|
ဘန်ကောက်ရှိ မြန်မာအလုပ်သမားများကို
ရဲအမည်ခံသူများက ငွေညှစ်နေ
ခွန်အောင်မြတ်။
ဒီဇင်ဘာလ
၁၂ ရက်၊
၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားကို ရဲအမည်ခံ
လူတစုက ဖမ်းဆီးခြိမ်း
ခြောက်ပြီး
ငွေတောင်းယူမှုများ မကြာခဏ ဖြစ်ပွားနေသည်ဟု အလုပ်သမားများက ပြောသည်။
အလုပ်သမားများထံ အလုပ်ရှာပေးမည်ဟု ဖုန်းဆက်ချိန်းဆိုပြီး သွားရောက်သောအခါ ရဲကဒ်
ထုတ်ပြပြီး အဖမ်းမ
ခံချင်လျှင်
ငွေပေးရမည်ဟု ခြိမ်းခြောက် ပြောဆိုသည်ဟု ကိုယ်တိုင် ခံခဲ့ရသူ အလုပ်သမား
ခွန်အာလာရက ယခုလို ပြောသည်။
“ကျနော်က
အစတုန်းက ၀ လူမျိုး သူငယ်ချင်းလို့ ထင်နေတာ။ အဲဒီလူက ကျနော် အလုပ်လုပ်ချင်
တယ်။ ကျနော့်ကို
ရှာပေးပါဆိုပြီး ကျနော့်ကို ဖုန်းခဏခဏဆက်လာတယ်။ အဲဒါနဲ့ ပြီးခဲ့တဲ့ နှစ်ရက်က
ကျနော်သွားတော့
နေရာချိန်း လိုက်တယ်။ ဂိုဏ်းအဖွဲ့ တနေရာကနေ စောင့်ကြည့် နေတယ်။ အကဲခတ်
နေတာပေါ့။ ဒီလူက ဘာလူမျိုးလဲ ထိုင်းလား ဘာလဲပေါ့။ ဒီလူ ဘာလက်မှတ်ကိုင်ထားလဲ
ထိုင်းမှတ်ပုံတင် အစစ်ဆိုရင်တော့ သူတို့မလုပ်ရဲဘူး။
အများအားဖြင့်
နိုင်ငံခြားသားတွေကို ဖမ်းတာ ရွေ့ပြောင်းအလုပ်သမားပေါ့။
ကျနော်ရောက်တော့ သူတို့က ကျနော့်ကို ၀ိုင်းအုံပြီး ဖမ်းကြတယ်။ အဲဒါ ငွေ
တသိန်းတောင်းတယ်။ ငွေတသိန်းမရှိဘူးလို့ ပြောတော့။ အဲဒါဆိုရင်
ရဲစခန်းလိုက်ခဲ့တဲ့ မင်းကို လူကုန်ကူးမှုနဲ့ တရားစွဲမယ်ဆိုပြီး ကျနော့်ကို
ကားနှစ်စီးနဲ့ တင်ပြီး ရဲစခန်းနား ရောက်ခါနီးမှာ တခါ ပြန်တောင်းတယ်။ အဲဒါ
ကျနော် သုံးသောင်း ပေးလိုက်ရတယ်။ ငွေ(၃)သောင်းအပြင် ဖုန်းတွေ
လည်း ယူတယ်။
ပိုက်ဆံအိတ်တွေ ဘာတွေ အကုန်ယူသွားတယ်။ ပိုက်ဆံအိတ်ထဲက ကားခအတွက် ဆောင်ထားတဲ့
ငွေတရာ နှစ်ရာလည်း အကုန်ယူသွားတာပဲ။ ကျနော်ပြန်တော့ ကားခ တရာနှစ်ရာပြန်
တောင်းတာတောင် မရဘူး။”
၎င်းတို့ သိမ်းယူသည့်
ဖုန်းထဲတွင် ပါသည့် နံပါတ်များကို တခြားသူများထံ
လိုက်ဆက်သည်ဟု ခွန်အလာရက ပြောသည်။
“ဖုန်းထဲမှာ
ကျနော်သိမ်းထားတဲ့ နာမည်တွေ နံပါတ်တွေကို သူတို့ ပြန်ဆက်တယ်လေ။ မနေ့တနေ့
ညတုန်းကဆိုရင်။
ဒါနောင်းကျင်လား ဒီမှာ အလုပ်သမားတွေ အများကြီးလို တယ်။ လူမရှိဘူးလားလို့ မေးလာတယ်တဲ့။
အဲဒါ ဒေါ်ကျင်က ရှိတယ် သုံးလေးယောက် လောက်ရှိတယ်လို့ ပြောတော့။ ဘာ
လူမျိုးလဲ
ဘယ်မှာနေလဲလို့ မေးတော့။ သူတို့က ကရင်မိန်းကလေးတွေ ထိုင်းလိုလည်း မတတ်သေး
ဘူးလို့ပြောတော့။
အဲဒါဆို ခေါ်လာခဲ့ စားသောက်ဆိုင်မှာ အလုပ်ပေးမယ်။ နေတဲ့ အခန်းလည်း မပေးရဘူးလို့
ပြောတယ်။ အဲဒါ ဒေါ်ကျင်ကလည်း ကျနော်အမျိုးသမီးကို လှမ်းမေးလာတယ်။ ကျနော့်မိန်းမ
အဲဒီလူရဲ့သံကို မှတ်မိနေတယ်။ ကျနော့်အမျိုးသမီးကလည်း အဲဒီလူက ဟိုနေ့တုန်းက ကျမယောက်ျား
ဆီဆက်တဲ့ လူရဲ့ အသံပဲ သတိထားဆိုပြီး သတိပေးလိုက်တယ်။”
ယမန်နေ့က ဒေါ်ကျင်ထံ
ထပ်မံဆက်သွယ်မေးမြန်းလာရာ ဒေါ်ကျင်က ကရင်အမျိုးသမီးငယ်များသည် ထိုင်း
စကားမတတ်သဖြင့်
အခက်အခဲရှိသည့်အတွက်
ထိုင်းအိမ်ဖော် နှစ်ယောက်ကို လာပို့မည်ဟု ပြောလိုက်ရာ ၎င်းတို့က ကရင်အမျိုးသမီးသာ
လိုအပ်ကြောင်း၊ ထိုင်းလူမျိုးဆိုလျှင် စဉ်းစားအုံးမည်ဟု ပြောဆိုသည်ဟု ၎င်းက ဆက်လက်
ပြောဆိုသည်။
ယင်းအဖြစ်အပျက်မျိုး
ဘန်ကောက်တွင် ယခင်လမှစ၍ မကြာခဏ ဖြစ်ပျက်သည်ဟု ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်
မြန်မာနိုင်ငံသားအသင်း (Burma
Association in Thailand - BAT) တာဝန်ခံ
ဦးကျော်
သောင်းက
ပြောသည်။
“လွန်ခဲ့တဲ့
နှစ်ရက်လောက်က အမှုတခု ကျနော်တို့ဆီကို ရောက်လာတယ်။ ဘယ်လို ရောက်လာ လဲ
ဆိုတော့
တောင်းကြီးရှမ်းမတယောက်ရယ်၊ ကျနော်တို့ ရခိုင်မတယောက်ရယ် သူတို့တွေက အင်္ဂလိပ်
အိမ်မှာ
ပညာတတ်အိမ်ဖော်တွေပေါ့ဗျာ၊ အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တဲ့ ကောင်မလေးတွေ။
သူတို့နှစ်နှစ်ကျော် သုံးနှစ်လောက်လုပ်ပြီးတော့ အိမ်ကို ခနပြန်လည်မယ်
ဆိုပြီးတော့ သူတို့ဆီမှာ ရွှေတွေ ငွေတွေပါတယ်။ ရွှေတွေ၊ ငွေတွေပါတော့ အဲဒီမှာ
သူတို့ကို သွင်းပေးတဲ့ ပွဲစားမက ကဲ နင်တို့ထွက်တဲ့နေ့
ငါ့မှာ လူသစ်သွင်းမယ်ဆိုပြီးတော့ ခေါ်တာ။ ဆိုတယ်ဆိုတော့ သူတို့ထွက်တာနဲ့
တပြိုင်နှက် အဲဒါ ထိုင်းကို ပုလိပ်လိုလို ဘာလိုလို ၀တ်ခိုင်း ပြီးတော့မှ
နှစ်ပေါက်တပေါက်
ရိုက်ပြီး
တော့မှ အဲဒီ
ကောင်မလေးတွေမှာပါတဲ့ ဘတ်နှစ်သောင်း ကျော်ရယ်၊ ရွှေနှစ်ကျပ်သားကျော် ယူသွား
လိုက်တယ်။”
ယင်းအိမ်တွင် တလဘတ်ငွေ ခြောက်ထောင်ပေးမည်ဟု ခေါ်သဖြင့် အိမ်ဖော်အသစ်ပို့ရန်
ကိုရွှေအောင်က သူ့ခယ်မကို
သွားပို့ရာ အိမ်ရှင်က ပွဲခ ဘတ်ငွေတထောင် ပေးပြီးပြန်လာရာ အိမ်အပြင်ထွက်သည်နှင့်
ထိုင်းရဲ
ယောင်ဆောင်သူများက ကိုရွှေအောင်ကို လူကုန် ကူးဖြင့် ဖမ်းမည်ဟု
ခြိမ်းခြောက်သဖြင့် ဘတ်ငွေတသောင်း
သုံးထောင် ပေးလိုက်ရသည်ဟု ဦးကျော်သောင်းက ပြောသည်။
ယခုလို
ဖြစ်ပျက်မှုသည် ထိုင်းနိုင်ငံ စီးပွားရေးကျဆင်းပြီး အလုပ်ရုံ၊
စက်ရုံများပိတ်ပြီး အလုပ်သမားများကို ဖြုတ်
လိုက်သဖြင့်
လူကုန်ကူးသူများနှင့် ထိုင်းရဲများ ညှိပြီး အလုပ်သမားများအပေါ် ခေါင်းပုံဖြတ်
ပြုလုပ်ခြင်းဖြစ်သည်
ဟု
ဦးကျော်သောင်းက သုံးသပ်သည်။
|