|
ဘုရားသုံးဆူတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
နွယ်လေး။
စက်တင်ဘာလ ၁၅ ရက် ၊၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ မြေစာရင်း ဦးစီးမှုးရုံး၌
ယမန်နေ့ည ၈ နာရီခန့်တွင် ဗုံးနှစ် လုံး ပေါက်ကွဲပြီး လူနှစ်ဦး ဒဏ်ရာရရှိသည်ဟု
ဘုရားသုံးဆူ ဒေသခံ များက ပြောသည်။
ဘုရားသုံးဆူမြို့ခံတစ်ဦးက “မြေစာရင်းဦးစီးမှုးရုံးကပ်ရက်
စစ်တပ်ရဲ့လုံခြုံရေးရုံး၊ လ၀က ဦးစီးမှုးရုံး၊ ဆ က်သွယ်ရေးရုံး၊ ဘဏ်တိုက်ရုံး
အဲဒါစဉ်းတော့ စဉ်းစားစရာပဲ ဒီလောက် လုံခြုံရေးကောင်းတဲ့ နေရာ ပေါ့။” ဟု
ပြောသည်။
မဲကသာမြို့တွင် လမ်းသစ်ဖောက်ရန်စီစဉ်နေပြီး မြေကွက်များချပေးရန်
မြေစာရင်းရုံးတာဝန်ရှိများက ယင်းဒေသ အနီးတ၀ိုက်ရှိ ကရင်တိုင်းရင်းသားများ
ဘိုးစဉ်ဘောင်ဆက်ပိုင် မြေကို အခမဲ့ သိမ်းယူသဖြင့် မြေအသိမ်းခံရသူ အများစုက
မကျေမနပ်ဖြစ်နေကြသည်ဟု ၎င်းက ဆက်ပြောသည်။
“တော်ရုံတန်ရုံ သူစိမ်းဝင်လို့ထွက်လို့မရတဲ့
နေရာမှာ ဗုံးကွဲတယ်ဆိုတော့။ သူတို့အချင်းချင်း မြေ ကွက်တွေ ရောင်းစားပြီး
အပေးအယူ မတည့်ပဲ လုပ်ကြတာလား။”
ယခု
မြို့တွင်းတွင် လုံခြုံရေးများ ပိုမိုတင်းကြပ်လာသည်ဟု ဒေသခံတဦးက ပြောသည်။
“ပိုက်ဆံလိုက်ကောက်တယ် ကင်းချဖို့၊
လမ်းဆုံမှာရော မြို့ထဲမှာရော ကင်းစောင့်ရတယ်။ အရင်က စောင့်တာရှိတယ်
ခုလိုဗုံးပေါက်တော့ ပိုဆိုးတာပေါ့။ မသင်္ကာတဲ့လူဆို ခေါ်စစ်တယ်။”
ဘုရားသုံးဆူ မြို့အထွက် ဗိုလ်အေ၀မ်းဂိတ်အနီးတွင်လည်း ယမန်နေ့နံနက် ဗုံးနှစ်လုံး
ပေါက်ကွဲခဲ့ရာ တစုံတရာ ထိခိုက် မှုမရှိခဲ့ပေ။
ဘုရားသုံးဆူမြို့တွင် ယခုရက်ပိုင်းအတွင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲသည့်ပြင်
ဘုရားသုံးဆူအနီး ချောင်းဆုံတွင် မြန် မာစစ်တပ်နှင့် KNU တပ်ဖွဲ့များ
တိုက်ပွဲဖြစ်ပွားမှုကြောင့် ယင်းအနီး တ၀ိုက် ရွာငယ်များမှ ရွာသားအချို့ ကြောက်
လန့်ပြီး ဘုရားသုံးဆူမြို့သို့ ထွက်ပြေးလာကြသဖြင့် မြို့သူ မြို့သားများ
စိုးရိမ်ကြောက်လန့်နေကြသည်။
ဘုရားသုံးမြို့နယ်အတွင်းတွင် အပစ်ရပ်အဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ၊
ဒီကေဘီအေနှင့် မြန်မာစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ကေအဲန်ယူ တပ်ဖွဲ့များ
ဝင်ထွက် သွားလာနေသည့် ဒေသဖြစ်သည်။
|