|
မြန်မာနိုင်ငံသားများ တင်ဆောင်လာသည့်ကားမှောက်
၈ ဦးသေ ၁၀ ဦး ဒဏ်ရာရ
ဇော်ကြီး။
ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၀၈ ခုနှစ်။
ယနေ့နံနက် ၆နာရီခန့်က
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် လာရောက်သည့် မြန်မာနိုင်ငံသားများကို
တင်ဆောင် လာသည့် ကားတစ်စီး
ကန်ချနဘူရီမြို့
အနီးတွင် တိမ်းမှောက်ရာ လူ ၈ ဦးသေပြီး ၁၀ ယောက်ကျော်
ဒဏ်ရာရရှိ
ခဲ့သည်။
မြန်မာနိုင်ငံ ဘုရားသုံးဆူမှ တရားမ၀င် မြန်မာအလုပ်သမားများအား အကြို
အပို့လုပ်သည့် ကားသည် စစ်ဆေး
ရေးဂိတ်တခုက
ရပ်ခိုင်းစဉ် မရပ်ဘဲ မောင်းပြေးစဉ် ထိုင်းနိုင်ငံ ကန်ချန ဘူရီမြို့နှင့်
ကီလိုမီတာ (၃၀) ခန့်အကွာ
တွင်
တိမ်းမှောက်သွားခြင်းဖြစ်သည်။
ကားမှောက်စဉ် သေဆုံး
ဒဏ်ရာရရှိမှုနှင့် ပတ်သက်၍
ကန်ချနဘူရီရှိ
ရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ယခုလို ပြော
သည်။
"အော်
ဒီကားကလူပို့လူကြိုကားလေ၊ ကားပေါ်မှာလူနှစ်ဆယ်ကျော်ကျော်လောက်ပါမယ် ထင်တယ်။ ဆိုတော့
သေသွားတာက ၈ ယောက်၊ အပြင်းအထန်ဒဏ်ရာရတာက ၁၀ ယောက် ကျော်ကျော်။ အားလုံးကန်ချနဘူရီ
ဆေးရုံတင်တယ်။ သတင်းကြားတာ နောက်ထပ် အသက်စိုးရိမ်ရတဲ့သူ တစ်
ယောက်
နှစ်ယောက်ရှိသေးတယ်။"
သေဆုံးသူများမှာ ကားမောင်းသူ ထိုင်းအမျိုးသားတဦးနှင့် မြန်မာပြည်သား ၇ ဦး
ဖြစ်သည်ဟု ၄င်းက ဆက်လက်
ပြောသည်။
ယခုအခါ
ဒဏ်ရာရသူများနှင့် သေဆုံးသူများကို ဆေးရုံသို့ ပို့ထားပြီး
လောလောဆယ် ၄င်းတို့အား ကူညီမည့် အဖွဲ့အစည်းများမရှိသေးဟု
ထားဝယ် လူငယ်အစည်းအရုံး (TYO) မှ
ကိုချစ်ဝေ က ပြောသည်။
"ခုလောလောဆယ်ကျနော်
အဖွဲ့စည်းတွေကိုဆက်သွယ်တာ ဘယ်အဖွဲ့စည်းမှ လောလောဆယ် ကူညီ
ပေးမှုမရှိသေးဘူးဗျ။
ကျနော်ကိုယ်တိုင်သွားမယ်ဆိုလည်း ကျနော့မှာ သွားလာရ တာ အခက်ခဲရှိတယ်
ဗျ။ မှတ်ပုံတင်ကိစ္စက
ခက်နေတယ်။ သွားလာလို့ရမယ့်
သူတွေကို ကျနော်ကအကြောင်းကြားတာပေါ့ ဒီလိုမျိုး။"
လွန်ခဲ့သည့်
ယခုနှစ် ဧပြီလအတွင်းတွင်လည်း
တရားမ၀င် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများကို
အအေး
ခန်းကားဖြင့်
သယ်ယူလာစဉ် လေမွန်းကျပ်သဖြင့် (၅၄) ဦး သေဆုံးခဲ့ရသည်။
အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိသဖြင့် သန်းနှင့်ချီသော
မြန်မာပြည်သားများသည် ထိုင်းနိုင်ငံတွင်
လာ ရောက် အလုပ်လုပ်ကိုင်နေကြကာ
တရားမ၀င်ခိုးသွင်းလာစဉ် မတော်တဆ ထိခိုက်မှုများကြောင့် မကြာခဏ သေဆုံးနေရပြီး
၂၀၀၇ခုနှစ်မှ ယခုအချိန်ထိ အနည်းဆုံး ၉၂ယောက် သေဆုံးခဲ့ရသည်ဟု တီအဲန်အေခေါ်
ထိုင်း
သတင်းဌာနက
ဖော်ပြသည်။
|