|
တပ်ခွဲမှူးအပါအ၀င်
DKBA
တပ်ဖွဲ့ဝင် (၁၀) ဦး
KNU
နှင့်လာရောက်ပူးပေါင်း
ဇော်ကြီး။
အောက်တိုဘာလ ၁၅ ရက်၊ ၂၀၀၉ ခုနှစ်။
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားတပ်မတော် (DKBA)
မှ တပ်ခွဲမှူးအပါအ၀င်
တပ်ဖွဲ့ဝင် (၁၀)
ဦးသည်
ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့်
လာရောက်
ပူးပေါင်းခဲ့သည်။
ယခုလ ၁၃ ရက်နေ့က
ကေအဲန်ယူနှင့် လာရောက်ပူးပေါင်းသူများသည်
DKBA
တပ်မဟာ
(၉၉၉)၊
တပ်ရင်း(၅)၊ တပ်ခွဲ ၄ မှဖြစ်ပြီး
KNU
လက်အောက်ခံ တပ်မဟာ ၅ ကို
တိုက်ခိုက်ရန်
မြန်မာစစ်အစိုးရ၏ အမိန့်ပေးစေခိုင်း
မှုကို
လက်မခံနိုင်သည့်အတွက်
KNU
ထံ
လာရောက်ပူးပေါင်းခြင်းဖြစ်သည်ဟု ထိုအဖွဲ့မှ
ဒုဗိုလ်စောညာက ပြော
သည်။
“နအဖက
ညွန်ကြားထားတဲ့အတိုင်း ကျနော်တို့
မလိုက်လျောနိုင်ဘူးဗျ။
နောက်ပြီးတော့
ကျနော်တို့ ကရင်
အချင်းချင်းဆိုတော့လည်း
မတိုက်ချင်ဘူး။”
DKBA
တပ်ဖွဲ့များအနေနှင့်
စားရေရိက္ခာလုံလောက်မှုမရှိခြင်း၊
တိုက်ပွဲတွင်ဒဏ်ရာရထားသူများအား
စောင့်ရှောက်
မှုမရှိခြင်း၊
စစ်အစိုးရတပ်မှ
ကရင်လူထုအပေါ် အဓမ္မလုပ်အားပေး စေခိုင်းမှုများအပေါ်
၎င်းတို့အနေနှင့် ကာကွယ်
မှုမပေးနိုင်ခြင်း
စသည့်အခက်အခဲများနှင့်
ကြုံတွေ့နေကြရသည်ဟု ၎င်းကဆက်ပြောသည်။
KNU
ထံလာရောက်ပူးပေါင်းသူများမှာ
ဗိုလ်ကြီးစောဆာဖော၊ ဒုဗိုလ်စောငြိမ်း၊
ဒုဗိုလ် ဆာ့ဟဲ၊
တပ်ကြပ်ကြီး အယ်
ထူး၊ တပ်ကြပ် စုဇူးနှင့်
တပ်သား ၅ ဦးတို့
ဖြစ်ပြီး
၎င်းတို့နှင့်အတူ လက်နက်မျိုးစုံ ၁၂ လက်၊ လမ်းလျှောက်
စကားပြောစက် ၂
လုံး၊
လက်ကိုင်ဖုန်းတစ်လုံး ပါဝင်သည်။
လက်နက်များမှာ
M-16
မောင်းပြန်ရိုင်ဖယ် ၅လက်၊ AK-47
၂လက်၊
AK
စက်လတ်
၁လက်၊
RPG-2
၁လက်၊
M-79
မော်တာ ၁လက်၊ ကာဘိုင် ၁လက်၊ 9.mm
ပစ္စတို ၁ လက်
တို့ဖြစ်သည်။
DKBA
တပ်ဖွဲ့ဝင်များ
လာရောက်ပူးပေါင်းမှုအပေါ် KNU
လက်အောက်ခံ
KNLA
တပ်မဟာ(၇)၊ တပ်ရင်း ၁၀၁
ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖေားဒိုက ၎င်း၏အမြင်ကို
ယခုလို သုံးသပ်သည်။
“သူတို့(ဒီကေဘီအေ)ရဲ့
လက်ရှိအနေအထားအရ ဒီလကုန်မှာသူတို့ဟာ နယ်ခြားစောင့်
တပ် ဖြစ်ရ
မယ်။
အဲဒီအချက်ကိုလက်မခံနိုင်ဘူး။နယ်ခြားစောင့်တပ်ဖြစ်သွားရင်
နအဖရဲ့ လစာကိုစားရမယ်။
နအဖ
တပ်ဖြစ်သွားမယ်။ ဒါကိုသူတို့က
လုံးဝလက်မခံနိုင်ဘူး။
နောက်တချက်က အခု ရက်ပိုင်းအတွင်းမှာပဲ
ကျနော်တို့တပ်မဟာ ၅ကို
ချေမှုန်းဖို့အတွက် နအဖတပ်က ဒီကေဘီအေ တပ်တွေကို
ခိုင်းတာကို သူတို့
ကမသွားနိုင်တော့
အဆက်အသွယ် လုပ်ပြီးတော့
ပြန်လာတာ ဖြစ်တယ်။”
ယခုနှစ် ဇွန်လဆန်းပိုင်း
DKBA
နှင့်
KNLA
တို့တိုက်ပွဲများဖြစ်ပွားပြီးနောက်
KNLA
တပ်မဟာ (၇)သို့ လာရောက်
ပူးပေါင်းသည့်
DKBA တပ်ဖွဲ့ဝင်
(၄၇)ဦးရှိပြီဟု ကေအဲန်ယူက ပြောသည်။
|