မြန်မာရွှေ့ပြောင်းကလေးငယ်များ ပင်လယ်ပြင်သို့လေ့လာခွင့်ရ

အောင်မိုးမြင့်။
ဇန္န၀ါရီလ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။

ယနေ့ကျရောက်သော ထိုင်းနိုင်ငံ၏ ကလေးများနေ့တွင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများ၏ ကလေး ငယ်များ ထိုင်းကလေးငယ်များနှင့် အတူ ပင်လယ်ပြင်သို့ ပထမဦးဆုံးအကြိမ် သွားရောက်၍ လေ့လာခွင့်ရခဲ့ သည်။

ထိုင်းနိုင်ငံတောင်ပိုင် ဖန်ငခရိုင်ရှိ ခူရဘူရီမြို့နယ်တွင် ပညာသင်ကြားနေသည့် အသက်ရှစ်နှစ်မှ ဆယ့်လေးနှစ် ကြားရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားမိသားစုများ၏ ကလေး ၄၆ ဦးနှင့် ထိုင်း ကလေး ၃၀၀ ဦးကို နံနက် ကိုးနာရီမှစ၍ ထိုင်းပင်လယ်ပြင်အတွင်းနှင့် ပင်လယ်အနီးတစ်ဝိုက်တွင် စိုက်ပျိုးထားသော သစ်ပင်များနှင့်ပတ် သက်ပြီး မည်သို့ ထိန်းသိမ်းစောင့်ရှောက်ရသည်များကို သွားရောက်လေ့လာကြည့်ရှုခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

ယခုလို ထိုင်းကလေးများနှင့်အတူ သွားရောက်လေ့လာရခြင်းနှင့် ပတ်သက်ပြီး ဦးဆောင်စီစဉ်ခဲ့သူတစ်ဦးဖြစ် သည့် Chamaiporn Chaloddee က အခုလိုပြောသည်။

မြန်မာကလေးတွေဟာ အခု ထိုင်းပြည်သူတွေကြားမှာ အခုလာရောက်နေထိုင်ကြပြီး၊ အဲ့တော့ သူတို့ ဟာ ကျမတို့ရဲ့ ပြည်သူတချို့ ဖြစ်နေပြီး။ နောက်ပြီးတော့ ကလေးတွေ အကုန်လုံးကို စိတ်ထဲမှာ သူ ငယ်ချင်းတွေအဖြစ် ရှိစေချင်တယ် ။ တစ်ယောက်နဲ့ တစ်ယောက် ခွဲခြားမှုတွေ မရှိစေခြင်းဘူး။ ဘာ သာရေးတွေပဲဖြစ်ဖြစ်။ လူမျိုးတွေ နိုင်ငံတွေပဲဖြစ်ဖြစ်၊ နောက်ပြီးတော့ အသိပညာတွေကို အချင်းချင်း ဖလှယ်သွားပြီးတော့ ပူးပေါင်းလုပ်ဆောင်သွားတာတွေ ဖြစ်စေရန်အတွက်ဖြစ်ပါတယ်။

ဖန်ငခရိုင်အတွင်း မြန်မာအလုပ်သမားများ၏ ကလေးများ အတွက် အခြေခံလူထု လူ့အခွင့်အရေး ပညာပေးဌာန ( Grassroots HRE) မှ အလယ်တန်းကျောင်း ၁ ကျောင်းနှင့် မူလတန်းကျောင်း ၄ ကျောင်းဖွင့်လှစ်ထားရှိပြီး ခူရဘူးရီမြို့နယ်ရှိကျောင်းမှ ကလေးများသာ စတင်သွားလာခွင့်ရခဲ့ခြင်းဖြစ်သည်။

ထိုင်းကလေးများနှင့်အတူ ယခုလိုသွားရောက်လေ့လာခွင့်ရခြင်းအတွက် ကလေးတစ်ဦးနှင့်တစ်ဦး အသိအမြင် များ ပြောင်းလဲလာနိုင်မည်ဟု မြင်ကြောင်း ခူရဘူရီစာသင်ကျောင်းမှ မြန်မာကျောင်းဆရာ ကိုဇော်ဇော်က သူ၏ အမြင်ကို အခုလို ပြောသည်။

ကျနော်တို့ ကလေးတွေအတွက်ကတော့ ကောင်းပါတယ်။ ဘာဖြစ်လို့ ကောင်းလည်းဆိုတော့ လက်ရှိ အခြေ အနေမှာ ကျနော်တို့က ဒီနိုင်ငံထဲမှာရောက်နေပြီးတော့မှလေ လူမျိုးခြင်းက မတူညီစေသော် ငြားလည်းပဲ နောက်ပိုင်းမှာ တဖြည်းဖြည်း တဖြည်းဖြည်းနဲ့ ဒီထိုင်းကလေးတွေနဲ့ပေါ့လေ အခုလို ပူးပေါင်းပြီး သွားလာရတဲ့ အခါမျိုးကျတော့ သိပ်ပြီးတော့ လူမျိုးရေးအရ မခွဲခြားတဲ့ စိတ်မျိုးလေး တွေ လည်းဖြစ်လာမယ်။ နောက်တစ်ခါ ထိုင်းကလေးနဲ့ မြန်မာကလေးတွေနဲ့ အားလုံးဟာ အခွင့်အရေး ပိုင်းဆိုင်ရာတွေမှာ ခွဲခြားမှု မရှိဘူးပေါ့နော်။ တော်ရုံသင့်ရုံဟာတွေမှာ တန်းတူညီတူ ရှိလာနိုင်တယ် ဆိုတာကို ဒါသူတို့ကိုယ်နှိုက်က ခံစားလာရတယ် ဆိုတာ သူတို့သိလာတယ်လို့ ကျနော်မြင်တယ်။

ထိုင်းနှင့် မြန်မာကလေးများ သွားရောက်လေ့လာနိုင်စေရန်အတွက် ထိုင်းရဲ ရေတပ်ဖွဲ့။ အခြေခံလူထု လူအခွင့် အရေး ပညာပေးဌာန ( Grassroots HRE) နှင့် အီတလီနိုင်ငံမှ အဲန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် MOSES တို့မှ ကူညီဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။