|
မြန်မာစစ်တပ်နှင့်
အက်စ်အက်စ်အေ တောင်ပိုင်း တိုက်ပွဲများဖြစ်ပွား
နွယ်လေး။
မေလ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်။
ရှမ်းပြည်နယ်
အလယ်ပိုင်းရှိ ကွန်ဟိန်းနှင့် မိုင်းကိုင်ဒေသ၌ မြန်မာစစ်တပ်နှင့်
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း
(အက်စ်အက်စ်အေ-အက်စ်)
တို့
မေလအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်မှ ထိ
ခိုက်
ကျဆုံးသူများရှိကြောင်း
အက်စ်အက်စ်အေ-
တောင်ပိုင်းက ပြောသည်။
ယခုကဲ့သို့
တိုက်ပွဲများဖြစ်ပွားရခြင်းသည် လူထုဆန္ဒခံယူပွဲအတွက်
စစ်အစိုးရဘက် လုံခြုံရေးတိုးချဲ့ချထားမှု
ကြောင့်
အက်စ်အက်စ်အေတပ်ဖွဲ့များနှင့် မကြာခဏရှောင်တခင်
တိုက်ပွဲများဖြစ်ပွားခြင်းဖြစ်သည်။
မေလ၁၁ရက်နေ့
မနက်(၈)နာရီခန့်တွင်
ကွန်ဟိန်းမြို့အနီး၌ မြန်မာစစ်တပ် တပ်ရင်း ၆၆အဖွဲ့ ကင်းလှည့်စဉ် အက်စ်အက်စ်အေ၏
တပ်မဟာ ၃၆၃ က ခြုံခို တိုက်ခိုက်ခဲ့ရာ မြန်မာစစ်တပ်ဘက်မှ တပ်သား၃ယောက် ကျ
ဆုံးသည်ဟု
အက်စ်အက်စ်အေ တောင်ပိုင်း၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်းက
ပြောသည်။
"ကျနော်တို့က
လူအင်အား ၂၀ လောက် ရှိတဲ့ သူတို့လှည့်ကင်းစစ်ကြောင်းကို စောင့်ပစ်တိုက်ပွဲ
ပေါ့နော်။
ဒီတိုက်ပွဲမှာ လက်နက်တွေလည်း သိမ်းဆည်းရထားတယ်။ အမ်အေ ၄ လေ ၇၉နဲ့ တွဲတာ
နှစ်လက်၊
ပြီးတော့ အမ်အေ ၁ တစ်လက်၊ စကားပြောစက် တစ်လုံး၊ အီကွေ့မန့် ကြိုးနှစ်ချောင်းနဲ့
ကျဉ်အတောင့် ၈၀ နဲ့ကျဉ်ကဒ် ၈ ကဒ် ရတယ်ခင်ဗျ။ "
ကျဆုံးသွားသည့် မြန်မာတပ်သားထဲမှ
တပ်ကြပ်ကြီးတင်ဌေးလိုင် ပါဝင်ပြီး ကျန်သူ၂ဦီးမှာမူ အမည်များ မသိရ
ကြောင်း
၎င်းက ပြောသည်။
ယင်း
၁၁ရက်နေ့မှာပင် ကွန်ဟိန်းမြို့အနီး ကာလိကျေးရွာအနီးတွင် မြန်မာစစ်တပ်မှ တပ်မ
၆၆ နှင့်ပင်
တိုက်ပွဲ
ထပ်မံဖြစ်ပွားရာ
မြန်မာစစ်တပ်မှ တပ်သားတစ်ဦးကျဆုံးသည်ဟု အက်စ်အက်စ်အေက ပြောသည်။
မေ
၁၀ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် ဖာလမ်ဒေသတွင် မြန်မာစစ်တပ်မှ တပ်မ ၅၁၃
နှင့် အက်စ်အက်စ်
အေ
တောင်ပိုင်း တပ်မဟာ ၇၅၉ တို့
တိုက်ပွဲဖြစ်ပွားခဲ့ရာ
မြန်မာ တပ်ဘက်မှ အကျဆုံးနှင့် ဒဏ်ရာရသူ ရှိသော်
လည်း
အတိအကျ မသိရသေးဟု စိုင်းဆိုင်မိန်းက ပြောသည်။
ရှမ်းပြည်နယ် အတွင်းပိုင်းတွင် တိုက်ပွဲများ
နေရာအနှံ့ ဖြစ်သွားနေချိန်တွင် ထိုင်းနှင့် ရှမ်းပြည်နယ်စပ်မြို့ဖြစ်သည့်
မိုင်းတုံမြို့နယ် နားကောင်းမူးဒေသများ၌ မြန်မာစစ်တပ်က တပ်အင်အားများ
ထပ်မံတိုးချဲ့ထားသည်ဟု ယင်း
ဒေသရှိ
ဒေသခံများက ပြောသည်။
|