|
ကလေး
ကူးသန်းရောင်းဝယ်မှု ပပျောက်ရေးနေ့ ကျင်းပ
ကလေးကုန်ကူးမှု တားဆီးရန် လိုအပ်
နွယ်လေး။
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့ရှိ ဆာတူးလေ ရွှေပြောင်းအလုပ်သမားကျောင်းတွင် ကလေးကူးသန်းရောင်း
ဝယ်မှု ပပျောက်ရေးနေ့ အခမ်းအနားကျင်းပခဲ့ကာ အနာဂတ်သား ကောင်းကလေးငယ်များကို
ရောင်းဝယ်ခြင်း မပြုလုပ်ရန် တိုက်တွန်းခဲ့သည်။
"Child
trafficking ပပျောက်ရေးနေ့ လုပ်ခြင်းအားဖြင့် ကလေးတွေက ဒီကူးသန်း ရောင်းဝယ်ရေး
နဲ့ပတ်သက်ပြီးမိမိ ကိုယ်ကိုကိုယ် ဘယ်လို ကာကွယ်ရမလဲ။ ဘယ်လိုရှောင်မလဲ ဆိုတာ
သိရှိနားလည် လာတဲ့တွက်ကြောင့် လာမယ့်အနာဂတ်မှာ သူတို့အတွက် ပိုပြီးတော့
အကျိုးရှိတယ်။ အနာဂတ်ဟာ ကလေးတွေ လက်ထဲမှာပဲ ရှိတဲ့အတွက် ကလေးမိဘတွေ အနေနဲ့
ဒီကလေးကူးသန်းရောင်းဝယ်မှုနဲ့ ပတ်သက်ပြီးကလေးကို မိဘတွေကပိုပြီး ထိန်းထိန်း
သိမ်းသိမ်းရှိစေချင်တယ်။ ကလေးကငွေ အတွက် မဟုတ်ဘူး ငွေက ကလေးအတွက်
ဖြစ်တဲ့အတွက်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် သားသမီးကို ရောင်းစားတဲ့
မိဘတွေကို အလွန်တန်ဖိုးရှိတဲ့ အနာဂတ် ခေါင်းဆောင်ကလေးတွေ ကူးသန်း
ရောင်းဝယ်မှုအတွက် ၀ိုင်းဝန်းတိုက်ဖျက်ဖို့ တိုက်တွန်းချင်တယ်" ဟု
အခမ်းအနားတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ပညာရေး ကော်မတီ ဥက္ကဌ ဆရာမ နောဖောရေ
က တိုက်တွန်းပြောဆိုသည်။
ယနေ့နံနက် ၈
နာရီကျော်တွင် မဲဆောက် ရွှေ့ပြောင်းအလုပ်သမားကျောင်းပေါင်းစုံမှ ကျောင်းသား၊
ကျောင်းသူ ပေါင်း ၃၀၀၀ ကျော်ခန့်သည် ကလေးကူးသန်း ရောင်းဝယ်မှု ပပျောက်ရေးနေ့
ဆောင်ပုဒ်၊ ဆိုင်းဘုတ်များ ကိုင် ဆောင်ပြီး မဲဆောက်မြို့တွင်း စီတန်း
လှည့်လည်ခဲ့ကြသည်။
ဆာတူးလေကျောင်းတွင်
ကျင်းပသည့် အခမ်းအနားကို ကျောင်းသူကျောင်းသား ကလေးငယ်များက ဦးဆောင်ကာ
ကျင်းပပြီး ၎င်းတို့ ကိုယ်တိုင်ရေးစပ်ထားသည့် ကလေးကူးသန်းရောင်းဝယ်မှု နှင့်
ပတ်သက်သည့် တေးသီချင်းများ သရုပ်ဖော် ပြဇာတ်များဖြင့် ကပြဖျော်ဖြေပြီး
ကလေးကူးသန်းရောင်းဝယ်မှု ပြခန်းနှင့် အားကစား ပြိုင်ပွဲများလည်း ကျင်းပသည်။
အမေရိကန်အစိုးရထုတ်ပြန်သည့် နှစ်ပတ်လည်အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ကလေး
ကူးသန်းရောင်းဝယ်မှု အဆိုးဝါးဆုံး တတိယအဆင့် နိုင်ငံအဖြင့် ငါးနှစ်ဆက်တိုက်
ပါဝင်ခဲ့သည်။
အများအားဖြင့်
မြန်မာနိုင်ငံမှ ကလေးငယ်များကို ထိုင်း၊ တရုတ်စသည့်နိုင်ငံများသို့ မှောင်ခို
ရောင်းဝယ်နေခြင်း ဖြစ်သည်။
မြန်မာပြည်တွင်
ကလေးငယ်များအား လူမှောင်ခိုရောင်းဝယ်နေခြင်းအပေါ် လူ့အခွင့်အရေး ပညာပေးဌာန
(မြန်မာနိုင်ငံ) ဒါရိုက်တာ ဦးအောင်မျိုးမင်း က ယခုလို သုံးသပ်သည်။
"အဓိကအကြောင်းအရင်းကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ပြည်တွင်းစစ်ရယ် နောက်တခါ
ဆင်းရဲ မွဲတေမှု ဒဏ်တွေကြောင့်ပဲ။ အဲဒါတွေကြောင့် ကလေးတွေက ပညာမသင်နိုင်ဘူး။
အလုပ်အကိုင်တွေကို ထွက် ရှာကြတယ်။ ထွက်ရှာတဲ့အခါမှာ မသမာသူတွေရဲ့
ကူးသန်းရောင်းဝယ်မှုကို ခံရပြီး ကလေးအလုပ် သမားတွေ ကလေးပြည့်တန်ဆာတွေ
တခြားတိုင်းပြည်ကို ရောင်းစားခံရတာတွေ အဲဒီ အကျိုးဆက် တွေ ဖြစ်လာတာပဲ။ "
ကလေးငယ်များကို
မှောင်ခိုကူးသန်းရောင်းဝယ်မှုအား ပပျောက်စေရန် ဥပဒေပြဌာန်းရုံနှင့် မပြီးဘဲ
ယင်းကို ထိ ရောက်စွာအရေးယူရန်၊ လူထုကို ပညာပေးရန်နှင့် ဆင်းရဲမွဲတေမှုကို
ပပျောက်စေရန် လိုအပ်သည်ဟု ဦးအောင် မျိုးမင်းက ဆက်လက်ပြောသည်။
ကလေး
ကူးသန်းရောင်းဝယ်မှုအား ရာဇ၀တ်မှုသတ်မှတ်သည့် ဆာလာမို နိုင်ငံတကာ စာချူပ်ကို
အတည်ပြု လက်မှတ်ရေးထိုးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့ကို ကလေးကူးသန်း ရောင်းဝယ်မှု
ပပျောက်ရေးနေ့အဖြင့် သတ်မှတ်ခဲ့ကြသည်။
ယနေ့ည ၆ နာရီတွင်
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် အခမ်းအနားကျင်းပမည် ဖြစ်သည်။
|