|
လေဘေးဒုက္ခသည်အတွက်
ကုလနှင့် နိုင်ငံကြီးများ
ဝင်ရောက်ကူညီရန် ရွှေ့ပြောင်း
အလုပ်သမား ကျောင်းသားနှင့် မိဘများ ဆန္ဒပြ
တောင်းဆို
ခွန်အောင်မြတ်။
မေလ ၁၄ ရက်၊
၂၀၀၈ ခုနှစ်။
နာဂစ်မုန်တိုင်းကြောင့်
ဒုက္ခရောက်ကြသည့် ပြည်သူလူထုကို
ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံကြီးများ
အမြန်ဆုံး ၀င်
ရောက်ကူညီပေးရန်
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အမျိုးသမီး ရေးရာ လှုပ်ရှားမှုအဖွဲ့
(SAW) က ဦးဆောင်ပြီး ယနေ့
နေ့လည်ပိုင်းတွင် မဲဆောက်မြို့၌
ဆန္ဒပြပွဲ ပြုလုပ်ခဲ့သည်။
အမျိုးသမီးရေးရာလှုပ်ရှားမှုအဖွဲ့
(SAW) မှ ဖွင့်လှစ်ထားသော ကျောင်းဝင်းအတွင်းတွင် ယနေ့နေ့လည်
၁၂ နာ ရီမှ (၁)နာရီအထိ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး
ဆန္ဒပြရခြင်း ရည်ရွယ်ချက် နှင့် ပတ်သက်၍
(SAW) အဖွဲ့၏ စာသင်
ကျောင်းမှ အထက်တန်းပြ ဆရာ ဦးဇော်မင်းလတ်က ယခုလိုပြောသည်။
“ဒီပွဲကို
ကျနော်တို့
လုပ်ရခြင်းကိစ္စက ဦးဆောင်ပြီးတော့
ကူညီပေးတဲအဖွဲ့ကတော့ (SAW)
ပေါ့ခင် ဗျား။ အဓိက ကတော့
ပြီးခဲ့တဲ့ နာဂစ်လေမုန်တိုင်းကြောင့်
ဒုက္ခဖြစ်ကြရတဲ့ ပြည်သူလူထုတွေ၊
သိန်းနဲ့ ချီသေကြေ ပြီးတော့ကာ၊
ကျန်ရစ်ခဲ့တဲ့ မိသားစု၊ သန်းနဲ့ချီ
ပြီးတော့ ဒုက္ခရောက်နေတယ်။
အဲဒီ ဥစ္စာကို နအဖက ကူညီနေတဲ့
ဝိုင်းပြီးတော့ စောင့်ရှောက်နေတဲ့ အကူအညီဟာ
တော်တော်ကိုပဲ ဆိုး ဆိုးဝါးဝါး ချို့တဲ့နေတဲ့အတွက်ကို
ကျနော်တို့က ကမ္ဘာ့ကုလသမဂ္ဂနဲ့
နိုင်ငံတကာ ဦးဆောင်ပေးဖို့ ငြိမ်းချမ်းစွာ
ဆန္ဒပြတာပါ။”
(SAW)၏
ကျောင်းဝန်းထဲတွင် ကျောင်းသူ၊ ကျောင်းသားများ၊
ကျောင်းသားမိဘများ အပါအ၀င် အင်အား ၁၀၀ ကျော် ပို့စတာများ
ကိုင်ဆောင်ပြီး ကြွေးကြော်သံများ
ဟစ်အော်ခြင်းမပြုပဲ အသံတိတ်ငြိမ်းချမ်းစွာ ဆန္ဒပြကြခြင်း
ဖြစ်သည်။
ကုလသမဂ္ဂအပါအ၀င်
နိုင်ငံတကာ အကူအညီများကို လက်ခံသော်လည်း အနောက်နိုင်ငံ ကယ်ဆယ်ရေးသမား များကိုမူ
ယခုထိ ၀င်ခွင့်မပေးသေးချေ။
“အဓိက
တောင်းဆိုချက်ကတော့ မြန်မာနိုင်ငံကို လက်ရှိ ဘေးဒုက္ခသည်တွေကို
နအဖ တွေက လှစ် လျူရှုထားတယ်။
အဲဒီအပြင်ကို ဖိနှိပ်ချုပ်ချယ်မှုတွေပါ
ရှိနေတယ်။
အဲဒါကြောင့် ကမ္ဘာ့နိုင်ငံ
တကာအသိုင်းအ၀ိုင်းက မြင်သာထင်သာရှိအောင်၊
ကမ္ဘာ့ကုလသမဂ္ဂနဲ့
အမေရိကန်၊ အင်္ဂလန် စသဖြင့် ပေါ့၊
ပြင်သစ်စသဖြင့်ပေါ့ အဲဒီ နိုင်ငံ တွေကနေပြီးတော့ ၀င်ပြီးတော့သာ
ကူညီစောင့်ရှောက်မှဖြစ် တော့မယ်။
အဲဒီလိုသာ မကူညီဘူးဆိုပြီးတော့
လှစ်လျူရှုထားမယ်ဆိုလို့ရှိရင်
မြန်မာနိုင်ငံဟာ ဘယ် နည်းနဲ့ မှ
နလံထူနိုင်တော့မှာ မဟုတ်ဘူး။ အဲဒါကြောင့်
အဲဒီ ကိစ္စကို အထူးသဖြင့်တော့ ကမ္ဘာ့ကုလ
သမဂ္ဂနဲ့ နိုင်ငံကြီးတွေကို
ကျနော်တို့
မြန်မာပြည်သူလူထုအတွက် ကိုယ်စားပြုပြီးတော့ တောင်းဆို
ပေးခဲ့တာပါပဲ။”
ဟု ဆရာ
ဦးဇော်မင်းလတ်က ပြောသည်။
လေဘေးဒုက္ခသည်များ
အတွက် ပြည်တွင်း၊ ပြည်ပများ၏
ကယ်ဆယ်ရေးနှင့် ထောက်ပံ့ ရေးပစ္စည်း အကူ
အညီများ လက်မခံပါက သံဃာနှင့် ပြည်သူများ ပူးပေါင်းပြီး
လမ်းပေါ် ထွက် ဆန္ဒပြကြရန်
ပြီးခဲ့သည့် အင်္ဂါနေ့က သာသနာ့ဥသျှောင်
အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့(ထိုင်းနိုင်ငံ)နှင့်
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ချုပ်ကြီး၏
ပူးတွဲကြေညာချက်ထဲတွင် တိုက်တွန်းထားသည်။
|