|
ထိုင်းစစ်တပ်နှင့်
အမည်မသိတပ်ဖွဲ့တိုက်ပွဲဖြစ်ပွား
အောင်မိုးမြင့်။
စက်တင်ဘာလ ၁၃ ရက်၊
၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံဖက်မှ ၀င်ရောက်လာသည့် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့နှင့်
ထိုင်းစစ်တပ်မှ ကင်းလှည့်
တပ်ဖွဲ့တို့
နယ်စပ်ဒေသတွင် ရှောင်တခင်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ
ထိုင်းစစ်တပ်မှ အလောင်းတစ်လောင်းနှင့် သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်းထိုင်းစစ်ဖက်ဆိုင်ရာ
အရာရှိတဦးက ပြောသည်။
ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်အတွင်းရှိ မဲ့စရီးယန်းမြို့နယ်
နယ်စပ်အနီးတွင် စက်တင်ဘာလ ၁၁ ရက်နေ့
ညနေ သုံးနာရီခန့်၌
ထိုင်းစစ်တပ်အမှတ် ၃၆၀၇ တပ်ဖွဲ့နှင့်
မြန်မာနိုင်ငံဖက်မှ ၀င်ရောက်လာသည့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့
နယ်စပ်မှတ်တိုင်အမှတ် ဘီပီ ၁၄ အနီး ၀မ်န်အွန်ရွာနှင့် မလှမ်းမကမ်းတွင်
တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားခဲ့မှုနှင့်ပတ်သက်ပြီး
မဲ့စရီးယန်းမြို့ရှိ
ထိုင်းစစ်ဖက်ဆိုင်ရာ အရာရှိတစ်ဦးက ယခုလိုပြောသည်။
ဖြစ်တာက
ဒီလိုပါ သူဟာနဲ့သူ
သွားလာနေတဲ့အချိန်မှာ ထိုင်းစစ်တပ်ကလည်းဒီလိုနေတဲ့အချိန် ဟို
ဖက်ကလည်း
သုံး လေးယောက် ငါးယောက်လာတယ်။
သေနတ်တွေပါယူလာတယ်။
နောက်ပြီး
ကျနော်တို့
ထိုင်းနယ်မြေ ထဲကို ၀င်လာတယ်လေ။
အဲ့ဒီအချိန်မှာပဲ ထိုင်းတပ်ကို စတွေ့တဲ့အချိန်မှာ
သူတို့က
စပြီး
ထိုင်းတပ်တွေကို
အရင်ပစ်တာပါ။
ထိုင်းတပ်ကိုပစ်လာတဲ့အချိန်မှာ ထိုင်းဖက်ကလည်း ပြန်လည်ပစ်ခတ်ခုခံပါတယ်။
ပြန်ခုခံပစ်ခတ် တဲ့အချိန်မှာ ဟိုဖက်က တစ်ယောက်ကျဆုံးပါတယ်။
နာ
မည်ဘယ်လိုခေါ်လည်းတော့မသိပါဘူး။
ခန့်မှန်းခြေ
ငါးမိနစ်လောက်ပါပဲ။
တိုက်ပွဲဖြစ်ပြီးနောက်
ထိုင်းစစ်တပ်မှ ၄င်းနေရာတ၀ိုက်ကို လိုက်လံရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး
သေဆုံးသူထံမှ သေနတ်တစ်လက်အပါအ၀င် စစ်ဝတ်စုံ၊
အိတ်၊
ကျည်ဆံ အစရှိသည့် ပစ္စည်း
၉ မျိုးခန့်ကို
သိမ်းဆည်းရရှိပြီး
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် သံသယဖြစ်စရာများ မတွေ့ရှိခဲ့ကြောင်း
ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်
မယ်ဟောင်ဆောင် အခြေစိုက် ထိုင်းဒေသဆိုင်ရာကွပ်ကဲရေးတပ်မှ ရဟတ်ယာဉ်များ ဖြင့်
စစ်အကူအညီများ ထပ်မံဖြည့်ဆည်းခဲ့သည်။
ယခုအခါ မည်သည့် တပ်ဖွဲ့
ဖြစ်သည်ကို စုံစမ်းဆဲဖြစ်သည်။
ယင်းတိုက်ပွဲနှင့်ပတ်သက်၍
ကရင်နီတပ်မတော်မှ စစ်ဦးစီးချူပ် ဗိုလ်ချူပ်အောင်မြတ်က ယင်းအမည်မသိ တပ်ဖွဲ့
မှာ
မူးယစ်ဆေးမှောင်ခိုအဖွဲ့ဖြစ်နိုင်ကြောင်း
သုံးသပ်သည်။
ကျနော်ထင်တာ
မူးယစ်ဆေးဝါးအဖွဲ့နဲ့တူတယ်၊
ခန့်မှန်းကြည့်တာက။
ဘယ်သူဆိုတာက ကျနော်တို့
နယ်စပ်မှာနေတာက နှစ်ပေါင်းသုံးဆယ်ကျော်ပြီးပဲ၊
နှစ်ရက်သုံးရက်လောက် ဆို သိမှာပါ။
နှစ်ဖက်ပစ်ခတ်မှုတွင် ထိုင်းစစ်တပ်မှ ထိခိုက်ဒဏ်ရာရရှိမှု
မရှိပါ။
တိုက်ပွဲဖြစ်ခဲ့သည့် နယ်စပ်အနီး မျက်နှာချင်းဆိုင် မြန်မာနိုင်ငံဘက်တွင်
မြန်မာစစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲ
ထားသည့်
ကရင်နီလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (ကလလတ) တပ်ဖွဲ့များ
အခြေစိုက်ထားသည်။
|