နာဂစ် လာပြီးနောက်ပိုင်း နယ်စပ် ကုန်ဈေးနှုန်းများ မြှင့်တက်လာ

နွယ်လေး။
မေလ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။

ဧရာဝတီမြစ်ဝကျွန်းပေါ်တလျှောက် နာဂစ်မုန်တိုင်းကြောင့် ကော့သောင်းမြစ်ရေများ တိုးလာသဖြင့်   ရေကြောင်း တွင် စက်လှေများ၊ သဘောင်္များနှင့် ကုန်ပစ္စည်းတင်သွင်းခြင်းများ မရှိသဖြင့် ကုန်ဈေးနူန်းများ ထက်ဝက်ကျော် မြင့်တက်လာသည်ဟု ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှ အိမ်ရှင်မများက ပြောသည်။

ကော့သောင်းမြို့တွင် ဆန်ကို အကန့်သတ်နှုန်းနှင့် ရောင်းပေးနေပြီး ဆန်ပြတ်လပ် နေသည့်ပြင် အခြားစားသုံး ကုန်ပစ္စည်းများလည်း ရှားပါးနေကြောင်း ကော့သောင်းမြို့ အိမ်ရှင်မတဦးက ယခုလို ပြောသည်။

“ဈေးထဲမှာ ဆန်တွေအများကြီး ၀ယ်ချင်တိုင်းလဲဝယ်လို့မရဘူး။ လူတစ်ယောက်ကို အကန့် သတ်နဲ့ ရောင်းပေးနေတာမျိုး။ ဆန်ကပြတ်နေသလောက်ကို ဖြစ်နေတာမျိုး၊ ရေတက်တော့ မော်လမြိုင် ဘက်က ကုန်တင်သဘောင်္တွေလည်း မလာနိုင်တာမျိုး။ ပေါ်ဆန်မွှေးဆန်အရင်က တစ်ပြည် ၁၀၀၀ ကျော် ၁၉၀၀ ထိပေး  ၀ယ်ရတာ။ ခု ၂၈၀၀ ထိတက်လာပြီ။ ပေါ်ကျွဲဆန်က ၂၄၀၀။ အကုန်ဈေးတက် တာ အရင်က ကော်ဖီထုပ်ဆို  ၁ကီလို ၇၀၀ လောက်ပဲ  ပေးရတာ။ ခုဆို ၁၄၀၀ ထိတက်လာတာ ဈေးက။”

တာချီလိတ်မြို့တွင်လည်း ကုန်ပစ္စည်းတိုင်းလိုလို ဈေးတက်သည်ဟု ကုန်သည်တစ်ဦးက ပြောသည်။

“ဆန်ကတော့နှစ်ဆလောက်ဈေးတက်တယ်။ ဆန်တစ်ကီလိုတစ်ဆယ်ကနေ နှစ်ဆယ်တက် လာတာ။ မုန်တိုင်းတိုက်ပြီးနောက်ပိုင်း မြန်မာပြည်ဘက်က၀င်တဲ့ ဆန်မရှိတော့ ဈေးတက်လာ တာမျိုးလေ။ ခေါက်ဆွဲဖာတွေလဲ တစ်ဖာ ၁၀၅ ဘတ်ဆို ၁၂၀ ဘတ်ထိတက်တာ ၀ယ်ရတာ ခက်တာမျိုးတော့ မရှိဘူး။”

ဆန်ဈေးနှင့် အတူ လောင်စာဆီဈေးနှုန်းလည်း အဆမတန်တက်နေသည်ဟု ကော့သောင်းက အိမ်ရှင်မက ပြောသည်၊

“ကြောက်ဖို့လန့်ဖို့တောင်ကောင်းတယ်။ ကုန်ဈေးနှုန်းတက်တာက။ မီးသွေးတအိတ်ကို အရင်က ၇၄၀၀ ပေးရတာ။ ခု သောင်းချီပေးဝယ်လည်း မီးသွေးအိတ်က ရောင်းဖို့မရှိဘူး။ ပစ္စည်းတွေကရှိကို မရှိပဲပြတ်နေတာ။ ရေတွေလေတွေကြောင့် မော်တော်တွေ လှေတွေလည်း မလာနိုင်ဘူး။”

ဓါတ်ဆီဈေးတက်ခြင်းကြောင့် သယ်ယူပို့ဆောင်ခများ ဈေးပိုမြင့်လာပြီး စားဝတ်နေရေး ကျပ်တည်းကာ ယခု ကဲသို့ ကလေးများ ကျောင်းအပ်ရမည့် ရာသီဖြစ်သဖြင့် မိဘများသည် ကလေးများကျောင်းအပ်ရန် ငွေကြေးများ မတတ်နိုင်ကြဟုလည်း အဲန်ဂျီအို ကျောင်းတခုမှ ကျောင်းဆရာမတဦးက ပြောသည်။

“ အရင်က ကလေးတစ်ယောက်တွက် နေ့လည်စာ ၆ဘတ်ဆို အ၀စားလို့ရတယ်။ ခုဆို ၆ ဘတ်နဲ့ ကလေးကို ၀အောင်မကျွေးနိုင်ဘူး။ဓါတ်ဆီဈေးကြိင်္းတော့ သယ်ယူပို့ဆောင်ခ ဈေးတက၊် စားသောက် ကုန် ဈေးတက်။ တခါမိုးရွာရေကြီးလို့ဆို အဲလို ဈေးတွေက တက်ကုန် တာ။”

လွန်ခဲ့သည့် ၁၀ ရက်ကျော်က မြန်မာနိုင်ငံ ဧရာဝတီနှင့် ရန်ကုန်တိုင်းတွင် ဆိုင်ကလုံးမုန်တိုင်း တိုက်ခိုက်ပြီး ကုန် အရောင်းအ၀ယ်များ ရပ်တန့်နေပြီး နယ်စပ်တွင်ပါ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။