွင် သံရုံးမှ
တာဝန်ပေးထားသူက တစ်ဦးလျှင် ၅၀၀ နုန်းဖြင့် ပြန်ပို့ရန်စီစဉ်ခဲ့သော်လည်း
ယခုအခါစာရင်းပိတ်
လိုက်ပြီဟု ပြောသည်။
စခန်းတွင်း၌ မြန်မာနိုင်ငံသား ၁၃၀
ကျော်ရှိသည့်အထဲက လောလောဆယ် ရောဂါဖြစ် နေသူ သုံးဆယ်ကျော်
ရှိသည်။
စခန်းတွင်း လေ၀င်လေထွက်နှင့်
အလင်းရောင်ရရှိမှုနည်းပါးခြင်း၊ ချိုးရေနှင့်သောက်သုံးရေ သန့်ရှင်းမှု မရှိခြင်း၊
အ
စားအစာလတ်ဆပ်မှုမရှိခြင်းတို့ကြောင့်
ယခုလိုရောဂါများ ဖြစ်ပွားလာခြင်း ဖြစ်နိုင်သည်ဟု စခန်းတွင်းနေထိုင်သူ
များက ပြောသည်။
|