|
မြန်မာဆရာတော်၏
ထိုင်းနယ်စပ်
သတင်းစာရှင်းလင်းပွဲ ပိတ်ပင်ခံရ
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၁၃ ရက်၊
၂၀၀၈ ခုနှစ်။
လွန်ခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုကို
ခေါင်းဆောင်ခဲ့သော သံဃာတော်တပါး၏
ထိုင်း-မြန်မာနယ်စပ်
သ
တင်းစာ
ရှင်းလင်းပွဲကို ထိုင်းအာဏာပိုင်တွေက
ပိတ်ပင်တားဆီးမှု
ပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲကို ယနေ့ညနေ
၃ နာရီကျော်အချိန်တွင် စတင်ပြုလုပ်ပြီး
မိနစ် သုံးဆယ်ကျော်ကြာ
အချိန်
တွင် ထိုင်းအာဏာပိုင်
အဖွဲ့ပေါင်းစုံမှ
အယောက် ၃၀ ကျော် လာရောက် တားဆီးမှုပြုလုပ်ခဲ့သည်ဟု
ပိတ်ပင်ခံ
ရသော သတင်းစာ
ရှင်းလင်းပွဲကို တက်ရောက်ခဲ့သည့် သတင်းထောက်တဦးက ပြောသည်။
“အခု
မြို့နယ်အာဏာပိုင်နဲ့က
ဆိုလို့ရှိရင်
အမ်ဖို(မြို့နယ်အာဏာပိုင်)ရုံးက
လူကြီးပါလာ
တယ်။
စစ်
တပ် အဖွဲ့ရယ်၊
တော်မော(လူဝင်မှုကြီးကြပ်ရေး)အဖွဲ့
အကြီးဆုံးလူရယ်၊
နောက်ပြီးတော့
သူကြီးအဖွဲ့
ရယ်၊
တောချလော စစ်တပ်အဖွဲ့ရယ်၊
ရဲရယ် ရောက်လာ တယ်။
ထိုင်းနယ်ခြားကော်မတီလည်းပါ
တယ်။
နောက်ပြီးတော့
နှစ်နိုင်ငံချစ်ကြည်ရေး
ကော်မတီ လည်းပါတယ်။”
မြန်မာစစ်အစိုးရ ချိတ်ပိတ်ခံခဲ့ရသည့် ရန်ကုန်မြို့
မဂ္ဂင်ကျောင်းတိုက်မှ
တိုက်အုပ် ဆရာတော် ဖြစ်သည့် ဆရာ
တော်
ဦးပညာဇောတက သံဃာ့တပ်ပေါင်းစု ဖြစ်ပေါ်လာပုံနှင့် ရွှေဝါရောင်တော်လှန်ရေး
အရေးတော်ပုံအကြောင်း
ကို
သတင်းစာရှင်းလင်း ပွဲပြုလုပ်ခြင်း ဖြစ်သည်။
ယခုလို အတိုက်အခံများ အခမ်းအနားလုပ်ဆောင်သည်ကို
မတားဆီးသဖြင့် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ချစ်ကြည်
ရေး
ပျက်ပြားမည်ကို စိုးရိမ်သဖြင့် တားဆီးပိတ်ပင်ရခြင်း ဖြစ်သည်ဟု မဲဆောက်မြို့နယ်မှူးက
ပြောသည်ဟု သတင်းထောက်တဦးက
ပြန်ပြောပြ သည်။
“မြို့နယ်အာဏာပိုင်တွေက
အဓိက ပြောသွားတာပေါ့နော်။
ဦးဇင်းတို့
ဒီမှာပေါ့ လုံခြုံမှု၊
ဟိုဖက်မှာ နေမရလို့
ဒီဖက်ကို လာတယ်ပေါ့။
ဦးဇင်းတို့
ဟိုဖက်က ဥစ္စာတွေ
ဒီမှာ သတင်း ဌာနတွေက ဒီမှာ
ရောက်ရှိနေတယ်ဆိုလို့
ရှိရင် ကြော်ငြာသွားလို့ရှိရင်
တပည့်တော်တို့
အနေနဲ့
နှစ်ဖက် နှစ်နိုင်ငံ ချစ်ကြည်
ရေး
လုပ်နေတဲ့ ကိစ္စမှာ
ပျက်သွားမှာ စိုးရိမ်တယ်ပေါ့။
အဲဒါကြောင့်မို့လို့
အခုလိုလာပြီး
တားမြစ်ရတာဖြစ်တယ်။”
နောက်နောင် အခမ်းအနားဖြစ်စေ
သတင်းစာရှင်းလင်းပွဲဖြစ်စေ ပြုလုပ်လျှင်
သက်ဆိုင်ရာအာဏာပိုင်နှင့်
ကျောင်း
ထိုင်ဆရာတော်အား
ခွင့်ပြုချက်တောင်းရန်လည်း ထိုင်းအာဏာပိုင်
က
သတိပေးသွားသည်။
ဦးပညာဇောတသည် စက်တင်ဘာ အရေးအခင်းတွင် ဦးဆောင်လှုပ်ရှားခဲ့သဖြင့်
မြန်မာစစ်အစိုးရ၏
လိုက်လံ ဖမ်း ဆီးမှုကို
တိမ်းရှောင်ရင်း မကြာခင်
ရက်ပိုင်းအတွင်းက ထိုင်း-မြန်မာနယ်စပ်သို့
ရောက်ရှိလာခဲ့သည်။
|