|
ကယားပြည်နယ်တိုက်ပွဲ အနည်းဆုံး သုံးဦးသေဆုံး
ခွန်အောင်မြတ်။
မတ်လ ၁၂ ရက်၊
၂၀၀၈ ခုနှစ်။
ကယားပြည်နယ်အရှေ့ပိုင်း
ရှားတောမြို့နယ်အတွင်း
အပစ်ရပ်ကရင်နီ နှင့် မြန်မာအစိုးရပူးပေါင်းတပ်ဖွဲ့နှင့်
အပစ် ရပ်မထားသည့် ကရင်နီ တပ်ဖွဲ့တို့အကြား
ရက်ပိုင်းအတွင်းက တိုက်ပွဲများ ဖြစ်ပွားရာ အနည်းဆုံး သုံးဦး သေဆုံး
ခဲ့သည်ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (ကေအဲန်ပီပီ)
ကပြောသည်။
မြန်မာစစ်အစိုးရ ကျင်းပမည့် လူထုဆန္ဒခံယူပွဲအတွက်
ကရင်နီလူထုကြား စည်းရုံးရေး ဆင်းသည့် ကရင်နီပြည်
လူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး
(ကလလတ)နှင့် မြန်မာအစိုးရ တပ်ဖွဲ့များကို
ကရင်နီတပ်မတော် က ယခုလ ၈ ရက်နှင့် ၁၀ ရက်နေ့များ
တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီ
တပ်မတော် ဒု-စစ်ဦး စီးချုပ်
ဗိုလ်မှူးချုပ် အောင်မြတ်က ပြောသည်။
“၈
ရက်နေ့
မနက်ကိုးနာရီလောက်မှာ ဗိုလ်မှူးကျော်စိုး အမှတ်(၁)ဒေသ ဒု-မှူး ထင်တယ်။
ကျော်စိုး(ခေါ်) ပိုးရယ်ပေါ့။ သူ့အလောင်းရသွားတယ်လေ။
နောက်ဆယ်ရက်နေ့မှာ ဆသရ (၇)က နောက်
ထပ်တပွဲဖြစ်တယ်။ အဲဒါကတော့ သရီးဒါး၊
ရှားတောမြို့နယ် ဘက်ပေါ့။
ရန်သူက နှစ်ယောက်ကျ တယ်။
တစ်ယောက်က အပြင်းအထန် ဒဏ်ရာရတယ်လေ။
ဒါပေမယ့် အကျအဆုံး အတိအကျ မသိရ သေးဘူး။
ကျနော်တို့ တပ်က အထိအခိုက် မရှိဘူး။”
ကလလတဖက်က အရာရှိတဦးက
၈ ရက်နေ့ ခြုံခို တိုက်ခိုက်မှုတွင်
ကလလတအဖွဲ့မှ
ဗိုလ်မှူးကျော်စိုးနှင့် အမျိုး သမီးနှစ်ဦး သေဆုံးပြီး
၅ ဦး ဒဏ်ရာရရှိသည်ဟု အတည်ပြုပြော သည်။
“ဟုတ်ကဲ့
ကျနော်တို့ဘက်ကပေါ့နော်
သုံးယောက်ကျဆုံးသွားတယ်။ဒဏ်ရာကတော့
လေးငါးယောက် ရတယ်။”
ကလလတအဖွဲ့နှင့်
နီးစပ်သူတဦးက
“ရှားတောမြို့ကနေ
လွိုင်ကော်မြို့ အသွား ကလလတ
စီးလာတဲ့ ကားကို လမ်းကနေ ကေအဲန်ပီပီဘက်က ၀င်တိုက်တယ်။
ကားထဲမှာ ဆယ်ယောက်ကျော်ပါတယ်။ အဲ
မှာ အမျိုးသမီး လေးယောက်ပါတယ်။
နှစ်ယောက်က ကလလတ အဖွဲ့ဝင်၊
နှစ်ယောက်က အပြင်က ရွာသားလို့ကြားရတယ်။
အမျိုးသမီး နှစ်ယောက်သေတယ်။ အားလုံးပေါင်းဆိုရင်
ငါးယောက်လောက် သေမယ်။ ကျော်စိုး
(ပိုးရယ်) တယောက်နဲ့ တီးနူတစ်ယောက် အဲဒီနှစ်ယောက်ပဲ
သိတယ်။ အမျိုး သမီး
နှစ်ယောက်ကတော့ မသိဘူး။”
လာမည့် မေလတွင် ပြုလုပ်မည့် မြန်မာစစ်အစိုးရ၏
လူထုဆန္ဒခံယူပွဲအတွက် ကလလတနှင့် ရှားတောမြို့နယ်
ဥက္ကဌအဖွဲ့တို့
ကျေးရွာများသို့ စည်းရုံးရေးဆင်းချိန်တွင် ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်ဟု
ဗိုလ်မှူးချုပ် အောင်မြတ် က ပြောသည်။
“ကလလတအဖွဲ့က
လူထုကိုသိပ်ပြီးတော့ ဖိနှိပ်တယ်လေ။
နောက် ရန်သူနဲ့ပူးပေါင်းပြီးတော့။
ဖိနှိပ် တယ် ဆိုတာက ခြိမ်းခြောက်တယ်ဗျာ။
နောက် ရိုက်တယ်၊ သတ်တယ်ဗျာ။ ဒီ
ဒီဇင်ဘာလ တုန်းကဆို ရင် အပြစ်မဲ့ လူထုပေါ့။
ဖရူဆိုမြို့နယ် ဒွဲညင်က ရွာသား
တစ်ယောက် အသားလွတ်သတ်တယ်လေ။ နောက်ဆုံး အခြေအနေ
အဲလိုမျိုးဖြစ်တော့ အခွင့်သာတဲ့ အချိန်မှာ လူထုက တောင်းဆိုမှုကြောင့်
အခု လောလောဆယ်ပေါ့ဗျာ။ နောက်
အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံကို အတည်ပြုနိုင်ဖို့
အရေး သူတို့လှုပ်
ရှားတဲ့အချိန်မှာ ကျနော်တို့လည်း
လူထုကို တဘက်တလမ်းက ကျနော်တို့ တတ်နိုင်တဲ့
ဘက်က ပေါ့ဗျာ။
ဖွဲ့စည်းအုပ်ချုပ်ပုံကို ကန့်ကွက်တိုက်ဖျက်ဖို့
ကျနော်တို့လည်း လိုက်လုပ်ရတယ်လေ။”
ယခုလအတွင်း ကေအဲန်ပီပီနှင့် ကလလတို့
တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့သည်ဟု
သိရသည်။
ကေအဲန်ပီပီအဖွဲ့မှာ
၁၉၉၅ ခုနှစ်က မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရခဲ့ပြီး
လပိုင်းအတွင်း သဘောတူ ညီမှု
ပျက်သွားခဲ့သည်။
ကလလတ အဖွဲ့မှာမူ မြန်မာအစိုးရနှင့် ၁၉၉၄ ခုနှစ်မှ စ၍
အပစ်အခတ်ရပ်စဲရေး ပြုလုပ် ထားခဲ့သည်။
အတည်ပြုချက်မရသေးသည့် သတင်းအရ သေဆုံးသည့်အထဲတွင် ရှားတောမြို့နယ်
မယက ဥက္ကဌ ဦးအောင် မြင့်
လည်းပါသည်ဟု သိရသည်။
|