အက်စ်အက်စ်အေ တပ်သားသစ် ခေါ်ယူမကာင့် ရာနှင့် ချီသော ရွာသားများ ထွက်ပြေးတိမ်းရှောင်ရ

ခွန်အောင်မြတ်
မေလ ၁၄ ရက်
၂၀၀၈ ခုနှစ်

ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)က တပ်သားသစ်များ ခေါ်ယူ စုဆောင်းနေသဖြင့် ကျေးရွာ (၇)ရွာမှ ရွာသားများ ရာနှင့်ချီ ထွက်ပြေးတိမ်းရှောင် နေကရသည်ဟု ရွာသားများက ပြောသည်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်) တပ်ရင်း ၃၆၁ အမိန်ဖြင့် တပ်သားသစ် ဆင့် ခေါ် ကာင့် ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်နှင့် မောက်မယ်မိုနယ်အတွင်းရှိ ကျေးရွာများမှ ရွာသားများ ရွာမှ ထွက်ပြေးတိမ်းရှောင်နေကခြင်း ဖြစ်သည်ဟု ရွာသားတဦးက ပြောပြသည်။

ဒီလ ၈ ရက်နေတုန်းက အာရ်စီအက်စ်အက်စ် တံဆိပ်တုံးနဲ ပိုလာတယ် ကျနော်တို နားလည်ထား တာက အသက် (၁၈)နှစ်နဲ (၄၅) နှစ်ကားတွေကို စစ်ထဲ ဆွဲခေါ်တာ အခုတော့ အဲလို မဟုတ်ဘူး သူတို ပိုလာတဲ့ စာရင်းထဲမှာ အသက် ၁၂ ၁၃ ၁၄နှစ်နဲ ၁၈ နှစ် အဲလို အသက်ငယ်တဲ့ ကလေးတွေ စာရင်းပါတယ်ဗျ အဲတော့ ရွာသားတွေ လှန့်ပြီး ထွက်ပြေးကုန်တယ် အခု ရွာမှာ ယောက်ျားတွေ မရှိတော့ဘူး။”

အာရ်စီအက်စ်အက်စ်အဖွဲမှ တပ်သားသစ်များ ခေါ်ယူသောရွာများမှာ ဗန်းမတ်ကျေးရွာ အုပ်စုမှ ရွာငါးရွာ နောင်ခဲုင်း လုံးကျောက် ပင်ရန်း နာဟီး ဗန်းတဖတ် ကျေးရွာများဖြစ်ပီး အာရ်စီအက်စ်အက်စ်အဖွဲမှ တပ်ရင်းမှူး ဗိုလ်ကီး တဲုင်းလဲင်ကိုယ်တိုင် ဗန်းမတ် ရွာသူကီးထံ လာရောက် ဆွေးနွေးခဲ့သည်ဟု ရွာသားက ပြောသည်

သူတိုက ရွာထဲမှာ ရှိတဲ့လူတိုင်းကို ခေါ်တာ မဟုတ်ဘူး သူတိုက အိမ်ထောင်စုစာရင်း ထဲမှာ ကည့်ပီး ခေါ်တာဗျ နာမည် အသက် အဖနာမည် အဲလို စာရင်းနဲကို လုပ်ပီး ပေးလာတာ ဗိုလ်ကီး တဲုင်းလဲင် ကိုယ်တိုင် ဗန်းမတ်က ရွာသူကီးကို လာဆွေးနွေးတယ် အခု ရွာသူကီးလည်း မတတ်နိုင် ဘူး ရွာသားမှ မရှိတော့တာ အကုန် ဆီဆိုင်တို့၊ နောင်ထောင်ဝ်တို့၊ ဆိုက်ခေါင်ဝ်တို စတဲ့ မို့ကြီး တွေကို အကုန်ပြေးကုန်ပီ ရွာမှာ အမျိုးသမီးနဲ အသက်ကီးအရွယ်တွေပဲ ကျန်တယ် အားလုံးပေါင်း ရင် နှစ်ရာ သုံးရာနီးပါး လောက် ရှိတယ်။”

ယခုအချိန်တွင် လယ်ယာလုပ်ချိန် ခံယာလုပ်ချိန်ဖြစ်သည့်အတွက် အာရ်စီအက်စ်အက်စ် က တပ်သားများ စု ဆောင်းမကာင့် ကျေးရွာသားများသည် ခံယာများကို ချန်ထားပီး ထွက်ပြေးတိမ်းရှောင် နေကရသဖြင့် စားဝတ် နေရေးအတွက် အခက်အခဲများ ကုံတွေနေရသည်ဟု ကျေးရွာသားများက ညီးညူနေကသည်

ရှမ်းပြည်တပ်မတော် မူဝါဒအရ ရှမ်းပြည်နယ်တွင်းရှိ လူမျိုးစုတိုင်း အသက် ၁၈ နှစ်မှ ၄၅ နှစ်ပြည့်ပီး သူများ ရှမ်းပြည်တပ်မတော်တွင်းသို စစ်မှု(၅) နှစ် ထမ်းဆောင်ရမည်ဟု ပါရှိကောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မွိုင်းက ပြောသည်

ကျနော်တိုရဲ ပေါ်လစီအရပေါ့လေ ဒီအထဲမှာနေထိုင်တဲ့ ရှမ်းပြည်သားတိုင်းအားလုံးဟာ အသက် (၁၈)နှစ် ကနေ (၄၅) နှစ်အထိ ယောက်တိုင်းလိုလို ငါးနှစ်စာ စစ်မထမ်းဆောင် ရမယ်ခင်ဗျား အဲဒီ မှာ ကျနော်တိုရဲ မူအတိုင်းရှိတယ်ပေါ့လေ အဲဒီအတိုင်းပဲ ကျနော်တိုက ဒီလိုမျိုး စစ်သားစုဆောင်း တယ် ကောက်ခံတယ်၊ သားအဖ နှစ်ယောက်ရှိလိုရှိရင် တစ်ယောက် အရင်လာပီးတော့ စစ်မထမ်း ဆောင်ရမှာပေါ့ အဲဒီတစ်ယောက် စစ်မထမ်း သက်တမ်းပြည့်ရင် အိမ်ပြန်ခွင့်ရှိပီ ပီးလိုရှိရင် နောက် တစ်ယောက်ထပ်လာဖို အဲလိုမျိုးပဲရှမ်းပြည်တွင်းမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးကို ဆို လိုပါတယ်ခင်ဗျား

ယင်းဒေသများသည် အပစ်ရပ်အဖွဲဖြစ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေး အဖွဲ့ ၏ ထိန်းချုပ်ရာ နယ် မြေ ဖြစ်ပီး ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) မြန်မာစစ်အစိုးရတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ တိုလည်း လပ်ရှားနေသည့် နယ်မြေဖြစ်သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။