|
ထိုင်းမိဖုရား မွေးနေ့နှင့် ကရင်လက်ချည်ပွဲ ပူးတွဲကျင်းပ
မဲဆောက်ရောက် ကရင် ၂၀၀၀ ခန့်ပါဝင်ဆင်နွဲ
ခွန်အောင်မြတ်။
သြဂုတ်လ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့တွင် ယနေ့ကျရောက်သော ထိုင်းမိဖုရား သက်တော် ၇၆ နှစ်မြောက် အထိမ်း
အမှတ်နှင့်အတူ ထိုင်းနိုင်ငံရောက် ကရင်လူမျိုးများက ကရင်ရိုးရာ
ချည်ဖြူဖွဲ့မင်္ဂလာပွဲအခမ်းအနားကို တောရ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ကြရာ
လူပေါင်း ၂၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်၊
ကရင်လူမျိုးတို့၏
အထွဋ်အမြတ်ဖြစ်သည့် ၀ါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာပွဲအခမ်းအနား ကို ထိုင်းမိဖုရား၏
မွေးနေ့ နှင့် တိုက်ဆိုင်ကျင်းပခြင်းဖြစ်သည်ဟု ပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဌ
စောမြပဒိုင်က ယခုလို ရှင်းပြသည်။
“ခေတ်ကာလဒေသအရနဲ့
ကိုက်အညီအောင် ကျနော်တို့ ဒီနှစ် ဘုရင်မိဖုရားရဲ့ မွေးနေ့ လည်းဖြစ်
တယ်ဆိုပြီးတော့ အဲဒါ ကျနော်တို့ ဒီပွဲတွေကို ကျင်းပပေးလိုက်တာပေါ့နော်။
တချို့လူတွေကျတော့ ၀ါ ခေါင်လပြည့်နေ့တိတိမှာလုပ်ကြတယ်။ အမှန်မှာကတော့ ၀ါခေါင်
လပြည့်ကျမှ လုပ်ကြပေမယ့်လည်း ကျနော်တို့ ကရင်လူမျိုးတွေကပေါ့နော် အားလုံး
တိုင်းရင်းသားတွေ ဧည့်သည်တော်တွေ အားလုံး တွေက ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့
ဘ၀ရဲ့ ကံကြမ္မာတွေကိုက ကိုယ့်ဟာကိုယ် မရပ်တည်နိုင် တဲ့အခါကျတော့ ခေတ်ကာလ
ထိုင်းရဲ့အခြေခံလေးနဲ့ ကျနော်တို့ ဘုရင်မ မိဖုရားရဲ့မွေးနေ့နဲ့ လူ တွေက စည်ကား
သိုက်မြိုက်စွာ ဆိုပြီးတော့ ကျနော်တို့ ကျင်းပရခြင်းဖြစ်ပါတယ်ခင်ဗျား။”
ထိုင်းမိဖုရား
မွေးနေ့အထိမ်းအမှတ်နှင့် ကရင်ရိုးရာ ဓလေ့ ချည်ဖြူဖွဲ့မင်္ဂလာပွဲအခမ်းအနား တွင်
ထိုင်းနိုင်ငံရောက် ကရင်လူမျိုးအပါအ၀င် တိုင်းရင်းသားလူမျိုးပေါင်းစုံ အင်အား
၂၀၀၀ ကျော် တက်ရောက်ခဲ့ကြသည်။
မနက်ပိုင်းတွင်
ကရင်လူမျိုးတို့၏ ရိုးရာပွဲဖြစ်သည့် ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကို
ရှေးကရင်လူကြီးသူမ ဓလေ့ အတိုင်း ကျင်းပကာ တက်ရောက်လာကြသည့် ဧည့်ပရိဿတ် များကို
ကရင်ရိုးရာ ဒုံးယိမ်းအက၊ ရှေးဟောင်း သီချင်းကြီးနှင့်
ခေတ်ပေါ်တေးသီချင်းများဖြင့် ဖြေဖျော်တင်ဆက်ပြကြပြီး
ကရင့်ရိုးရာအစားအသောက်များဖြင့် ဧည့်ခံကျွေးမွေး ကြသည်။
“ကရင်လူမျိုးရဲ့
လိပ်ပြာခေါ် ချည်ဖြူဖွဲ့မင်္ဂလာတွေကို ကျနော်တို့ ကရင်တမျိုးသားအတွက် လည်း
မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံးတွေ ကျနော်တို့ တိုင်းရင်းသားတွေ
အားလုံးပေါ့နော် ဒီနေ့ ဒီရက်မှာ အကုန်လုံး အေးချမ်းကြပါစေလို့ ကိုယ့်ဘ၀ကို
ကိုယ်ရပ် တည်နိုင်ပါစေလို့ အဲလို လူကြီးတွေက သူတို့တွေက ဆုပေးထားတယ်ပေါ့နော်
လူငယ်တွေ ကို။ နောက်လာမယ့် လူငယ်တွေ တိုင်းရင်းသားတွေပေါ့ အားလုံးရှိရှိ
သမျှလူတွေကို အားလုံးကျန်းမာချမ်းသာကြပါစေလို့ ကိုယ့်ဘ၀ ကိုယ်
ရပ်တည်နိုင်ပါစေလို့ သူတို့တွေက အဲလိုဆုတောင်းပြီးတော့
မေတ္တာပို့ပေးပါတယ်ခင်ဗျား။”
ဟု စောမြပဒိုင်က
ကရင်အမျိုးသား သက်ကြီးရွယ်အိုများ ဆုတောင်းပေးပုံကို ပြောပြသည်။
ကရင်ရိုးရာ
ချည်ဖြူဖွဲ့မင်္ဂလာ ပွဲတော်ကို ၀ါခေါင်လပြည့်နေ့တွင် ကျင်းပလေ့ရှိသော်လည်း
မဲဆောက်ရှိ ကရင် အမျိုးသားများက ထိုင်းမိဖုရား မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့်
ချည် ဖြူဖွဲ့မင်္ဂလာ(လိပ်ပြာခေါ်) ပွဲကို ကျင်းပ ရခြင်းဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး
ကော်မတီက ပြောသည်။
ထိုင်းမိဖုရားမွေးနေ့အထိမ်းအမှတ်အဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း
ဖန်ငခရိုင်တွင် မြန်မာအလုပ်သမားကို ကူညီ စောင့်ရှောက်ပေးသည့်
လူ့အခွင့်အရေးအဖွဲ့အစည်း၊ မက်ပ်ဖောင်ဒေးရှင်းနှင့် ထိုင်းအဲန်ဂျီအို
အဖွဲ့အစည်းများ စုပေါင်းပြီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲများ ကျင်းပခဲ့ကြသည်။
|