|
ပဒိုမန်းရှာလုပ်ကြံမှု
မြန်မာအစိုးရ
လက်ချက်မကင်းနိုင်ဟု ကေအဲန်ယူ ထင်မြင်ချက်ပေး
ခွန်အောင်မြတ်။
ဖေဖော်ဝါရီလ ၁၅ ရက်၊
၂၀၀၈ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၏
အထွေထွေအတွင်းရေးမှူး
ပဒိုမန်းရှာ လဖန်းအား လုပ်ကြံမှုတွင်
မြန်မာစစ်အစိုးရ ပယောဂမကင်းဟု ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး(၂) ပဒို
ဒေးဗစ်သာကပေါက ပြောသည်။
“ဒီကေဘီအေ
ရှိတယ်။
နောက်ပြီးတော့
ဟိုဖက် ကူးပြောင်းသွားတဲ့ တပ်မဟာ(၇) မှူးဟောင်း (ဗိုလ်
ချုပ်ထိန်မောင်)
အဲဒါတွေ သူတို့လက်ချက်။
ဒါပေမယ့် နောက်မှာကတော့ အဓိကကတော့ နအဖ ရှိ
တယ်။
အဲဒါကတော့ သေချာတယ်။”
ဟု
ကေအဲန်ယူ တွဲဖက် အတွင်းရေးမှူး(၂) ပဒို ဒေးဗစ်သာကပေါက ပြောသည်။
ယမန်နေ့ည
၎ နာရီ မိနစ် (၄၀)ခန့်အချိန်တွင်
ပဒို မန်းရှာသည် နေအိမ်၌
ထမင်းစားပြီး
အနားယူချိန်တွင် ကား
အနက်ရောင်ဖြင့် ရောက်လာသည့် အမည်မသိ လူနှစ်ဦးက အိမ်ပေါ်တက်လာကာ
“ဦးလေးနေကောင်းလား”
ဟု
ကရင်စကားဖြင့် နှုတ်ဆက်ပြီး
သေနတ်ဖြင့် ပစ်သတ်သဖြင့် ပွဲချင်းပြီး
သေဆုံးသွားသည်။
မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု၏
အထွေထွေအတွင်းရေးမှူး
ဒေါက်တာ နိုင်အောင် က
“ကျနော်တို့
ယေဘုယျ အနေနဲ့
ခန့်မှန်းတာကတော့
သူရဲ့
ရပ်တည်ချက်ကို မကြိုက်တဲ့လူတွေက
လုပ်တယ်လို့ပဲ
ပြောလို့
ရမှာပေါ့နော်။
အဲလိုမျိုးထဲမှာပဲ ကျနော်တို့
ရန်သူရဲ့
သွေးထိုးလှုံ့ဆော်မှုနဲ့များ
တခြား ကေအဲန်ယူ ခေါင်းဆောင်မှုကို
မပြေလည်တဲ့ အတီးမန်းရှာ ခေါင်းဆောင်မှုကို
မကြေလည်တဲ့
အုပ်စုတွေရဲ့
လက်ချက်နဲ့များ
ဖြစ်ကောင်းဖြစ်နိုင်မလားဆိုတဲ့ ယူဆမှုလည်း
ရှိကောင်း ရှိတာပေါ့။”
ထိုင်းလုံခြုံရေးအရာရှိတဦးကမူ
၎င်းတို့တွင်
ယခု သတ်ဖြတ်မှုနှင့်
ပတ်သက်၍
တိကျသည့် အထောက်အထား
များ
မရသော်လည်း မြန်မာအစိုးရတွင် လုပ်ကြံသတ်ဖြတ်ရေး
အပါအ၀င် ထိုင်းနယ်စပ် အခြေစိုက် အတိုက်အခံ အဖွဲ့အစည်းများအား
ထိုးနှက်တိုက်ခိုက်ရန် လုပ်ငန်းစဉ် ၁၀ ချက် ချမှတ်ထားကြောင်း
သတင်းများရရှိထားသည်
ဟု ပြောသည်။
မကြာသေးခင်ကလည်း
ကေအဲန်ယူ အဖွဲ့မှ
အရေးပါသည့် တပ်မှူး တဦးဖြစ်သူ ဗိုလ်မှူးဂျော်နီ အားလုပ်ကြံရန်
ကျိုးပမ်းမှုတခုဖြစ်ပွားခဲ့သည်ဟု
၎င်းကပင်ပြောသည်။
ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ကျဆုံးသွားသည့်အပေါ် တော်လှန်ရေးအတွက်
ကြီးမားသည့်
ဆုံးရှုံးမှု
တ
ရပ်ဖြစ်သော်လည်း ကေအဲန်ယူ၏
မူဝါဒလမ်းစဉ်အတိုင်း
ဆက်သွားမည်ဟု ကေအဲန်ယူ၏
တွဲဖက်
အတွင်းရေး(၂) ပဒို ဒေးဗစ်သာကပေါက ပြောသည်။
“ကေအဲန်ယူကတော့
တဗိုလ်ဆင်း တဗိုလ်တက်ပဲ။
ကျနော်တို့
ကျန်တဲ့ ခေါင်းဆောင်တွေ ဆက်ပြီး
တော့
ကျနော်တို့
ချထားတဲ့လမ်းစဉ် လုပ်ငန်းစဉ်အတိုင်းဆက်လုပ်သွားမယ်။ကေအဲန်ယူကတော့
လမ်း
စဉ် လုပ်ငန်းစဉ်
ရှိတယ်။
အဲဒီအတိုင်း ဆက်လုပ်သွားမှာပေါ့။
ကေအဲန်ယူကတော့ တော်လှန်ရေးအ
တွက်
မားမားမတ်မတ် ရပ်တည်သွားမယ်။”
လူသတ်သမားနှစ်ဦး စီးလာသည့်ကားကို ထိုင်းရဲများက တွေ့ရှိသိမ်းဆည်း
ထားနိုင်ခဲ့သော်လည်း တရားခံကို ဖမ်းဆီးရမိခြင်း မရှိသေးပါ။
ပဒိုမန်းရှာလဖန်း၏
ဈာပနအခမ်းအနားကို
ကေအဲန်ယူ၏
တပ်မဟာ
တနေရာတွင် ယခုရက်ပိုင်းအတွင်း ကျင်းပ
မည်ဖြစ်ပြီး
ရက်အတိအကျ မသတ်မှတ်ရသေးဟု ပဒိုဒေးဗစ်သာကပေါက ပြောသည်။
|