|
ပြည်တွင်းတိုင်းရင်းသားခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရေး
ထပ်မံတောင်းဆို
သတင်းနှင့်မီဒီယာကွန်ယက်။
ဇူလိုင်လ ၁၄ရက်၊
၂၀၀၆ခုနှစ်။
မြန်မာပြည်၏
နိုင်ငံရေး
အကျပ်အတည်းကိုဖြေရှင်းရန် ဒီမိုကရေစီအင်အားစုများ၊
တိုင်းရင်းသားအင်အားစုများနှင့် မြန်မာအစိုးရတို့အကြား
အပြန်အလှန် လေးစားယုံကြည်မှုဖြင့်
တွေ့ဆုံဆွေးနွေး
အဖြေရှာခြင်းသည်သာ မှန်ကန်
သော
နည်းလမ်းဖြစ်သည်ဟု ၁၉၉၀ပြည့်ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်ရွေးချယ်ခံခဲ့ရသော
တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ ပါတီက သဘောထားထုတ်ပြန်သည်။
ယခု ကျေညာချက်သည် မြန်မာစစ်အစိုးရက ၁၄ နှစ်ကြာ
ကျင်းပနေသော အမျိုးသားညီလာခံ အဆုံးသတ်
အပိုင်းကို ပြန်လည်စတင်မည့် အချိန်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ကြေညာချက်တွင်
စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို
အခြေခံသော ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရန်
လိုအပ်ကြောင်း
ဖော်ပြထားသည်။
ရေရှည်တည်တံ့ပြီး
ငြိမ်းချမ်းရေး
အာမခံချက်ရှိမည့် ဖွဲ့စည်းပုံ
အခြေခံဥပဒေပေါ်ပေါက်ရေး အတွက် နိုင်ငံရေး အင်အားစုများ တွေ့ဆုံအဖြေရှာမှုက
အရေးကြီးသည်ဟု
တိုင်းရင်းသားအဖွဲ့များ၏
ပြောရေးဆိုခွင့်ရှိသူ
ပူကျင့်
ရှင်းထန်က
ပြောသည်။
“အဲဒီလို
နိုင်ငံရေးမူများ အဖွဲ့ပေါင်းစုံကနေ
ညှိနှိုင်းဖို့
လုပ်ဖို့
လိုအပ်တဲ့အတွက် တိုင်းရင်းသားများ
ခေါင်းဆောင်ဖြစ်တဲ့ ခွန်ထွန်းဦး၊
နောက် စိုင်းညွှန့်လွင်
သူတို့
ထောင်ကျ အဖမ်းခံရ၊
ဒေါ်အောင်ဆန်း
စုကြည်၊
ဦးတင်ဦး အထိမ်းသိမ်းခံတို့
အပါအ၀င် နိုင်ငံရေးသမား အကျဉ်းကျခံအားလုံးပါဝင်တဲ့ နံပါတ်တစ် ရွေးကောက်ပွဲမှာ
အနိုင်ရတဲ့ ပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်များ၊
တောထဲမှာနေတဲ့
အဖွဲ့အစည်းများ၊
အပစ်အခတ်ရပ်ဆဲတဲ့ အဖွဲ့အစည်း
များ
နောက် တိုင်းရင်းသား နိုင်ငံရေးပါတီများ နောက်ပြီးတော့
နိုင်ငံတော်ဖွံ့ဖြိုးရေးနဲ့
အေးချမ်းသာယာရေးကောင်စီ တို့အကြား
အပြန်အလှန်
လေးစားယုံကြည်မှုနဲ့
တွေ့ဆုံဆွေးနွေးအဖြေရှာရေးမှာ
အဓိကဖြစ်တယ်။
”
ယခုလ ၁၁ရက်နေ့ရက်စွဲဖြင့်
ထုတ်ပြန်သော ကြေညာချက်သည်
ဇွန်လ ၆ရက်နေ့က
အမျိုးသား ညီလာခံ
ကျင်းပရေးကော်မရှင် ဥက္ကဌ
ဒု ဗိုလ်ချုပ်ကြီးသိန်းစိန်က
မကြာမီ
ကျင်းပမည့်
ညီလာခံတွင် ယခင်ချမှတ်ခဲ့သော အခြေခံမူများကို ပြန်လည်ဆန်းစစ်သွားမည် ဖြစ်ကြောင်း
ကြေညာခဲ့သဖြင့်
အချိန်မီပြုပြင်ရန် ထုတ်ပြန်ခြင်း ဖြစ်သည်ဟု က ပြောသည်။
မြန်မာစစ်အစိုးရသည် ဦးတည်ချက်၆ရပ်နှင့် အခြေခံမူ ၁၀၄ချက်ချမှတ်ကာ
အမျိုးသားညီလာခံကို ၁၉၉၃ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး
ဦးတည်ချက်များတွင် အနာဂတ်နိုင်ငံတော်၏
အမျိုးသား
နိုင်ငံရေးဦးဆောင်မှုတွင်
တပ်မတော်
မှ
ပါဝင်ရန်နှင့် အခြေခံမူများတွင် ပြည်သူ့လွတ်တော်တွင်
တပ်မတော်သားကိုယ်စားလှယ် ၂၅
ရာခိုင်နှုန်းကို
ရွေးကောက်ပွဲတွင် မပါဝင်ဘဲ ထည့်သွင်းသတ်မှတ်ရန် ချမှတ်ထားသည်။
မကြာမီကျင်းပမည့်
အမျိုးသားညီလာခံသည် လက်ရှိရေးဆွဲနေသော ဖွဲ့စည်းပုံအခြေခံ
ဥပဒေမူကြမ်းပါအခန်း
၁၅
ခန်းကို
ညီလာခံကိုယ်စားလှယ်များက ဆွေးနွေးအတည်ပြုရန် သာကျန်ရှိ၍
နောက်ဆုံးအကြိမ်ဖြစ်ကြောင်း
ဒုဗိုလ်ချုပ်ကြီး
သိန်းစိန်က ထုတ်ဖော်ပြောကြားခဲ့သည်။
ယင်းနိုင်ငံရေး အခြေအနေများသည် တိုင်းရင်းသားပါတီများ၏
မျှော်မှန်းချက်
နှင့် ကွာခြားနေသည်ဟု ပူးကျင်
ရှင်ထန်
က သုံးသပ်သည်။
“ကျနော်တို့
လိုချင်တာကတော့ အဲဒီ Road Map
ကိုက
အားလုံးညှိနှိုင်းပြီးတော့မှ
အေး ကျနော်တို့
အခြေခံဥပဒေရေးဆွဲတော့မယ်။
ဒီလိုဆိုရင် အခြေခံဥပဒေဆိုတာ ကမ္ဘာမှာ
ဘယ်နှစ်မျိုးရှိနေပြီလဲ။
အခု ယူအဲန်မှာ နိုင်ငံပေါင်းက နှစ်ရာ နီးပါးရှိနေပေမယ့် မူအားဖြင့် ကျနော်တို့
လုပ်မယ်ဆိုရင် တပြည်ထောင်စနစ်ရယ်၊
ပြည်ထောင်စုစနစ်ရယ် နှစ်မျိုးနှစ်စားပဲ ရှိတယ်။
အဲဒီနှစ်မျိုးနှစ်စားထဲမှာ ငါတို့က
ပြည်ထောင်စု စနစ်ပဲလုပ်မလား။
တပြည်ထောင်စနစ်ပဲ ဆက်သွားမလား။
အဲဒါမျိုးကို ညှိနှိုင်းတိုင်ပင်ပြီးတော့မှ
အဲဒီ အပေါ်မှာ လမ်းပြမြေပုံဆိုတဲ့ Road Map
ကို
ချထားပြီး
ညီလာခံ
လုပ်မယ်ဆိုရင်တော့ အဓွန့်ရှည်နိုင်မယ်။
ပြည်သူလူထုကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက လုပ်မယ် ဆိုလို့ရှိရင်
ပြည်သူလူထုအတွက်လည်း တကယ်ပဲ ကောင်းမယ်ဆိုတဲ့ အမြင်မျိုးကျနော် တို့
မြင်
တယ်။
အခုလုပ်ထားတာက အဲဒီသဘောမျိုး မဆောင်တဲ့အတွက်ကြောင့်
အများကြီးတော့
ကွာတာ
ပေါ့ခင်ဗျ။
”
တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၁ဖွဲ့သည်
လမ်းညွှန်မြေပုံ
၇ချက်နှင့် အခြေခံမူ ၁၀၄ချက်ကို ချမှတ် အကောင်အ
ထည်
မဖော်မီ ၄င်းတို့တောင်းဆိုသော
သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို အရင်ပြုလုပ်ကာ အခြေခံမူများချမှတ်စေလို
သော
သဘောထားရှိကြောင်း
ပူးကျင်ရှင်းထန်က ဆက်လက်ပြောသည်။
သဘောထားထုတ်ပြန်လိုက်သော တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၁ပါတီအနက်
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ
အဖွဲ့ချုပ်နဲ့
ရှမ်းပြည်နယ် ကိုးကန့်ဒီမိုကရက်တစ်ပါတီ
နှစ်ပါတီသာ တရားဝင်ပါတီများအဖြစ်တည်ရှိ
နေပြီး
ကျန်ပါတီများမှာ ဖျက်သိမ်းခံထားရပြီးဖြစ်သည်။
ယင်းပါတီအားလုံးသည် နောက်ဆုံးကျင်းပခဲ့သော အမျိုးသား
ညီလာခံသို့
ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိပေ။
|