|
ထိုင်းနိုင်ငံရောက် မြန်မာများ မိခင်များနေ့ ဂုဏ်ပြုပွဲကျင်းပ
နွယ်လေး။
သြဂုတ်လ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။
ယနေ့ ၁၂ ရက်နေ့တွင်
ကျရောက်သော ထိုင်းမိဖုရား၏ သက်တော် ၇၆ နှစ်ပြည့် မွေးနေ့ တွင် ထိုင်းနိုင်ငံ
တောင်ပိုင်း ဖန်ငခရိုင် တကွာပါမြို့နယ်မှ အခြေခံလူထု လူ့အခွင့်ရေးပညာပေး အဖွဲ့
(GHRE) ဦးဆောင်ပြီး မြန်မာရွေ့ပြောင်းအလုပ်သမားများက မိခင်များနေ့ကို
ဂုဏ်ပြုသည့် အခမ်းအနား ကျင်းပခဲ့သည်။
ထိုင်းမိဖုရားမွေးနေ့
အခမ်းအနားကို ထိုင်းနိုင်ငံ အမေများနေ့ဟု သတ်မှတ်ကြပြီး ထိုင်းနိုင်ငံ
တ၀န်းလုံး ကျင်းပ ကြသည့်နည်းတူ ယနေ့နံနက်တွင် တကွာပါမြို့နယ် ခစ်ခတ်ရှိ မြန်မာ
ရွေ့ပြောင်းအလုပ်သမားများကို ပညာ သင်ကြားပေးနေသည့် GHRE ဖွင့်လှစ်ထားသည့်
စာသင်ကျောင်းတွင် ကျင်းပသည့် အခမ်းအနားသို့ ကျောင်း သားမိခင်များနှင့်
ကျောင်းသား ပေါင်း ၂၀၀ ကျော်ခန့် တက်ရောက်ခဲ့သည်ဟု GHRE အဖွဲ့မှ ကိုဗညားက
ပြောသည်။
“ ဒီမနက် ရှစ်နာရီခွဲ
ကျော်မှာ အခမ်းအနားစပြီး ဘုန်းကြီးဆွမ်းကပ်တယ်။ ပြီးတော့ထိုင်းကျောင်း မှာ
တက်နေတဲ့ မြန်မာကျောင်းသားတွေကို နီးစပ်ရာ မိဘတွေနဲ့ ကျောင်းသားမိခင်ကို
ပူဇော်ကန် တော့တဲ့ ပွဲလေးလုပ်ပေးတယ်။ ထိုင်းကျောင်းသားနဲ့ အတူ
မြန်မာကျောင်းသူလေးတွေလည်း ထိုင်း မိဖုရားမွေးနေ့မှာ အတူ ဆင်နွဲ ခွင့်ရတယ်။”
မိခင်များနေ့
အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် ထိုင်း-မြန်မာချစ်ကြည်ရေးအဖြင့်
လူ့အခွင့်ရေး ပညာပေး အဖွဲ့ (GHRE)က ဘောလုံးပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်ဟု
ကိုဗညားက ယခုလို ဆက်ပြောသည်။
“ အဓိက ရည်ရွယ်ချက်က
ကျနော်တို့ မြန်မာနဲ့ ထိုင်းလူမျိုးကြားမှာရှိတဲ့ မရှင်းတဲ့ အမြင်တွေ ပေါ့
နော် အားကစားကို အခြေခံပြီး ရင်းနှီးးမှုတည်ဆောက်နိုင်မယ်။ အဲဒီကနေ
ယုံကြည်မှုတွေ တည် ဆောက်နိုင်မယ်လို့ ယုံကြည်မှုရှိတယ်။ ထိုင်း-မြန်မာ နယ်စပ်
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ ပတ် သက်လို့ ချေဖျက်နိုင်မယ်လို့လည်း ကျနော်တို့
မျော်လင့်တယ်။ အဓိကက ကျနော်တို့ ထိုင်းမိဖုရား မွေးနေ့ကို ဂုဏ်ပြုတာ။ ”
ထိုင်း-မြန်မာ ပထမဆုံးအကြိမ် ပူးပေါင်း ယှဉ်ပြိုင်သည့် ဘောလုံးပွဲစဉ်
ဖြစ်ပြီး ထိုင်း ဒေသခံရဲ အဖွဲ့။ ဒေသခံ အဖွဲ့စည်းမှ ဦးဆောင်ကျင်းပပြီး
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ ပါဝင်ဆင်နွဲကြသည်။
ထိုင်းမိဖုရားမွေးနေ့အထိမ်းအမှတ်အနေဖြင့် မဲဆောက်ရှိ ထိုင်းနိုင်ငံရောက်
ကရင်လူမျိုး များလည်း စုပေါင်းပြီး ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲ
အခမ်းအနားနှင့် ပူးတွဲကျင်းပရာ ကရင်လူမျိုး အပါအ၀င် ဧည့်ပရိဿတ် ၂၀၀၀ ကျော်
တက်ရောက်ခဲ့ကြသည်။
|