မြန်မာအမျိုးသမီး အဖွဲ ဖဲပြားနီဆုအတွက် ရွေးခြယ်ခြင်းခံရ

သီတာထွန်း
မေလ ၁၄ ရက်
၂၀၀၈ ခုနှစ်

အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်နှင့် ပတ်သက် ကူညီမှုပေးသည့် မဲဆောက်မြိုမှ အမျိုးသမီးရေးရာ လှုပ်ရှာှးုအဖွဲ(SAW)ကို ၂၀၀၈ ခုနှစ် ဖဲပြားနီဆု (Red Ribbon Award 2008) အတွက် ရွေးခြယ်လိုက်သည်

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် ဖွံဖြိုးရေး မူဝါဒဆိုင်ရာဗြူရို အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် အစုအဖွဲ ဖဲပြား နီဆု ရွေးချယ်ရေး အဖွဲက ၂၀၀၈ ခုနှစ် ဖဲပြားနီ ဆုအတွက် ဆုရအဖွဲ (၂၅)ဖွဲကို ရွေးချယ်ခဲ့ရာ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြိုအခြေစိုက်  (SAW) အမျိုးသမီးအဖွဲလည်း ပါဝင်ခြင်းဖြစ်သည်

ဆုရွေးခြယ်ခံရခြင်းနှင့် ပတ်သက်၍ အဓိက သူတိုပေးတာကတော့ ဒီအိတ်ခ်ျအိုင်ဗွီဖြစ်နေတဲ့ အမျိုးသမီး တွေကို ကူညီစောင့်ရှောက်တာရယ် အိတ်ခ်ျအိုင်ဗွီဖြစ်နေတဲ့ လူတွေရဲကလေးတွေပေါ့ ကူညီစောင့် ရှောက်ထားတာရယ် နောက်အိတ်ခ်ျအိုင်ဗွီ ဖြစ်လက်စ ပေါ့နော် တချို့ကဖြစ်နေတဲ့ ကလေး တွေပါ တယ် တချို့က အိတ်ခ်ျအိုင်ဗွီတွေရဲ ကလေး ဒါပေမယ့် အိတ်ခ်ျအိုင်ဗွီ မသိဘူး အဲလိုမျိုးတွေ ကူညီ စောင့်ရှောက်ထားတာတွေကောင့် သူတိုတွေက အဓိက ရွေးချယ်တာပဲ။” ဟု (SAW) ဒါရိုက်တာ မအေးအေးမာက ပြောသည်

၎င်းဆုရ အဖွဲအစည်း (၂၅) ဖွဲ့၏ အမည်စာရင်းကို ၂၀၀၈ ခု ဇွန်လ (၁၁)ရက်နေတွင် ကျင်းပမည့် အိတ်ခ်ျ အိုင်ဗွီ အေအိုင်ဒီအက်စ် ဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ အထူးအစည်းဝေး (UNGA Special Section) တွင် ကေငြာမည်ဖြစ်သည်

(SAW) မှ ကိုယ်စားလှယ်နှစ်ဦး (အမျိုးသမီးတဦး နှင့် အမျိုးသားတဦး) အား၊ ၂၀၀၈ခုနှစ် သဂုတ်လ(၁)ရက် နေ မှ (၉)ရက်နေထိ မကဆီကိုနိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ အေအိုင်ဒီအက်စ် ညီလာခံသို တက်ရောက်ရန် ဖိတ်ကားမည်ဖြစ်ပြီး ဆုရအဖွဲများကို အမေရိကန်ဒေါ်လာ ငါးထောင်စီ ချီးမြင့်မည်ဖြစ်သည်

ဆုသွားရောက်လက်ခံယူရေးအတွက် စဉ်းစားနေဆဲဖြစ်ပြီး ရရှိလာမည့် ဆုငွေကို အိတ်ခ်ျအိုင်ဗီပိုး ရှိထားသူများ အတွက် ဂေဟာများတွင် အသုံးပြုရန် ရည်ရွယ်ထားသည်ဟု မအေးအေးမာက ပြောသည်။

အဲဒီဆုငွေ ရရင်လည်း ဒီကလေးတွေ ဒီအမျိုးသမီးတွေအတွက်ပဲ အသုံးချမယ်လို ရည်စူးထားတယ်။ ဘာဖြစ်လိုလဲဆိုတော့ အစ်မတိုဆီမှာ အိတ်ခ်ျအိုင်ဗွီ ဂေဟာဆိုရင် ခုချိန်ထိ ဘတ်ဂျက်မရှိသေးဘူး မရှိပေမယ့် ဘာလုပ်ငန်းနဲ လည်ပတ်နေလည်းဆိုတော့ သူတိုတွေလည်း လက်မှုလုပ်ငန်းတွေ လုပ် တယ် အစ်မတိုအမျိုးသမီးအိမ်တွေ ကလေးတွေအိမ်တွေမှာ ကောက်ရိုးပန်းချီတွေ လုပ်တယ် ပန်းချီ ကားတွေ ရောင်းတယ် ပိုက်ဆံအိတ်တွေ ထိုးတယ် တဘက်တွေ လုပ်တယ် လွယ်အိတ်တွေ လုပ် တယ် အဲလိုမျိုးတွေနဲ ဒီအိမ်ကို လည်ပတ်နေတာ ပေါ့နော် အိတ်ခ်ျအိုင်ဗွီ ဂေဟာဆိုရင် ဘတ်ဂျက် ပုံမှန် လောလောဆယ်ဆယ် လက်ရှိ မရှိသေးဘူး။ ဒါပေမယ့် ဒီပုံစံနဲ လည်ပတ်နေတယ်။ အဲတော့ အမတိုမှာငွေတွေရှိမယ် အကူအညီတွေလည်း ရမယ်ဆိုရင် ဒီအတိုင်းပဲ ဆက်သွားမှာပေါ့နော်။”

၎င်းဆုရရှိခြင်းသည် ၄င်းတို တဖွဲတည်းမဟုတ်ပဲ နယ်စပ်ဒေသရှိ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် နှင့် ပတ် သက် လုပ်ဆောင်သည့် အဖွဲအစည်းအားလုံးကို ပေးသည်ဟု ယူဆကောင်း မအေးအေးမာ ကပြောသည်

အမျိုးသမီးရေးရာ လှုပ်ရှားမအဖွဲ (SAW)ကို ၂၀၀၀ခုနှစ် ဇွန် (၂၅) ရက်နေတွင် စတင်တည်ထောင်ခဲ့ပြီး အိတ်ခ်ျအိုင်ဗွီ နှင့် နေထိုင်သူများ အမျိုးသမီးများနှင့် ကလေးများ ကို အဓိက ကူညီစောင့်ရှောက်နေပြီး  လက် ရှိတွင် မဲဆောက်မြို့၏ (SAW) အဖွဲမှ ဖွင့်လှစ်ထားသော အိတ်ခ်ျအိုင်ဗွီဂေဟာ (၄)ခုရှိပြီး (Save House) အမည်ရှိ ဂေဟာတခု တည်းတွင် မိဘမဲ့များ အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများ စွန်ပစ်ခံရသည့် ကလေးများ (၃၈) ဦး ခန် ရှိသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။