|
ကျောင်းအပ်ငွေများ ကျောင်းသားမိဘထံ ပြန်ပေး
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင် (၁၃ )ရက်၊
၂၀၀၇ ခုနှစ်။
ကျောင်းသားမိဘများ၏
မကျေနပ်မှုကြောင့်
ကချင်ပြည်နယ်၊
မံစီမြို့ရှိ
ကျောင်းများက ကျောင်းသားလက်ခံစဉ် ကောက်ခံထားသည့် ကျောင်းအပ်ခ ငွေများကို
သက်ဆိုင်ရာ ကျောင်းသားမိဘများထံ ပြန်လည် ထုတ်ပေးနေ
သည်။
ကျောင်းသားမိဘများကို စာဖြင့်အကြောင်းကြား၍
ငွေများ ပြန်လည်ထုတ်ပေးနေခြင်းဖြစ်ကြောင်း
မံစီ
ဒေသခံ ကျောင်းသားမိဘတဦးက
ယခုလို ပြောသည်။
“ကျောင်းဖွင့်စက
ကောက်တဲ့ပိုက်ဆံ ပြန်ပေးတယ်။
ကျောင်းသားတွေဆီက ကောက်တဲ့ပိုက်ဆံ အဲဒါ ပြန်ပေးတယ်။
ပြန်အမ်းနေတာ ဆယ်ရက်လောက်ရှိပြီ။
အလယ်တန်းကျောင်းသားဆို တစ်သောင်း ခြောက်ထောင် လောက် ကောက်ထားတာ၊
မူလတန်းအတွက်ဆို တစ်သောင်းလောက် ကောက်ထား
တာ။
မိဘတွေဆီကို စာရွက်တွေ ပို့လိုက်တာ။
ပို့ပြီးတော့
မိဘတွေက သွားထုတ်ရတာ၊
ပိုက်ဆံကို။
”
အဆိုပါ မံစီ
ဒေသခံ ကျောင်းသားမိဘက ယခုလို ကောက်ခံငွေများ ပြန်ပေးခြင်းသည် ကျောင်းသား
မိဘများ မ
ကျေမနပ်ပြောဆိုမှုကြောင့်
အထက်ကို တိုင်ကြားမည်ကို
စိုးရိမ်၍
ပြန်ပေးခြင်းဖြစ်သည်ဟု သုံးသပ် ပြောဆို
သည်။
“မူလတန်းကျောင်းနဲ့
အထက်တန်းကျောင်းပေါ့၊
မူလွန်ကျောင်း( မူလတန်းအဆင့်လွန်ကျောင်း)က တကျောင်း ရှိတာကို။
အဲဒါ ပြန်ပေးတယ်။
မကျေမနပ် ပြောတဲ့လူက ပြောကြတဲ့ခါကျတော့
ကြောက် ပြီးတော့
ပြန်ပေးတာပေါ့။
ဆရာ၊
ဆရာမတွေက မကောက်ဘူးလေ။
ကျောင်းသားမိဘတွေက ကောက်တာပေါ့။
ကျောင်းသားမိဘ ကော်မတီက ကောက်တာလေ။
ဆရာ ဆရာမ တွေနဲ့အတူ
ကျောင်းသားမိဘကော်မတီ လူကြီးတွေက
ဝိုင်းထိုင်နေတာလေ။
ပိုက်ဆံကောက်တဲ့အလုပ်ကို ကျောင်း
သား မိဘကော်မတီက
ကောက်တာလေ။
”
ယခုနှစ်မေလ(၂၅)ရက်နေ့မှစ၍
ကျောင်းသားများကို စတင်လက်ခံစဉ် မံစီမြို့ပေါ်ရှိ
ကျောင်းများက ကျောင်းဝင်
ကြေး၊
ဆရာ၊
ဆရာမ ငှားရမ်းကြေး၊
ကျောင်းရံပုံငွေ စသည်တို့အတွက်
ကောက်ခံခဲ့သည်။
ယခု ၂၀၀၇
ခုနှစ် ပညာသင်နှစ်မှစ၍
မူလတန်းကျောင်းသားများအား ကျောင်းဝင်ကြေးပေးစရာမလိုဘဲ
အခမဲ့
သင်ကြားရေးစနစ်ပြုလုပ်ရန်
မြန်မာစစ်အစိုးရ ညွှန်ကြားထားခဲ့ပြီး
အချို့မြို့များတွင်
ကျောင်းဝင်ကြေး
ပေးဆောင်
ရပါက အာဏာပိုင်များထံသို့
ဆက်သွယ်တိုင်ကြားရမည့်
တယ်လီဖုန်းနံပတ်များကို ကျောင်းများတွင် စာရေးကပ်
ထားခဲ့သည်။
ဗန်းမော်နှင့် မိုးမောက်စသော မံစီ
နှင့်
အနီးတ၀ိုက်ရှိ အခြားမြို့များရှိ
ကျောင်းများတွင်မူ ကျောင်းအပ်စဉ် ငွေ
ကောက်ယူခဲ့ခြင်း
မရှိခဲ့ပေ။
|