|
ကေအဲန်ယူ ထောက်လှမ်းရေးအရာရှိတစ်ဦး ပစ်သတ်ခံရ
အောင်မိုးမြင့်။
ဇူလိုင်လ ၁၄ ရက်၊
၂၀၀၇ ခုနှစ်။
ထိုင်း
မြန်မာနယ်စပ် မဲဆောက်မြို့
အနီးရှိ မယ်လ ဒုက္ခသည်စခန်းအတွင်းတွင်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)မှ ထောက်လှမ်းရေး အရာရှိတဦးကို အမည်မသိ
လူတစ်စုက ယမန်နေ့
ညနေ ရ နာရီခန့်တွင်
ပစ်
သတ်သွားကြောင်း
သိရသည်။
မယ်လ ဒုက္ခသည်စခန်း
အမှတ်သုံး ဂိုထောင်ရှေ့
တွင် ကေအဲန်ယူ ကာကွယ်ရေးဌာန၏
အထူးထောက်လှမ်း တပ်ဖွဲ့မှ
ထောက်လှမ်းရေး အရာရှိ ဗိုလ်မှူးသာရှီးကို နောက်မှ လိုက်လာသော ကားတစီးပေါ်မှ
သေနတ်နှင့် ပစ်သွားခြင်းဖြစ်သည်ဟု ဒုက္ခသည်တစ်ဦး
က ယခုလို ပြောပြသည်။
“သူတို့က
မဲဆောက်ဖက်ကနေပြီးတော့
ဒီမယ်လဒုက္ခသည်စခန်းကိုလာတယ်၊
မယ်လ ဒုက္ခသည်စခန်း
ဇုံဘီမှာရှိတဲ့ အမှတ်သုံး ဂိုဒေါင်ကို သူတို့ဝင်လိုက်တယ်
၊
ဝင်လိုက်ပြီးတော့
ကားနဲ့လာပြီးတော့
အ
မှတ်သုံး ဂိုဒေါင် ထဲကို
ဝင်လိုက်ပြီးတဲ့နောက်မှာ
ကားလမ်းပေါ်က လှမ်းခေါ်လို့
သူတို့ပြန်သွားတဲ့
အ ချိန် မှာ
နောက်က ပါလာတဲ့ ကားတစ်စီးပေါ်ကနေပြီးတော့
လှမ်းခေါ်တဲ့သူတွေက နေပြီးတော့
ပစ်
သွားတယ်။
ပစ်သွားတဲ့ ဦးရေက သေသေချာချာ မသိပေမဲ့ ဗိုလ်မှူးသာရှီးက ပွဲချင်းပြီး
ဆုံးသွားပြီး
တော့
သူ့မှာ
ပါလာတဲ့ အဖေါ်တစ်ယောက်က ဒဏ်ရာရသွားတယ်။
အဲ့ဒါက မဲဆောက်ဆေးရုံ ပို့လိုက်
ရတယ်။
ကားမောင်းတဲ့သူ တစ်ယောက်လို့
ပြောသံကြား
တယ် အဲ့တစ်ယောက်ကတော့ သူက ထွက်
ပြေးတဲ့အတွက်
လွတ်သွားတယ်။”
ပစ်ခတ်မှုဖြစ်ပွာပြီး
မကြာခင်မှာ
အခင်းဖြစ်ပွားရာနေရာကို ထိုင်းမှ တာဝန်ရှိသူများ လာရောက် စစ်ဆေးကြည့်
ခဲ့ရာ
ကိုးမမ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်းပြောဆိုသည်။
သက်ဆိုင်ရာ
ထိုင်းအာဏာပိုင်များက
ဤပစ်ခတ်မှုနှင့်
ပတ်သက်၍
ဆက်လက် အရေးယူစုံစမ်းလျက်ရှိသည်။
ဗိုလ်မှူးသာရှီး အသတ်ခံရမှုသည် သူတာဝန်ယူခဲ့သည့် ထောက်လှမ်းရေး အဖွဲ့အစည်းအတွင်း
ဖြစ်ပွားခဲ့သည့်
ပဋိပက္ခ
များကြောင့်
ဖြစ်နိုင်သည်ဟု ကေအဲန်ယူ သတင်းနှင့်ပြန်ကြားရေး
ဌာနမှ ဗိုလ်မှူးလှငွေက ပြောသည်။
“ဗိုလ်မှူးသာရှီးရဲ့
လုပ်ဖေါ်ကိုင်ဖက် တွေထဲကနေပြီးတော့
တချို့လည်းပဲ
ဒီကေဘီအေ ရောက်သွား
တာရှိတယ်။
သူနဲ့
ပဋိပက္ခပေါ့လေ
ပုဂ္ဂိုလ်ရေးအရ
တချို့
ပဋိက္ခ
တွေနဲ့ပဲ
ပြောင်းသွားကုန်တာ၊
အဲ့ဒါ ရောက်သွား တာရှိတယ်။
အဖူး ထိန်မောင် (ငြိမ်းချမ်းရေးယူသွားသည့်
တပ်မဟာမှူးဟောင်း ဗိုလ်မှူး
ချုပ် ထိန်မောင်) တို့ဆီကိုလည်း
သွားတာလည်းရှိတယ်။
ရှိတော့ ကျနော်သိရသလောက်ကတော့ ကျနော်တို့
နဲ့
တခါတလေ အမှတ်မထင် ဆုံတဲ့အခါမှာ သူပြောပုံအရတော့ သူ့ကိုတော့
ဒီထိုင်းမိတ်
ဆွေတွေ ထဲကတောင်ပြောတယ် သူ့ကို
သတိထားဘို့ပေါ့လေ၊
ထိုင်းဖက်ပိုင်းမှာ ၀င်လာပြီးတော့
နောက်ကနေ လိုက်ပြီးတော့
လုပ်ကြံစရာ
အကြောင်းရှိတယ်၊
ဒါကြောင့်မို့
ခင်ဗျားသတိထားလို့
ပြော
တာလို့
သူကကျနော်တို့ကိုတောင်
ပြောသေးတယ်။”
ယခုလို
ဖြစ်ပျက်မှု အပေါ်တွင် ကလှည့်စား မချေသင့်ကြောင်းနဲ့
နိုင်ငံရေးကြောင့်ဖြစ်စေ၊
လူပုဂ္ဂိုလ်ရေးကြောင့်
ဖြစ်စေ၊
ယဉ်ကျေးသည့် လူသား၊
အဖွဲ့အစည်း၊
ပုဂ္ဂိုလ်များဖြစ်ပါက
ဒီလိုမဖြစ်သင့်အောင် ဂုဏ်သိက္ခာစောင့်
ထိန်း ပြီး
ပြေလည်အောင်ဖြေရှင်းသင့်ကြောင်း
ဗိုလ်မှူး လှငွေ က ဆက်ပြောသည်။
ယနေ့မနက်ပိုင်းတွင်
ထိုင်းတပ်မတော်မှ မယ်လဒုက္ခသည်
စခန်းတွင်းရှိ ဆိုင်ကယ်နံပါတ်များ၊
ကားနံပါတ်များကို ပိုင်ရှင်များနှင့် အတူ ဓါတ်ပုံရိုက်ယူ
ပြီး
စာရင်းကောက်ခဲ့ကြောင်းသိရသည်။
ဗိုလ်မှူးသာရှီး၏
အလောင်းကို ဒုက္ခသည်စခန်းတွင်းရှိ
အကိုဖြစ်သူ စာဒစ် နေအိမ်မှ မဲဆောက်ရှိ အမဖြစ်သူ
နေအိမ်သို့
ပြောင်းရွေ့ပြီး
ယနေ့
နေ့လည်
တစ်နာရီတွင် သဂြိုလ်လိုက်သည်။
ဗိုလ်မှူးသာရှီးသည် ၁၉၉၄ နောက်ပိုင်း ဗိုလ်ချူပ်မြ ကာကွယ်ရေးဝန်ကြီးဌာနတွင်
တာဝန်ယူစဉ် ကေအဲန်ယူ အ
ဖွဲ့အစည်းသို့
စတင်ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး၊
ထိုအချိန်မှစ၍
ကာကွယ်ရေးဝန်ကြီးဌာန
အောက်တွင် ဗိုလ်
မှူး တာဝန်ဖြင့်
ထောက်လှမ်းရေး တာဝန်ကို မသေဆုံး ခင်အချိန်ထိ တာဝန်ယူခဲ့သူ ဖြစ်သည်။
|