ဒီကေဘီအေနှင့် နအဖတပ်ဖွဲ့များ ကေအဲန်ယူကို ထပ်မံထိုးစစ်ဆင်

ခွန်အောင်မြတ်။                                                                                                             ဇွန်လ ၁၅ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်အမျိုးသား အစည်းအရုံး (ကေအဲန်ယူ)၏ တပ်မဟာ(၆)နယ်မြေရှိ စခန်းတခုအား ယနေ့နံနက်က မြန်မာ စစ်အစိုးရတပ်နှင့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်(ဒီကေဘီအေ)တို့ ပူးပေါင်းကာ လက်နက် ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ နှစ်ဖက်လုံးတွင် ကျဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်ဟု ကေအဲန်ယူ အထွေ ထွေအတွင်းရေးမှူးက ပြောသည်။

“တိုက်ပွဲက ဒီမနက်ငါးနာရီထိုးလောက်ကနေ စဖြစ်တယ်။ အဲတော့ သူတို့လက်နက်ကြီးတွေ ကျနော် တို့ တပ်တွေ ရှိတဲ့နေရာကို လက်နက်ကြီးတွေနဲ့ ပစ်ချတော့။ ကျနော်တို့ဖက်က တစ်ယောက်ကျ တယ်၊ တစ်ယောက်ဒဏ်ရာရ တယ်။” ဟု ကေအဲန်ယူ၏ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလဖန်းက  ပြောသည်။

ကေအဲန်ယူ၏ တပ်မဟာ ၆နယ်မြေမှ ဗိုလ်ဘူးဖောဦးဆောင်သည့် တပ်ရင်း ၂၀၁ တပ်စခန်းကို နအဖ စစ်တပ်က ယနေ့နံနက် ၅ နာရီမှစ၍ ၈ နာရီကျော်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ပဒိုမန်းရှာက ဆက်လက် ပြောသည်။

“သူတို့ကတော့ ခုန ကျနော်တို့ ဒီလွန်ခဲ့တဲ့ တစ်နာရီလောက်ထိကတော့ သူတို့ကတော့ လက်နက် ကြီးတွေနဲ့ လျှောက်ပြီးတော့ အရမ်းအရမ်း လျှောက်ပစ်နေတုန်းပဲလို့ကြားတယ်။”

တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ ဆယ်ဦးထက်မနည်း သေဆုံးပြီး နအဖတပ်ဖွဲ့မှ သေဆုံးဒဏ်ရာရမှုကို မသိရသေးကြောင်းနှင့်  လက်နက်လေးလက်နှင့် စကားပြောစက်တလုံး သိမ်းဆည်းရမိကြောင်း ကေအဲန်ယူ ရှေ တန်းနယ်မြေမှ တပ်မှုးတဦးက ပြောသည်။

ယခုလ ၉ ရက်နေ့က ဒီကေဘီအေနှင့် နအဖတပ်ဖွဲ့များက ကေအဲန်ယူ တပ်ရင်း ၁၀၃ တပ်စခန်းအား လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ မော့ထိုလေး ရွာသား နှစ်ဦး သေဆုံး၍ သုံးဦး ဒဏ်ရာရရှိခဲ့သည်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။