|
ရွှေ့ပြောင်းအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လုပ်ရန်
ထိုင်း-မြန်မာသဘောတူ
နွယ်လေး။
အောက်တိုဘာ ၁၃ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်း လာရောက်
အလုပ်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို မြန်မာအစိုးရမှ အသိမှတ်
ပြုထောက်ခံပြီး
နိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ(၁)ရက်
နေ့
ထိုင်းသတင်းတွင် ပါရှိသည်။
ထိုင်း-မြန်မာနယ်စပ်မြို့
ဖြစ်သည့်ကော့သောင်း၊ မြ၀တီနှင့် တာချီလိတ်မြို့တို့တွင်
ရုံး
(၁)ခုစီ
ထားပြီး ၂၀၀၈
ခု
နှစ်
စက်တင်ဘာလ
(၁)ရက်နေ့မှလာမည့်
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ ကုန်ထိ လက်ခံ ပြုလုပ် ပေးသွားမည်
ဖြစ်သည်။
ထိုင်းအစိုးရမှ ထိုင်းနိုင်ငံတွင်းတရားမ၀င်
အလုပ်သမားများ ပပျောက်စေရန်ကြိုးစားနေပြီး နိုင်ငံကူးလက်
မှတ် ပြု
လုပ်ပါက
“ထိုင်းနိုင်ငံ
အလုပ်သမားကဒ်ရှိတဲ့ မြန်မာနိုင်ငံသားတွေ ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးမှာ
လျှောက်လွှာ
ပုံစံ သွားယူပြီး ကိုယ့်ရဲ့
နေရပ်လိပ်စာ၊ မှတ်ပုံတင်နံပါတ်၊ နာမည် စသဖြင့် ဖြည့်ပြီး
တင်ရမယ်။ အဲဒီ
လျှောက်လွှာကို
ထိုင်းလုပ်ငန်းစီမံခန့်ခွဲရေးရုံးကစိစစ်ပြီး မြန်မာဘက်ခြမ်းကို
ပို့ပြီးမှ မြန်မာအစိုးရ က
နေပြီး
ဘယ်နေ့ ဘယ်ချိန် ဘယ်လို သွားဖို့နဲ့ ရုံး(၃)ခုထဲက
ဘယ်ရုံး
ကို သွားရမယ်ဆိုပြီး ညွန်ကြား
လာတာကို
စောင့်ရမယ်”
ဟု
ရွှေ့ပြောင်းအလုပ်သမားများကို အကူအညီ
ပေးနေသည့်
Map Foundation
အဖွဲ့မှ
တာဝန်ရှိသူ နန်းအေမောဝ်းက ပြောသည်။
“တကယ်လို့
မြန်မာနိုင်ငံသား
မှတ်ပုံတင် မရှိတဲ့ တိုင်းရင်းသား လူမျိုး တွေ မြန်မာအစိုးရက
ရော ဘယ်လို
ဆုံးဖြတ်မယ် ဆိုတာမျိုးလဲ ဘာမှ ရှင်းရှင်းလင်းလင်း
မသိရသေးဘူး။ ဒါကြောင့်
လဲ ခုဒီမှာ
ရှိတဲ့
အလုပ်သမားတွေကို လာမယ့်နှစ်ထိ
အချိန်ရှိသေးတယ်။ နီးလာတဲ့ချိန်မှ လုပ်မယ် မလုပ်ဘူး ဆုံး
ဖြတ်ဖို့
အကြံပေးထားတယ်”
ဟုလည်း ၄င်းက
ပြောသည်။
မြန်မာ အလုပ်သမား အများစုသည် ထိုင်းနိုင်ငံတွင်း
တရားမ၀င်သော နည်းလမ်းနှင့် ၀င်ရောက်လာခဲ့ သဖြင့်
တို့ လုံခြုံရေးအရ
နိုင်ငံကူး လက်မှတ်ပြုလုပ်ရန် ကြောက်ရွှံ့နေသည်
။
“၂၀၀၆
ခုနှစ် မှာ တုန်းက ခုလို နိုင်ငံကူး လက်မှတ်လုပ်ဖို့ လျှောက်လွာဖြည့်တော့
မြန်မာအစိုးရက အဲဒီ
လျှောက်လွှာထဲက
လူတွေရဲ့လိပ်စာတိုင်း မိဘတွေဆီကို သွားပြီး ငွေကောက်တာမျိုး ရှိဖူးကြုံဖူး တော့
သူတို့က မလုပ်ရဲကြတော့ဘူး”
ချင်းမိုင်အလုပ်သမား အသိုင်းဝိုင်းကြားတွင် ယခု
ချိန်ထိ စာရင်းပြုစုချက်များအရ လျှောက်လွှာတင်သည့် မြန်မာ အလုပ်သမားများ
မရှိသေးဟု နန်းအေမောဝ်းက ဆက်ပြောသည်။
နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် မြန်မာအစိုးရအား
ထိုင်းအစိုးရမှ ၂၀၀၆ခုနှစ်တွင်
ကမ်းလှမ်းခဲ့ဖူးပြီ်း
မြန်မာအစိုးရ
က
သဘောမတူညီခဲ့ပဲ ယခု၂၀၀၈ ခုနှစ်တွင်မှ သဘောတူ
ကြောင်းတုန့်ပြန်ခဲ့ခြင်း ဖြစ်သည်။
|