|
ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းမိ
ပစ်ခတ်မှုဖြစ်ပွားပြီး လက်နက်ကိုင်တဦးကို အသေဖမ်းဆီးရမိ
နွယ်လေး။
ဇူလိုင်လ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နယ်အတွင်း
စိတ်ကြွဆေးပြားသယ်ဆောင်လာသည့် အဖွဲ့ကို ထိုင်းမူးယစ် နှိမ်နင်းရေးအဖွဲ့နှင့်
ထိုင်းစစ်တပ်တို့ ပူးပေါင်း၍ ဖမ်းဆီးရာ စိတ်ကြွဆေးပြား သုံးသိန်းကျော်၊
လက်ပစ်ဗုံး တလုံး နှင့်အတူ လက်နက်ကိုင် တစ်ဦး အသေ ဖမ်းဆီးရမိသည်ဟု
ရဲမှူးတစ်ဦးကပြောသည်။
ထိုင်း-မြန်မာနယ်စပ်
ချင်းမိုင်ခရိုင် ၀ိန်းဟိုင်မြို့တွင် မူးယစ်နိမ်နင်းရေးအဖွဲ့နှင့်
ထိုင်းစစ်တပ်တို့ ပူးပေါင်းပြီး ဂျူ လိုင် ၁၂ ရက် နေ့ည ၉ နာရီ ခွဲကျော်တွင်
စိတ်ကြွ ဆေးပြားသယ်သည့် အဖွဲ့အား ဖမ်းဆီးစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး
သေဆုံးနေသည့် လီရှောလူမျိုးဟု ယူဆရသူတဦးနှင့်အတူ စိတ်ကြွဆေးပြားများနှင့်
လက်ပစ်ဗုံးတလုံး သိမ်းဆည်းရမိသည်ဟု ၀ိန်းဟိုင်ရဲစခန်းမှ တာဝန်ရှိသူ က ယခုလို
ပြောသည်။
“၀ိန်းဟန်
မြို့ရပ်ကွက် (၁၂) ၀ိန်းဟန် နဲ့ ကျိန်းလောဝ်ကားလမ်းမ နဲ့ ကီလိုမီတာ ၅၀ကျော်
လောက် ဝေးတဲ့တောထဲမှာ ည(၉)နာရီ မိနစ်သုံးဆယ်မှာ မူးယစ်နိမ်နင်းရေးအဖွဲ့နဲ့
စစ်ကြောင်းက စိတ်ကြွဆေးပြားသယ်လာတဲ့ လူတွေလိုက်ဖမ်းရင်းနဲ့ ပစ်ခေတ်ခဲ့တယ်။
စိတ်ကြွဆေးပြား ရာမ သယ် လာတဲ့လီဆော တစ်ယောက်သေတယ်။ အတိကျတော့မသိဘူး လွတ်သွားတာက
လေးငါးယောက် ရှိမယ်။ ရာမ အလုံးရေ သုံးသိန်းတစ်သောင်းရှစ်ထောင်လုံး (၃၁၈၀၀၀) နဲ့
အမ် ၂၆ လက်ပစ်ဗုံး တစ်လုံး ဖမ်းဆီးမိတယ်။ သေဆုံးသူ အလောင်းကို ချင်းမိုင်
ဆေးရုံကို အခင်းဖြစ်တဲ့ ညမှာပို့လိုက်ပြီး လွတ်မြောက်သွားသူကို
လိုက်လံရှာဖွေနေဆဲပဲ။ ဒီဘက်က နယ်စပ်ဒေသဆိုတော့ ရှာရတာလဲ ထင်သ လောက် မလွယ်ဘူး
။”
၎င်းမှ
လွတ်မြောက်သူများသည် မည်သည့် အဖွဲ့စည်းနှင့် မည်သည့် လူမျိုးဖြစ်သည်ကိုမူ အတိကျ
ပြောဆို နိုင်ခြင်း မရှိသော်လည်း တရားမ၀င် ၀င်ရောက်လာသူများ ဖြစ်နိုင်သည်ဟု ၎င်းက
ဆက်ပြောပြောသည်။
|