ထိုင်းရဲများက ဓါတ်ငွေသုံးပီး အလုပ်သမားများကို ဖမ်းဆီး

ခွန်အောင်မြတ်                                                                                                       ဇူလိုင်လ ၁၄ ရက် ၂၀၀၇ ခုနှစ်

ထိုင်းနိုင်ငံ ဘန်ကောက်မိုအနီး မဟာချိုင်ရှိ မြန်မာအလုပ်သမား တန်းလျားအတွင်းသို ယမန်နေနံနက်တွင် ထိုင်းရဲက အမည်မသိ ဓာတ်ငွေတမျိုးဖြင့် အခန်းတွင်းသှိုတ်သွင်းပီး အလုပ်သမားများကို ဖမ်းဆီးခဲ့သည်

မြန်မာအလုပ်သမား သိန်းနှင့်ချီအလုပ်လုပ်သော မဟာချိုင်တွင် ယမန်နေနံနက် ၄ နာရီခွဲကျော်ခန်တွင် အလုပ် သမားများ အိပ်စက်နေချိန် အမည်မသိ ဓာတ်ငွေဖြင့် အခန်းတွင်းသှိုတ်သွင်းခဲ့သည်ဟု အလုပ်သမားများ က ပြောသည်

ကိုယ်တွေ့ကြုံရသော အလုပ်သမားများ ပြောဆိုချက်အရ ဓါတ်ငွေမှာ မျက်ရည်ယိုဗုံးများတွင် အသုံးပြုသော ဓါတ်ငွေအမျိုးအစားမျိုးဖြစ်သည်

ဓာတ်ငွေအနံ့န်းသဖြင့် အိပ်နေရာမှ နိုးလာသောအခါ မျက်လုံးနှင့် လည်ချောင်းစပ်သည့် ဝေဒနာခံစားရသည် ဟု ကိုယ်တွေ့ကြုံသူ အလုပ်သမား ကိုမင်းမင်းက ပြောသည်

ချောင်းဆိုးတာပေါ့ အပြင်မှာ နှာခေါင်းတွေရော ပါးစပ်တွေရော အရည်တွေ တရဲရဲကျနေတာ လူကို နှုံးသွားတာပဲ အားကို မရှိတော့ဘူး သူတိုလုပ်လိုက်တာ အဲဒါ အခန်းထဲမှာ အနေကာရင် သေ တောင် သေနိုင်မလား မသိဘူး တခါမှ မကုံဖူးပါဘူး သုံးလေးနှစ်ရှိပီ ဒီထိုင်းနိုင်ငံမှာနေတာ အခုမှ တခါပဲ အဲဒါမျိုး ကုံဖူးတာ

အခြား အလုပ်သမား တဦးဖြစ်သူ ကိုညီညီကလည်း ဓါတ်ငွေအတွေကုံကို အခုလို ပြောပြသည်

မီးသတ်ဆေးဗူး မှုတ်တဲ့အသံမျိုး ကျနော် ကားတာပေါ့နော် ရှီးရှီးဆို အဲလိုသလိုမျိုး ခြင်ဆေးအသံ ထက်တော့ ပြင်းတယ် မီးသတ်ဆေးဗူးမှုတ်အသံလိုမျိုး ပိုက်ခေါင်းအသံနဲ ရှောရှော အဲလိုမျိုးမှုတ် လိုက်တယ် အဲလိုမှုတ်တဲ့အချိန်မှာ ကျနော်လည်း သူများပြောသံကားဖူးတော့ ကျနော်က တဘက် ကို ရေဆွတ်လိုက်တယ် ရေဆွတ်ပီး ကျနော့်မျက်နှာ ပေါ်ကို အုပ်ထားလိုက်တယ်

ဓာတ်ငွေန်းပီး အခန်းမှ ထွက်လာသည့် အလုပ်သမားများကို လက်မှတ်စစ်ဆေးကာ လက်မှတ် မရှိသူ အလုပ် သမား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်

အဖမ်းခံရမည်စိုးသည့် အလုပ်သမား အချိုမှာ အခန်းတွင်းတွင် ကိတ်မှိတ်က ပုန်းနေခဲ့ကသည်ဟု အလုပ်သ မား များက ပြောသည်

ကျနော်တို အောက်ထပ်က မိန်းမတွေကတော့ ကျနော်ကားနေရတယ် နားထဲမှာကို ချောင်းဆိုး တယ် နှာချေတယ် အော်တယ် အဲလို မခံနိုင်ဘူးပေါ့ သူတိုတွေ ဒါပေမယ့် သူတိုတွေကတော့ ပေ ကပ်နေကတယ် မိန်းမတွေက ဒါပေမယ့် မခံနိုင်ဘူး သူတိုကလည်း ဒါပေမယ့် သူတိုတွေက အခန်းမှာ တံခါးပေါက်တွေ ရှိတယ် ကျနော်တို အခန်းတွေက တံခါးပေါက် ပြတင်းပေါက် မရှိဘူး လေ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တိုက တိုက်ရိုက် ထိတာပေါ့ ဘယ်လိုပြောရမှာလဲ ခိုကပ်ကတာပေါ့ လေထွက်ပေါက် မရှိဘူးဆိုတော့ လေ၀င်ပေါက် မရှိတော့ သိတဲ့အတိုင်းပဲ အခန်းထဲမှာ ဟို ပုရွက် ဆိတ်တွင်းထဲကို ရေလောင်းထည့်သလို အဲလိုပဲပေါ့ ဘယ်လိုမှ ထွက်ပေါက် မရှိတော့ ခံရတာပေါ့

ထိုင်းရဲများ အသုံးပြုသော ဓါတ်ငွေအမျိုးအစားနှင့် သက်ရောက်မှုကို အတိအကျ မသိရသေးသော်လည်း ဓါတ် ငွေ်ခံစားရသည့် အလုပ်သမားများတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများလည်း ပါသည်ဟု အလုပ်သမား များက ပြောသည်

ထိုင်းနိုင်ငံအတွင်းရှိ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများ အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် သတ် မှတ်ထားသည့်ရက်များ ကုန်လွန်ပီဖြစ်ဇူလိုင်လ တရက်နေမှ စ ထိုင်းနိုင်ငံတ၀ှမ်းလုံး အလုပ်သမား လက် မှတ်သက်တမ်းမတိုးသူများ လက်မှတ်မရှိသူများကို စစ်ဆေးဖမ်းဆီးလျက်ရှိသည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။