ကေအဲန်ယူ အထွေထွေ အတွင်းရေးမှုး ပဒိုမန်းရှာ လုပ်ကြံခံရ

သတင်းနှင့်မီဒီယာ ကွန်ယက်။
ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၀၈ ခုနှစ်။ 

ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို အမည်မသိ လူသတ်သမားနှစ်ယောက် က မဲဆောက်မြို့ရှိ ၄င်းနေအိမ်အတွင်းသို ၀င်ရောက်ပစ်ခတ်သဖြင့် ယနေ ညနေပိုင်းတွင် ပွဲချင်းပီး သေဆုံးသွား သည်

ယနေ့ညနေ လေးနာရီခွဲခန့်တွင် ပဒိုမန်းရှာ လဖန်း လုပ်ကံခံရကောင်းကို ကရင်အမျိုးသားအစည်းအရုံး နိုင်ငံ ခြား ရေးတာဝန်ခံ ပဒိုဒေးဗစ်ထောက ယခုလို အတည်ပြုပြောသည်

သူထမင်းစားပီး သစ်သီးဝလံ ထိုင်စားနေတဲ့အချိန်မှာ  ကားတစီး ရောက်လာတယ်။ လူနှစ်ယောက် ဆင်းလာပြီးတော့ သူ့ကို ပစ်သွားတာပဲ။ ပစ်သွားပြီးတော့ သူပွဲချင်းပြီး ဆုံးသွားတယ်။”

မည်သူ့လက်ချက်ဖြစ်သည်ကို မသိသေးကြောင်း ၄င်းက ဆက်ပြောသည်။

ပဒိုမန်းရှာသည် လက်ဝဲဘက်ရင်အုံတွင် သေနတ် နှစ်ချက်ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။

ပဒိုမန်းရှာ လဖန်း ကွယ်လွန်ချိန်တွင် အသက် (၆၅)နှစ် ရှိပြီဖြစ်ပြီး  ၂၀၀၀ ခုနှစ်တွင် ကျင်းပသော ကေအဲန်ယူ၏ ၁၂ ကြိမ်မြောက် ကွန်ကရက်တွင် အထွေထွေအတွင်းမှူး အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်တွင် သားသမီးလေးယောက် ကျန်ရစ်ခဲ့သည်။

ကွယ်လွန်ချိန်တွင် ဖဒိုမန်းရှာသည် ကရင့်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ) အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သည်

တပ်ပေါင်းစုအနေနှင့် ဒီအေဘီ (မြန်မာပြည်ဒီမိုကရက်တစ်တပ်ပေါင်းစု)နှင့် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (အဲန်စီယူဘီ)တိုတွင် ကေအဲန်ယူ အဖွဲ့၏ ကိုယ်စားလှယ် အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်

ဖဒိုမန်းရှာသည် ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တကသိုလ်သို စတင်တက်ရောက်ခဲ့ပီး ဆဲဗင်းဂျူလိုင် ကျောင်းသားအ ရေးအခင်းတွင် ပါဝင်ခဲ့သည် ၁၉၆၆ခုနှစ်တွင် သမိုင်းဘာသာဖြင့် ဘွဲရခဲ့ပီးနောက် ကရင့်တော်လှန်ရေးကို တပ်မ ဟာ ၃ တောင်ငူ ခရိုင်ဖက်မှာ စတင်ပါဝင်ခဲ့သည်

၁၉၈၄ ခုနှစ် ကေအဲန်ယူဗဟိုဌာနချုပ်ဖြစ်သည့် မာနယ်ပလောတွင် ရွေပြောင်းတာဝန်ထမ်းဆောင်ခဲ့သည် ထို နောက် ၁၉၈၇ ကစပီး ထိုအချိန်တွင် ကေအဲန်ယူ ဥက ဖြစ်သည့် ဗိုလ်ချုပ်ကီးစောဘိုမြ ကိုယ်ရေး အတွင်း ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ၂၀၀ ခုနှစ်တွင် ကျင်းပသော ကေအဲန်ယူ ၁၂ ကိမ်မြောက် ပါတီ ကွန်ဂရက်က စ ကေအဲန်ယူအဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဖြစ်လာခဲ့သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။