ရှမ်းခေါင်းဆောင် တစ်ဦး ကွယ်လွန်

အောင်မိုးမြင့်။
သဂုတ်လ ၁၄ ရက် ၂၀၀၇ ခုနှစ်

ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ်ပီပီ) ပထမဆုံးဥကဌနှင့် ရှမ်းပြည်တပ်မတော်(အက်စ်အက်စ်အေ)အဖွဲ့၏ စစ်ဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှမ်းခေါင်းဆောင်တစ်ဦးဖြစ်သူ စပ်ခွန်ကာနု (ခေါ်) စပ်ဆိုင်ဆစ် အသက်(၇၂)နှစ် သည် ထိုင်းနိုင်ငံ ချင်းမိုင်မိုတွင် အဆုတ်နာရောဂါဖြင့် ယမန်နေ ညနေ ၅ နာရီ ခန်တွင် ကွယ်လွန်သွားသည်

ရှမ်းပြည်နယ် ဖွဲစည်းပုံရေးဆွဲရေး ကော်မတီ ဥက နှင့် ရှမ်းဒီမိုကရက်တစ်သမဂ(အက်စ်ဒီယူ) ယာယီ ဥက အဖြစ် တာဝန်ယူထားသူ ခွန်ကာနု ကွယ်လွန်သွားခြင်းသည် ပြည်ထောင်စု တစ်ဝှမ်းလုံးအတွက် ဆုံးရှုံးမှု တစ်ခု ဖြစ်သည်ဟု တိုင်းရင်းသားလူမျိုးများကောင်စီ (အီးအဲန်စီ) အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဆလိုင်း လျန်းမုန်းဆာခေါင်း က ပြောသည်

ခွန်ကာနု ဟာ သူတသက်တာလုံး ရှမ်းလူမျိုးအတွက်သာမကဘဲနဲ တိုင်းရင်းသား လူမျိုးအားလုံး အတွက် တော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။”

သူရဲလုပ်ဆောင်ချက်အားလုံးကို ပြန်သုံးသပ်ကည့်လိုရှိရင် သူရဲ ပေါ်လစီတစ်ခုလုံးက ပင်လုံစိတ် ဓါတ် ပြည်ထောင်စုစိတ်ဓါတ်  ဆိုတဲ့အပေါ်မှာပဲ သူ အမဲတမ်း အခြေခံပီးတော့ အလုပ်လုပ်နေတာကို တွေရပါတယ် အဲ့ဒီအတွက် ပြည်ထောင်စုတစ်ဝှမ်းလုံးရဲ့ ဆုံးရှုံမှုကီးဖြစ်ပါတယ်လို ကျနော်တို တိုင်း ရင်းသား လူမျိုးများကောင်စီက မြင်ပါတယ်။”

စ၀်ခွန်ကာနု ခေါ် စ၀်ဆိုင်းဆစ် ကို ပင်လုံ လက်မှတ်ရေးထိုးရာတွင် အထင်ကရ ပါဝင်ခဲ့သည့် ခွန်ကာဘူး နှင့် မိခင် နန်းခင်မကီးတိုက ၁၉၃၅ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ကီးမို့၌ မွေးဖွားခဲ့ပီး မွေးချင်း ၁၀ ယောက်ထဲမှ ဆဌမမြောက်သား ဖြစ်သည်

တိုင်းရင်းသားလူမျိုးများအရေးနှင့် ပြည်ထောင်စုအရေးကိစများအတွက် တိုင်းရင်းသား ခေါင်းဆောင်များ အချင်း ချင်း လက်တွဲလုပ်ကိုင်ခဲ့ရာတွင် စ၀်ခွန်ကာနုသည် အမှတ်ထင်ကျန်ရစ်မည့် လုပ်ဆောင်ချက်များလည်း ရှိခဲ့သည် ဟု ဆလိုင်းလျန်းမုန်းဆာခေါင်း က ဆက်ရှင်းပြသည်

သူရဲ့လုပ်ဆောင်မှုထဲမှာ အမွန်မြတ်ဆုံးကို ကျနော်တို ပြောလိုက်လိုရှိရင် ပြည်နယ်ဖွဲစည်းပုံ အခြေခံ ဥပဒေရေးဆွဲရေးလုပ်ငန်းနဲ ဖယ်ဒရယ်ဖွဲစည်းပုံ အခြေခံဥပဒေရေးဆွဲရေးလုပ်ငန်း ပီးတော့ ကျနော် တို ပြည်တောင်စု အတွင်းမှာဖြစ်နေတဲ့ တိုင်းရင်းသား လူမျိုးအားလုံး ချစ်ကည်ရေးနဲပြန်လည် သင့်မြတ်ရေး အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းတွေ ဦးဆောင်ပီးတော့ ပါဝင်ခဲ့ပီးတော့မှ လုပ်ဆောင်ခဲ့တာတွေဟာ ကျနော်တို မေ့လိုမရတဲ့ ကီးမားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါ တယ်။”

တိုင်းရင်းသားခေါင်းဆောင်များအတွက်သာမက လူငယ်မျိုးဆက်သစ်များအတွက်လည်း စ၀်ခွန်ကာနုသည် လေး စား သမှုခံရသော ခေါင်းဆောင်တဦးဖြစ်သည်

ရှမ်းလူငယ်များကွန်ယက်(SYNG)က ဒုဥက ဖြစ်သူ စိုင်းမွန်း က ခွန်ကာနု ကွယ်လွန်သွားသည့်အတွက် ရှမ်းလူ ငယ်များအနေဖြင့် ဆုံးရှုံးမှုကီး တစ်ခုအနေဖြင့် ခံစားရသည်ဟု ပြောသည်

ရှမ်းလူငယ်တွေရဲ့ လက်ဦးဆရာလိုလည်း ပြောလိုရပါတယ်ဒီ စ၀်ဆိုင်ဆစ်က ဒီကျနော်တိုလူငယ် တွေကို အများကီးကို ဘာဖြစ်လိုလည်းဆို ကျနော်ဆိုရင် သားလိုလိုပဲ ကျနော် အဲ့လိုမျိုးဖြစ်ပါတယ် ဒါက ကျနော့်တစ်ယောက်တည်းမဟုတ်ဘဲနဲ တစ်ခြားတိုင်းရင်း သားတွေကောပါ အဲ့လိုမျိုးခံစားမှု လေးတွေရှိပါတယ် ပီးတော့မှ ကျနော်တို ရှမ်းတွေအတွက်မှာရော ဒါကတော့ တော်တော်ကီးမားတဲ့ လစ်ဟာချက်ကီး တစ်ခုဖြစ်သွားတာပေါ့ဗျာ ကျနော်တို့။ လှေခါးထစ်ကီး တစ်ထစ်ပျောက်သွားသလို မျိုး ဖြစ်နေတယ် ကျနော်တိုအတွက် ဒါက  ကျနော်တို ရှမ်းလူငယ်တွေရဲ့ ခံစားချက်လေးပေါ့

ခွန်ကာနု ကွယ်လွန်သွားချိန်တွင် သူဇနီးနှင့်အတူ သားသုံးဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့ပီး သူရုပ်အလောင်း ကို ၁၈ ရက်နေတွင် မီးသဂိုလ်မည်ဟု ဈာပန ကော်မတီက ဆုံးဖြတ်ထားသည်

ခွန်ကာနုသည် ရန်ကုန်တကသိုလ်မှ အိုင်အက်စ်စီ ဘွဲကိုရရှိခဲ့သူတစ်ဦးဖြစ်ပီး ရန်ကုန်တကသိုလ်မှာ ရှိစဉ်က ရှမ်း စာပေ ယဉ်ကျေးမှုအသင်းနှင့် ရှမ်းပြည်ကျောင်းသား များ အဖွဲတွင်ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်

စ၀်ခွန်ကာနုသည် ၁၉၅၉  ခုနှစ်တွင် နွံစစ်ဟန်ရှမ်းတော်လှန်ရေး အဖွဲကို ၀င်ရောက်ခဲ့သည် ၁၉၆၀ ခုနှစ်တွင်  ရှမ်းပြည်တပ်မတော် (အက်စ်အက်စ်အေ)ကို ထူထောင်ရာမှာ ပါဝင်ခဲ့ပီး တပ်မဟာ ၃ တပ်မှူးအဖြစ် တာဝန်ယူခဲ့ ပါသည်

၁၉၇၁ ခုနှစ် အက်စ်အက်စ်အေ နိုင်ငံရေးဦးဆောင်ပါတီဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (အက်စ်အက်စ် ပီပီ) ကို စတင်ဖွဲစည်းချိန်တွင် ပါတီဥကဌနှင့် စစ်ဦးစီးချုပ် တာဝန်များကို ထမ်းဆောင်ခဲ့သည်

၁၉၇၆ ခုနှစ်တွင် အက်စ်အက်စ်ပီပီထဲတွင် ကွန်မြူနစ်ပါတီကိုလိုလားသော တပ်မှူးများနေရာရလာပီး နောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးမှ အနားယူခဲ့သည်

၁၉၉၂ ခုနှစ်တွင် ပြည်ပရောက် ရှမ်းနိုင်ငံရေး အင်အားစုတွေ ပြန်လည်စုစည်းခဲ့ပီး အက်စ်အက်စ်အို (ရှမ်းပြည် အဖွဲချုပ်) ကို တည်ထောင်ခဲ့ပါသည်

၂၀၀၁ ခုနှစ်မှာတော့ တိုင်းရင်းသားလူမျိုးစုများ သွေးစည်းခိုင်မာရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (အီး အဲန်အက်စ်စီစီ) ကို တည်ထောင်ရာတွင် တခြားတိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ ပါဝင်ခဲ့သည် ယင်း အဖွဲကို နောက်ပိုင်းတွင် အီးအဲန်စီ (တိုင်းရင်းသား လူမျိုးများ ကောင်စီ) အဖြစ်ပြောင်းလဲခေါ်ခဲ့သည်

၂၀၀၄ ခုနှစ်မှစရှမ်းဒီမိုကရက်တစ် သမဂ(အက်စ်ဒီယူ) အဖွဲမှာ ယာယီဥက အဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့ပီး ကွယ်လွန်ချိန်တွင် ရှမ်းပြည်နယ် ဖွဲစည်းပုံ အခြေခံ ဥပဒေရေွးဲရေး ကော်မတီတွင် ဥက အဖြစ် တာဝန်ယူနေသူတစ်ဦးဖြစ်သည်

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။