|
ကလေးစစ်သားအသုံးပြု့သည့်
အဖွဲ့စာရင်းမှ
ပယ်ဖျက်ရန် ကေအဲန်ပီပီ ထပ်မံတောင်းဆို
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၁၂ ရက်၊
၂၀၀၈ ခုနှစ်။
ကရင်နီတပ်မတော်ကို ကလေးစစ်သား အသုံးပြုသည့် အဖွဲ့အစည်းများစာရင်းမှ
ပယ်ဖျက်ရန် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)က ကုသမဂ္ဂ
အထွေထွေ အတွင်းရေးမှူးချုပ်ကို ယနေ့
ထပ်မံတောင်းဆို လိုက်
သည်။
ပြီးခဲ့သည့်နှစ်
နိုဝင်ဘာလက ကေအဲန်ပီပီသည် ၄င်း၏
လက်အောက်ခံ
လက်အောက်ခံ ကရင်နီတပ်မတော် အ
တွင်း
ကလေးစစ်သားအသုံးပြုမှု
မရှိကြောင်း
တင်ပြခဲ့သော်လည်း ကုလသမဂ္ဂက
အရေးယူဆောင်ရွက်ခြင်း မရှိ
ခဲ့ပေ။
ကရင်နီ
တပ်မတော်တွင် ယခုအခါ ကလေးစစ်သားအသုံးပြုမှု
မရှိကြောင်းကို
ကေအဲန်ပီပီ အထွေထွေအတွင်း
ရေးမှူး
(၂) ခူးဦးရယ်က ယခုလို ပြောသည်။
“အဲဒါတွေကို
ကျနော်တို့
နောက်ဆုံး ၂၀၀၁၊
၂၀၀၂ မှာပဲ ဒါနောက်ဆုံးပဲ။
၂၀၀၂ မှာ ဟုတ်လား ဒီ
Human Right Watch
ကလာပြီး
အင်တာဗျူးလုပ်သွားတဲ့ဟာတွေတောင်မှ အဲဒီက အင်တာဗျူး
လုပ်
သွားတဲ့
ကလေးတွေ သုံးလေးယောက်ရှိတယ်။
အဲဒီသုံးလေး ယောက်တောင်မှ အခု ကျနော်တို့
တပ်
ထဲမှာ လက်မခံ
တော့ဘူး။
လက်မခံတော့ဘူးဆိုတာက သူတို့မိဘဆီ
သူတို့ပြန်သွားတာတွေရှိတယ်။
နောက် တခြားနယ်တွေမှာ အလုပ်သွားလုပ်တာတွေရှိတယ်။
အဲဒီနောက်ပိုင်းမှာကတော့
ကျနော်တို့
ဘယ်ကလေးတွေကို လက်ခံတာ မရှိ တော့ဘူ။၊
ရှိလည်းမရှိတော့ဘူး။”
ယခင်က ၄င်းတို့တပ်တွင်းသို့
ဝင်ရောက်လာသည့် ကလေးများကိုလည်း ကျောင်းပညာ နှင့် စစ်ပညာသင်ပေးခဲ့
သော်လည်း
ရှေ့တန်းတွင်
အသုံးပြုခြင်းမရှိဟု ၄င်းက ဆက်လက် ပြောသည်။
ပြီးခဲ့သည့်နှစ်
၂၀၀၇ ခုနှစ်၊
နိုဝင်ဘာလတွင် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီထံ
အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက
တင်သွင်းသည့် အစီရင်ခံစာတွင် မြန်မာစစ် အစိုးရအပါအ၀င် ကရင်နီအမျိုးသား တိုးတက်
ရေးပါတီ
နှင့် တိုင်းရင်းသား လက်နက်ကိုင် များတွင်လည်း ကလေးစစ်သားများ အသုံးပြုမှုရှိနေကြောင်း
ပါရှိ
သည်။
ဘန်ကီမွန်း၏
အစီရင်ခံစာထဲတွင်
ကလေးစစ်သားအသုံးပြုသည့် အထောက်အထားများ ထောက်ပြဖော်ပြထား ခြင်းမရှိသည့်အပေါ်
ခူးဦးရယ်က ယခုလိုသုံးသပ်သည်။
“ဒါပေမယ့်
ကျနော်ယေဘုယျ အနေနဲ့
သူတို့ထည့်တာကတော့
ကျနော် နားလည်လိုက် တာကတော့ တချို့သော
ကျောင်းသူ ကျောင်းသား ကလေးသူငယ်တွေဟာ ပွဲလမ်းသဘင် ကျင်းပတဲ့အခါ
မျိုးတွေ
မှာ
ရဲဘော်ရဲဘက် တပ်စခန်းကတွေမှာ သွားလည်ပတ်ရင်းနဲ့
ရဲဘော်ရဲဘက်တွေနဲ့တွဲပြီး
ဓာတ်ပုံရိုက်
တာတွေ၊
နောက်ပြီးတော့
ရဲဘော်ရဲ့
ယူနီဖောင်း တွေကို ခနလေးဝတ်ပြီးတော့
သေနတ်ကိုင်ပြီး
ဓာတ်
ပုံရိုက်တာမျိုးတွေ၊
အရိုက်ခံတာမျိုးတွေ ဒါတွေက ကလေးတွေလည်းရှိသလို မိန်းကလေး၊
ကျောင်းသူ
ကျောင်းသားတွေလည်း
ရှိတယ်။
အဲဒီ ဓာတ်ပုံတွေကို သူတို့
ရရှိသွားတဲ့အပေါ်မှာ သူတို့
Complain
လုပ်သွားတယ်လို့
ကျနော်အဲလိုပဲ နားလည်တယ်။”
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏
၁၉၇၃
ခုနှစ် ကွန်ကရက်တွင် တရားဝင်အတည်ပြု ထားသည့် အခြေခံ
ဥပဒေအတွင်းတွင် ပုဒ်မ ၂၉(၅) အရ အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးလူငယ်တိုင်းသည်
စစ်မှုထမ်း
အဖြစ်မှ
ကင်းလွတ်ခွင့်ရှိရမည်ဟု ပြဌာန်းထားပြီး
စစ်ပိုင်းဆိုင်ရာ တပ်မှူးများနှင့် ပြောက်ကျားတပ်ဖွဲ့ကို
ထိန်းချုပ်
သည့် ပြည်ထဲရေး
အရာရှိများကိုလည်း ယင်း ပုဒ်မကို ထိန်းသိမ်းလိုက်နာရန်
ညွှန်ကြားထားကြောင်း
ယနေ့
ထုတ်ပြန်သည့်
ကေအဲန်ပီပီ၏
ကြေညာချက်တွင်
ဖော်ပြထားသည်။
မစ္စတာ
ဘန်ကီမွန်း၏
အစီရင်ခံစာထဲတွင်
မြန်မာစစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေ သည့် ကရင်နီအမျိုး
သားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၊
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)နှင့် ရှမ်းပြည်တပ်မတော်(အက်စ်အက်စ်အေ) တို့တွင်လည်း
ကလေးစစ်သား အသုံးပြုသည်ဟု ဖော်ပြထားသည့် အပေါ် ကေအဲန်ပီပီ၊
ကေအဲန်ယူနှင့် အက်စ်အက်စ်အေ တို့လည်း
ငြင်းဆိုထားကာ ၄င်းတို့ထံ
ကလေးစစ်သား ရှိ၊
မရှိကို ကိုယ်တိုင်
လာရောက်
လေ့လာရန် တုန့်ပြန်ပြောဆိုခဲ့ကြသည်။
|