|
မြန်မာအလုပ်သမားများ၏
ကျန်းမာရေး၊ပညာရေးကို
ထိုင်းမှ ပူးပေါင်းဆောင်ရွက်မည်
အောင်မိုးမြင့်။
ဇွန်လ ၁၄
ရက်၊
၂၀၀၇ ခုနှစ်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏
ပညာရေးနှင့်
ကျန်းမာရေး အခွင့်အလမ်းများ ပိုမို ရရှိစေ
ရေးအတွက်
ထိုင်းဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများ အကြား
ပထမဆုံး
အကြိမ်
အလုပ်ရုံ ဆွေးနွေးပွဲ ကို မဲဆောက်မြို့တွင်
၂ရက်ကြာ
ကျင်းပရာ ယနေ့ပြီးစီးသွားသည်။
အလုပ်ရုံဆွေးနွေးပွဲမှ ရလဒ်ကောင်းများထွက်ပေါ်လာသည်ဟု ဆွေးနွေးပွဲဖြစ်မြောက်ရန်
ဦးဆောင်ခဲ့သော နိုင်ငံ
တကာ
ကယ်ဆယ်ရေးအဖွဲ့
IRC မှ တာဝန်ရှိသူ
မော်ရစ်စ်စောက ယခုလိုပြောသည်။
“ဒီ
ကျနော်တို့
ဒီ CBO (Community Based Organization,
လူထုအခြေပြုအဖွဲအစည်း)
Levelနဲ့
ဒီ အစိုးရ အဖွဲ့အစည်း
Level နဲ့
စကားပြောနိုင်တဲ့ အနေအထားမှာ ရှိသွားတယ်ဆိုတာဟာ အင်မတန်မှ
တိုးတက်မှုရှိတယ်ပေါ့နော်။
အထူးသဖြင့် ကျနော်တို့
CBO များက တရားမ၀င်တဲ့
ရီဂျစ်စတာ မလုပ်
တဲ့ CBO
တွေဖြစ်တဲ့ အခါကျတော့ ဒီ အစိုးရ Level
နဲ့
စကားပြောဖို့
ဆိုတာ အင်မတန်မှ ခက်တယ်
လေ။
ဒီလို လုပ်ပေးခြင်းအားဖြင့် သူတို့လည်း
တရားဝင် စကားပြောပိုင်ခွင့်ရှိတယ်
။
နောက်ပိုင်း အ
ရေးတွေ ဖြစ်လာလို့
ရှိရင်လည်းဆက်သွယ်နိုင်တဲ့အနေအထားထိ အကျိုးဖြစ်ထွန်းစေတယ်ပေါ့နော်။
”
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာအလုပ်သမားများ၏
ဆေးကုသရေး။
မြန်မာကလေးငယ် များ၏
ပညာရေး
စသည့် အခက်အခဲများနှင့် လက်ရှိ ကြုံတွေ့နေရသော
ပြဿနာများကို
ဆွေးနွေးခဲ့ပြီး
ယင်းကို အခြေခံ၍
ပညာရေး၊
ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များ ကို ညှိနှိုင်းအကောင်အထည်ဖေါ်ရန်
ဆွေးနွေးခဲ့သည်။
ထိုင်း
အာဏာပိုင်များနှင့်
လူမှု့အဖွဲ့အစည်းများအကြား
ပူးပေါင်းဆောင်ရွက်မှုများ
စတင် နိုင်ခဲ့၍နောင်တွင်
မြန်မာရွေ့ပြောင်းအလုပ်သမားများအတွက်
ကျန်းမာရေးနှင့် ပညာရေး လုပ်ငန်းများ ပိုမို ဆောင်ရွက်လာနိုင်မည် ဟု မျှော်လင့်ကြောင်း
ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးကော်မတီ မှ ကိုချင်းက ပြောသည်။
“ဟို
ပညာရေး၊
ကျန်းမာရေး လုပ်နေကြတာပဲ။
လုပ်ပြီးတော့
တစ်ယောက်နဲ့
တစ်ယောက်မသိကြဘူး။
ပြဿနာတွေလည်း
တစ်ယောက်နဲ့တစ်ယောက်မသိကြဘူး၊
အခုကြတော့
အကုန်သိသွားကြတာပေါ့၊
သူတို့နဲ့
အဲ့လိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ပိုပြီးတော့
အကောင်းဖက်ကို ပိုဦးတည်တာပေါ့။
ကိုယ့်ဗမာပြည်သား တွေရဲ့
အခက်အခဲ ကို တဖက်တလမ်းက သူတို့ပါ
ပါဝင်တဲ့ အဖွဲ့အစည်းပုံစံမျိုး
ဖြေရှင်းမှုပုံစံရလာ တာပေါ့။
”
အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ တပ်ခ် ခရိုင်မှ ကျန်းမာရေး နှင့် ပညာရေး
ဌာနများမှ ကိုယ်စားလှယ် ၂၂ ဦးအပါ
အ၀င် မဲဆောက်မြို့ရှိ
မြန်မာနိုင်ငံသားများကို ကူညီနေသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းများ၊
လူထုအခြေ
ပြုအဖွဲ့အစည်း
CBO များမှ
ကိုယ်စားလှယ်စုစုပေါင်း ၆၀ ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
လွန်ခဲ့သည်
ဧပြီလက
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မြို့နယ်တွင်လည်း
အလားတူ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့
သည်။
|